မန်စီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မာရီယာနိုမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မာရီယာနိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့လို့ သူဟာ နောက်တစ်ပတ် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ စပိန်လာလီဂါ အမှတ်ပေးဖလား ရရှိပြီးနောက် အားလပ်ရက် အပန်းဖြေစခန်းထွက်ခဲ့ပြီးနောက် ပြန်လာချိန်မှာ စစ်ဆေးခဲ့ရာ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အသင်းက “မနေ့က ကျွန်တော်တို့ ပထမအသင်း တစ်သင်းစလုံးက တစ်ယောက်စီတိုင်းကို အသင်းက ဆေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာ မာရီယာနိုမှာ ရောဂါပိုး တွေ့ရှိခဲ့ရပါတယ်။ ကစားသမားက အခုတော့ ကျန်းမာရေးကောင်းနေပြီး အိမ်မှာပဲ နေရတော့မှာပါ” လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စပိန်လာလီဂါ ဘီလူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို သြဂုတ်လ (၇) ရက်နေ့မှာ အီတီဟတ်ကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။မာရီယာနိုကတော့ (၂) ပတ်ကြာ ကွာရာတင်းဝင်ရောက်ရမှာဖြစ်လို့ ပရီးမီးယားလိဂ်အသင်းနဲ့ ကစားမယ့်ပွဲကို လွဲချော်ရတော့မှာပါ။

မန္စီးတီးနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ ပြဲမတိုင္မီ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မွဴး မာရီယာႏိုမွာ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိ

ရီးရဲလ္မက္ဒရစ္ တုိက္စစ္မွဴး မာရီယာႏိုမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးေတြ႕ရွိခဲ့လို႔ သူဟာ ေနာက္တစ္ပတ္ မန္စီးတီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ ပြဲကို လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ စပိန္လာလီဂါ အမွတ္ေပးဖလား ရရွိျပီးေနာက္ အားလပ္ရက္ အပန္းေျဖစခန္းထြက္ခဲ့ျပီးေနာက္ ျပန္လာခ်ိန္မွာ စစ္ေဆးခဲ့ရာ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အသင္းက “မေန႔က ကၽြန္ေတာ္တို႔ ပထမအသင္း တစ္သင္းစလံုးက တစ္ေယာက္စီတိုင္းကို အသင္းက ေဆးအဖြဲ႔က ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးခဲ့ရာ မာရီယာႏိုမွာ ေရာဂါပိုး ေတြ႕ရွိခဲ့ရပါတယ္။ ကစားသမားက အခုေတာ့ က်န္းမာေရးေကာင္းေနျပီး အိမ္မွာပဲ ေနရေတာ့မွာပါ” လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

စပိန္လာလီဂါ ဘီလူးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ကို ၾသဂုတ္လ (၇) ရက္ေန႔မွာ အီတီဟတ္ကြင္းမွာ သြားကစားရမွာ ျဖစ္ပါတယ္။မာရီယာႏိုကေတာ့ (၂) ပတ္ၾကာ ကြာရာတင္း၀င္ေရာက္ရမွာျဖစ္လို႔ ပရီးမီးယားလိဂ္အသင္းနဲ႔ ကစားမယ့္ပြဲကို လြဲေခ်ာ္ရေတာ့မွာပါ။