မနက် ၃နာရီခွဲကြီး ဖုန်းဆက်တဲ့ ကလော့ပ်ကို ခွင့်လွှတ်ကြောင်း ပြောခဲ့တဲ့ ယူနိုက်တက်နည်းပြကြီး ဖာဂူဆန်

ယူနိုက်တက်အသင်းဂန္တဝင်နည်းပြကြီး ဖာဂူဆန်က လိဂ်မန်နေဂျာဆုကို ရရှိပြီးတဲ့နောက် လီဗာပူးနည်းပြကလော့ပ်အနေနဲ့ မနက် ၃နာရီခွဲမှာ ဖုန်းဆက်ပြီး ပြောခဲ့တဲ့ပေမယ့် ဒီအကြောင်းအရာအတွက် ကလော့ပ်ကိုခွင့်လွှတ်ကြောင်းပြောခဲ့ပါတယ်။ အသက် ၇၈ နှစ်ပြီဖြစ်တဲ့ ဖာဂူဆန်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးဖြစ်ခဲ့တာကို ဂုဏ်ပြုစကားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဖာဂူဆန်က “ နှစ် ၃၀ ကြာပြီးနောက် ကလော့ပ်ဟာ လီဗာပူးကို အမှတ်ပေးချန်ပီယံဖြစ်အောင်လုပ်နိုင်ခဲ့သလို အသင်းကြီး တစ်သင်းဖြစ်အောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ကလော့ပ်ဟာ တကယ်ကို အံသြစရာကောင်းတဲ့လူတစ်ယောက်ပါ။လက်ရှိ လီဗာပူးရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးတွေဟာ ကလော့ပ်ရဲ့စွမ်းဆောင်ရည်တွေပါပဲ။ မနက် ၃နာရီခွဲမှာ သူဖုန်းဆက်ခဲ့ တယ်ဆိုပေမယ့် သူကို ခွင့်လွှတ်ပေးနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ပ်က “ ဖာဂူဆန်နဲ့ မနက်စာစားဖို့အတွက် ဖုန်းဆက်ခဲ့တာပါ။ ဖာဂူဆန်ဟာ ပုပ်ရဟန်းမင်းကြီးလိုမျိုး ကြီးကျယ်တဲ့သူတစ်ဦးပါ။ ပြီးတော့ ဖာဂူဆန်ဟာ ကျွန်တော်တွေ့ခဲ့တဲ့ ပထမဆုံးဗြိတိန်နည်းပြတစ်ယောက်ပါ။ ကျွန်တော် တို့ မနက်စာအတူစားခဲ့ဖူးပါတယ်။ဒါကို သူအနေနဲ့ မှတ်မိမလားဆိုတာကတော့ ကျွန်တော်သေချာမသိဘူးဆိုပေမယ့် ကျွန် တော်ကတော့ ဒါကိုသေချာမှတ်မိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

လီဗာပူးဟာ ပြိုင်ပွဲပြီးဆုံးဖို့ ၇ပွဲအလိုကတည်းက အမှတ်ပေးချန်ပီယံဆုကို ရခဲ့တာဖြစ်ပြီး ရာသီကုန်မှာ ရမှတ် ၉၉ မှတ်ရခဲ့ တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအမှတ်အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ၂၀၁၇-၁၈ ဘောလုံးရာသီမှာ မန်စီးတီးက ရမှတ် ၁၀၀ နဲ့ အမှတ်အများဆုံးချန်ပီယံအဖြစ် မှတ် တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။

zawgyi version

မနက္ ၃နာရီခြဲႀကီး ဖုန္းဆက္တဲ့ ကေလာ့ပ္ကို ခြင့္လႊတ္ေၾကာင္း ေျပာခဲ့တဲ့ ယူႏိုက္တက္နည္းျပႀကီး ဖာဂူဆန္

ယူႏိုက္တက္အသင္းဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္က လိဂ္မန္ေနဂ်ာဆုကို ရရွိၿပီးတဲ့ေနာက္ လီဗာပူးနည္းျပကေလာ့ပ္အေနနဲ႔ မနက္ ၃နာရီခြဲမွာ ဖုန္းဆက္ၿပီး ေျပာခဲ့တဲ့ေပမယ့္ ဒီအေၾကာင္းအရာအတြက္ ကေလာ့ပ္ကိုခြင့္လႊတ္ေၾကာင္းေျပာခဲ့ပါတယ္။ အသက္ ၇၈ ႏွစ္ၿပီျဖစ္တဲ့ ဖာဂူဆန္အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ လီဗာပူးျဖစ္ခဲ့တာကို ဂုဏ္ျပဳစကားေျပာဆိုခဲ့တာ လည္း ျဖစ္ပါတယ္။

ဖာဂူဆန္က “ ႏွစ္ ၃၀ ၾကာၿပီးေနာက္ ကေလာ့ပ္ဟာ လီဗာပူးကို အမွတ္ေပးခ်န္ပီယံျဖစ္ေအာင္လုပ္ႏိုင္ခဲ့သလို အသင္းႀကီး တစ္သင္းျဖစ္ေအာင္လည္း လုပ္ႏိုင္ခဲ့ပါတယ္။ကေလာ့ပ္ဟာ တကယ္ကို အံၾသစရာေကာင္းတဲ့လူတစ္ေယာက္ပါ။လက္ရွိ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္အေကာင္းဆံုးေတြဟာ ကေလာ့ပ္ရဲ႕စြမ္းေဆာင္ရည္ေတြပါပဲ။ မနက္ ၃နာရီခြဲမွာ သူဖုန္းဆက္ခဲ့ တယ္ဆိုေပမယ့္ သူကို ခြင့္လႊတ္ေပးႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္က “ ဖာဂူဆန္နဲ႔ မနက္စာစားဖို႔အတြက္ ဖုန္းဆက္ခဲ့တာပါ။ ဖာဂူဆန္ဟာ ပုပ္ရဟန္းမင္းႀကီးလိုမ်ိဳး ႀကီးက်ယ္တဲ့သူတစ္ဦးပါ။ ၿပီးေတာ့ ဖာဂူဆန္ဟာ ကြ်န္ေတာ္ေတြ႕ခဲ့တဲ့ ပထမဆံုးၿဗိတိန္နည္းျပတစ္ေယာက္ပါ။ ကြ်န္ေတာ္ တို႔ မနက္စာအတူစားခဲ့ဖူးပါတယ္။ဒါကို သူအေနနဲ႔ မွတ္မိမလားဆိုတာကေတာ့ ကြ်န္ေတာ္ေသခ်ာမသိဘူးဆိုေပမယ့္ ကြ်န္ ေတာ္ကေတာ့ ဒါကိုေသခ်ာမွတ္မိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

လီဗာပူးဟာ ၿပိဳင္ပြဲၿပီးဆံုးဖို႔ ၇ပြဲအလိုကတည္းက အမွတ္ေပးခ်န္ပီယံဆုကို ရခဲ့တာျဖစ္ၿပီး ရာသီကုန္မွာ ရမွတ္ ၉၉ မွတ္ရခဲ့ တာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယအမွတ္အမ်ားဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံဆုကို ၂၀၁၇-၁၈ ေဘာလံုးရာသီမွာ မန္စီးတီးက ရမွတ္ ၁၀၀ နဲ႔ အမွတ္အမ်ားဆံုးခ်န္ပီယံအျဖစ္ မွတ္ တမ္းတင္ထားတာပဲ ျဖစ္ပါတယ္။