Six-pack အလွင့်ကြီးနဲ့ အလန်းစား ဘော်ဒီကို ပြသသွားတဲ့ အသက် ၃၃ နှစ်အရွယ် ယူနိုက်တက်ကစားသမားဟောင်း နာနီ

အသက် ၃၃ နှစ်အရွယ် အော်လန်ဒိုစီးတီးကြယ်ပွင့်နာနီဟာ ထုထည်ကျစ်လစ်တဲ့ အထင်ကြီးလောက်စရာ ခန္ဓာကိုယ်ပြောင်းလဲသွားပုံကို ပြသသွားခဲ့ပါတယ်။ မေဂျာလိဂ်ပြိုင်ပွဲတွေပြန်လာတော့မှာဖြစ်လို့ ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ အစာစားတာကို စည်းကမ်းတင်းကျပ်ခဲ့ပြီး ပရိသတ်တွေ အံ့အားသင့်သွားစေတဲ့ ဓာတ်ပုံကို တနလာၤနေ့က အင်စတာဂရမ်မှာ တင်သွားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီတောင်ပံကစားသမားဟာ ဘောင်းဘီအတို နဲ့ ပြုံးထားပြီး သူ့ရဲ့ အမြှောင်းလိုက် အထင်းသားပေါ်နေတဲ့ six-pack ကြီးကို ပြသသွားပါတယ်။ သူ့ရဲ့ လေ့ကျင့်ရေးလုပ်ထားပုံက ပရိသတ်တွေကို အံ့အားမင်သက်သွားစေလောက်တာဖြစ်ပါတယ်။ နာနီဟာ သူ့ကစားသမားဘဝတစ်လျှောက်လုံးမှာလည်း စပို့တင်းလစ္စဘွန်း၊ ဗလင်စီယာ နဲ့ လာဇီယို အသင်းတို့မှာလည်း အကောင်းဆုံး ခန္ဓာကိုယ်ကို အမြဲတမ်းထိန်းသိမ်းခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် အခုလို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပုံကတော့ ပရိတ်တွေအတွက် အံအားသင့်စရာပါ။ အဆိုတော နယ်လ်ဆင်ဖရိုင်းတက်စ်ကဆိုရင် “ငါ့ကို အဲ့ဒီထဲက ဝမ်းဗိုက်ကြွက်သား နဲနဲလောက် ပေးပါလား” ဆိုပြီး ပြောသွားခဲ့ပါတယ်။နာနီဟာ နောက်တစ်ပတ် ဇူလိုင်လ (၉) ရက်နေ့မှာ အော်လန်ဒိုစီးတီးအသင်းနဲ့ မေဂျာလိဂ်ပြိုင်ပွဲပြန်လည်ကစားရမှာဖြစ်ပါတယ်။

Six-pack အလြင့္ၾကီးနဲ႔ အလန္းစား ေဘာ္ဒီကို ျပသသြားတဲ့ အသက္ ၃၃ ႏွစ္အရြယ္ ယူႏိုက္တက္ကစားသမားေဟာင္း နာနီ

အသက္ ၃၃ ႏွစ္အရြယ္ ေအာ္လန္ဒိုစီးတီးၾကယ္ပြင့္နာနီဟာ ထုထည္က်စ္လစ္တဲ့ အထင္ၾကီးေလာက္စရာ ခႏၶာကိုယ္ေျပာင္းလဲသြားပံုကို ျပသသြားခဲ့ပါတယ္။ ေမဂ်ာလိဂ္ျပိဳင္ပြဲေတြျပန္လာေတာ့မွာျဖစ္လို႔ ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဟာ အစာစားတာကို စည္းကမ္းတင္းက်ပ္ခဲ့ျပီး ပရိသတ္ေတြ အံ့အားသင့္သြားေစတဲ့ ဓာတ္ပံုကို တနလာၤေန႔က အင္စတာဂရမ္မွာ တင္သြားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီေတာင္ပံကစားသမားဟာ ေဘာင္းဘီအတို နဲ႔ ျပဳံးထားျပီး သူ႔ရဲ႕ အေျမွာင္းလိုက္ အထင္းသားေပၚေနတဲ့ six-pack ၾကီးကို ျပသသြားပါတယ္။ သူ႔ရဲ႕ ေလ့က်င့္ေရးလုပ္ထားပံုက ပရိသတ္ေတြကို အံ့အားမင္သက္သြားေစေလာက္တာျဖစ္ပါတယ္။ နာနီဟာ သူ႔ကစားသမားဘ၀တစ္ေလွ်ာက္လံုးမွာလည္း စပို႔တင္းလစၥဘြန္း၊ ဗလင္စီယာ နဲ႔ လာဇီယို အသင္းတို႔မွာလည္း အေကာင္းဆံုး ခႏၶာကိုယ္ကို အျမဲတမ္းထိန္းသိမ္းခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ အခုလို ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲသြားပံုကေတာ့ ပရိတ္ေတြအတြက္ အံအားသင့္စရာပါ။ အဆုိေတာ နယ္လ္ဆင္ဖရိုင္းတက္စ္ကဆိုရင္ “ငါ့ကို အဲ့ဒီထဲက ၀မ္းဗုိက္ၾကြက္သား နဲနဲေလာက္ ေပးပါလား” ဆိုျပီး ေျပာသြားခဲ့ပါတယ္။နာနီဟာ ေနာက္တစ္ပတ္ ဇူလိုင္လ (၉) ရက္ေန႔မွာ ေအာ္လန္ဒိုစီးတီးအသင္းနဲ႔ ေမဂ်ာလိဂ္ျပိဳင္ပြဲျပန္လည္ကစားရမွာျဖစ္ပါတယ္။