စပါးနောက်ခံလူအော်ရီယာရဲ့ညီဖြစ်သူကိုသေနတ်နဲ့ပစ်သတ်ခဲ့သူရဲတွေဆီကိုယ်တိုင်လာပြီးအဖမ်းခံ

စပါးနောက်ခံလူ အော်ရီယာရဲ့ ညီဖြစ်သူ ခရစ္စတိုဖာအော်ရီယာကို သတ်ခဲ့တဲ့ သံသယရှိသူ ကိုယ်တိုင် ပြင်သစ်ရဲတပ်ဖွဲ့ဆီမှာ လာပြီးအဖမ်းခံခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၆ နှစ်အရွယ် ခရစ္စတိုဖာအော်ရီယာဟာ တနလာၤနေ့ မနက်အစောပိုင်းတုန်းက တူးလောက်စ်က နိုက်ကလပ်တစ်ခု အပြင်ဘက်မှာ သေနတ်နဲ့ ပစ်ခံထားရတာဖြစ်ပြီး ဆေးရုံမှာ သေဆုံးခဲ့သူဖြစ်ပါတယ်။

သူ့ကို ပစ်သတ်ခဲ့သူဟာ အဆိုပါအချိန်တုန်းက ထွက်ပြေးခဲ့တာဖြစ်ပြီး ပြင်သစ်သတင်းစာ L’Equipe က အဆိုအရ ပြစ်မှု ကျူးလွန်ခဲ့သူဟာ အင်္ဂါနေ့ ညနေပိုင်းက တူးလောက်စ် ရဲတပ်ဖွဲ့တွေဆီကို အပြစ်ဒဏ်ကျူးလွန်ပြီး (၄၈) နာရီမကြာမှာပင် ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

သူဟာ ဒေသစံတော်ချိန် (၆) နာရီလောက်မှာ အင်္ဂါနေ့ညမှာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်ခြင်းခံရတဲ့ နေရာအနီးအနားတစ်ဝိုက်က ဒေသခံပြည်သူတွေက နိုက်ကလပ်အပြင်ဘက်မှာ လူတစ်ယောက် ဒဏ်ရာနဲ့ လဲကျနေတာကို တွေ့ရှိပြီး ရဲများထံ အကြောင်းကြားခဲ့တာပါ။ ရဲတွေကတော့ အော်ရီယာ ရဲ့ ခန္ဓာကိုယ်ကို အစာအိမ်တစ်ဝိုက်မှာ ဒဏ်ရာ နဲ့ လဲနေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ တစ်ခု ဖြစ်တဲ့ La Depeche က အဆိုအရ ဒီဖြစ်ရပ်ဟာ အချစ်ကိစ္စ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ခရစ္စတိုဖာဟာ ပြင်သစ်လိဂ် ၅ တူးလောက်စ်ရိုဒီယို မှာ ကစားနေတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်တုန်းက ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ့်နဲ့ သတင်းထွက်ခဲ့ပေမယ့် ခေါ်ယူခဲ့ခြင်းမရှိပါဘူး။ စပါးနောက်ခံလူ အော်ရီယာလိုပဲ သူဟာ RC Lens အသင်းက ဖြစ်ပေမယ့်လည်း အမြင့်မားဆုံး အရည်အချင်းကို မရောက်ရှိခဲ့သူဖြစ်ပါတယ်။

ခရစ္စတိုဖာဟာလည်း ၂၀၁၇ ခုနှစ်တုန်းက ပြင်သစ်မြောက်ဘက်ပိုင်း လိုင်လီမှာ ပြည့်တန်ဆာတစ်ယောက်ကို တိုက်ခိုက်မှုကြောင့် အဖမ်းခံခြင်းခံရဖူးပါတယ်။ စပါးနောက်ခံလူ အော်ရီယာလည်း သူ့ညီဖြစ်သူအတွက် သာရေးနာရေး ကိစ္စ အတွက် ပြင်သစ်ကို ပြန်ရန် စပါးအသင်းထံ ခွင့်ယူခဲ့တာဖြစ်ပါတယ်။