အိန်ဂျယ်ဂိုးမက်စ် ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

လမ်းပတ်က ယူနိုက်တက်ကစားသမား အိန်ဂျယ်ဂိုးမက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးအသင်းဆီ ခေါ်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ထပ်မံ ချုပ်ဆိုရန် သဘောတူညီမှု မရရှိခဲ့တာ ဖြစ်လို့ ဒီနေ့မှာပဲ အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားပါပြီ။

တနလာၤနေ့က သတင်းများအရ ချဲလ်ဆီးအသင်းက အိန်ဂျယ်ဂိုးမက်စ်ကို ခေါ်ယူမယ်လို့ ဖော်ပြခဲ့ပေမယ့် နည်းပြလမ်းပတ်ကတော့ ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်အဲ့လို သတင်းမကြားပါဘူး။ ဘာမှကို မကြားတာပါ။ အဲ့သတင်းတွေက မမှန်ပါဘူး” လို့ လမ်းပတ် ပြောသွားခဲ့ပါတယ်။ ဂိုးမက်စ်ဟာ ယူနိုက်တက်အသင်းက တစ်ပတ် ပေါင် ၂သောင်းခွဲနဲ့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့တာလို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားသွားပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဂိုးမက်စ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တနလာၤနေ့မနက်က ဂိုးမက်စ် အသင်းက ထွက်ခွာမှာလားလို့ မေးမြန်းခဲ့ရာ “အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ အခုအချိန်အထိ သဘောတူညီမှု မရရှိသေးပါဘူး” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

အိန်ဂျယ်ဂိုးမက်စ်ဟာ ယူနိုက်တက်အသင်းအတွက် အသက် ၁၆ နှစ် ၂၀၁၇ ခုနှစ်တုန်းက ပထမဆုံးပွဲထွက်ခွင့်ရခဲ့သြူဖစ်ပါတယ်။ သို့သော်လည်း သူဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး စုစုပေါင်း (၁၀) ပွဲသာ ပွဲကစားခွင့်ရထားပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း ဂိုးမက်စ်ကို စိတ်ဝင်စားနေတဲ့အသင်းထဲက တစ်သင်းဖြစ်ပါတယ်။

 

အိန္ဂ်ယ္ဂိုးမက္စ္ ကိုအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားတဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

လမ္းပတ္က ယူႏိုက္တက္ကစားသမား အိန္ဂ်ယ္ဂုိးမက္စ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ခ်ဲလ္ဆီးအသင္းဆီ ေခၚမယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္သြားခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သစ္ထပ္မံ ခ်ဳပ္ဆိုရန္ သေဘာတူညီမႈ မရရွိခဲ့တာ ျဖစ္လို႔ ဒီေန႔မွာပဲ အသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာသြားပါျပီ။

တနလာၤေန႔က သတင္းမ်ားအရ ခ်ဲလ္ဆီးအသင္းက အိန္ဂ်ယ္ဂိုးမက္စ္ကို ေခၚယူမယ္လို႔ ေဖာ္ျပခဲ့ေပမယ့္ နည္းျပလမ္းပတ္ကေတာ့ ျငင္းဆန္သြားခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္အဲ့လို သတင္းမၾကားပါဘူး။ ဘာမွကို မၾကားတာပါ။ အဲ့သတင္းေတြက မမွန္ပါဘူး” လို႔ လမ္းပတ္ ေျပာသြားခဲ့ပါတယ္။ ဂိုးမက္စ္ဟာ ယူႏိုက္တက္အသင္းက တစ္ပတ္ ေပါင္ ၂ေသာင္းခြဲနဲ႔ ကမ္းလွမ္းတာကို ျငင္းပယ္ခဲ့တာလို႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ျပီးခဲ့တဲ့အပတ္တုန္းက ဂိုးမက္စ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ တနလာၤေန႔မနက္က ဂိုးမက္စ္ အသင္းက ထြက္ခြာမွာလားလို႔ ေမးျမန္းခဲ့ရာ “အရိုးသားဆံုးေျပာရရင္ ကၽြန္ေတာ္တို႔ အခုအခ်ိန္အထိ သေဘာတူညီမႈ မရရိွေသးပါဘူး” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။

အိန္ဂ်ယ္ဂိုးမက္စ္ဟာ ယူႏိုက္တက္အသင္းအတြက္ အသက္ ၁၆ ႏွစ္ ၂၀၁၇ ခုႏွစ္တုန္းက ပထမဆံုးပြဲထြက္ခြင့္ရခဲ့သျူဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ပါ၀င္ခြင့္ရဖို႔ ရုန္းကန္ေနရျပီး စုစုေပါင္း (၁၀) ပြဲသာ ပြဲကစားခြင့္ရထားပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကလည္း ဂိုးမက္စ္ကို စိတ္၀င္စားေနတဲ့အသင္းထဲက တစ္သင္းျဖစ္ပါတယ္။