အဲဗာတန် နဲ့ သရေကျခဲ့တဲ့ပွဲက ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် လီဗာပူးလ် နောက်ခံလူ မာတစ်ပ်

လီဗာပူးလ်နောက်ခံလူ မာတစ်ပ်ဟာ အဲဗာတန်အသင်းနဲ့ ပွဲတုန်းက ရရှိခဲ့တဲ့ ခြေဖဝါးဒဏ်ရာကြောင့် ပရီးမီးယားလိဂ် လက်ကျန် (၇) ပွဲစလုံးကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂွတ်ဆင်ပတ်ခ်မှာ (ဝ-၀) သရေကျခဲ့တဲ့ ပွဲတုန်းက သူဟာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ် ခရစ္စတယ်ပဲလေ့စ် ကို (၄-ဝ) နဲ့ အနိုင်ရခဲ့ပွဲကတည်းက ပါဝင်ကစားနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။သူက အသင်းတရားဝင်ဝက်ဘ်ဆိုဒ်ကို “ဒီရာသီမှာတော့ ကျွန်တော့် ကွင်းထဲကို ပြန်လာနိုင်မှာမဟုတ်ပေမယ့် နောက်ရာသီမှာ အသင်းကို စောစောစီးစီးပိုပြီး ကူညီသွားမှာပါ” ပြောသွားခဲ့ပါတယ်။

လီဗာပူလ်းအသင်းဟာ ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးအသင်း မန်စီးတီးအသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့ပြီးနောက် ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ကြာသပတေးနေ့ည အီတီဟတ်ကွင်းမှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကို ပြင်ဆင်နေပါတယ်။

မာတစ်ပ် မပါဝင်နိုင်လို့ လီဗာပူးလ်အသင်းရဲ့ ဗဟိုနောက်ခံလူမှာ ဗန်ဒိုက်ချ် ကို လိုဗရန် ဒါမှမဟုတ် ဂိုးမက်ဇ် တို့ (၂) ယောက်ထဲက (၁) ယောက် နဲ့ တွဲကစားစေမှာဖြစ်ပါတယ်။ မာတစ်ပ်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် (၉) ပွဲပဲ ကစားထားနိုင်ပါတယ်။ ရာသီအစောပိုင်းတုန်းက သူဟာ ဒူးဒဏ်ရာကြောင့် (၃) လလောက် အနားယူခဲ့ရတာဖြစ်ပါတယ်။

 

အဲဗာတန္ နဲ႔ သေရက်ခဲ့တဲ့ပြဲက ဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူရေတာ့မယ့္ လီဗာပူးလ္ ေနာက္ခံလူ မာတစ္ပ္

လီဗာပူးလ္ေနာက္ခံလူ မာတစ္ပ္ဟာ အဲဗာတန္အသင္းနဲ႔ ပြဲတုန္းက ရရွိခဲ့တဲ့ ေျခဖ၀ါးဒဏ္ရာေၾကာင့္ ပရီးမီးယားလိဂ္ လက္က်န္ (၇) ပြဲစလံုးကို လြဲေခ်ာ္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဂြတ္ဆင္ပတ္ခ္မွာ (၀-၀) သေရက်ခဲ့တဲ့ ပြဲတုန္းက သူဟာ ဒဏ္ရာ ရရွိခဲ့တာျဖစ္ျပီး လီဗာပူးလ္ ခရစၥတယ္ပဲေလ့စ္ ကို (၄-၀) နဲ႔ အႏိုင္ရခဲ့ပြဲကတည္းက ပါ၀င္ကစားႏိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။သူက အသင္းတရား၀င္၀က္ဘ္ဆိုဒ္ကို “ဒီရာသီမွာေတာ့ ကၽြန္ေတာ့္ ကြင္းထဲကို ျပန္လာႏိုင္မွာမဟုတ္ေပမယ့္ ေနာက္ရာသီမွာ အသင္းကို ေစာေစာစီးစီးပိုျပီး ကူညီသြားမွာပါ” ေျပာသြားခဲ့ပါတယ္။

လီဗာပူလး္အသင္းဟာ ျပီးခဲ့တဲ့အပတ္က ခ်ဲလ္ဆီးအသင္း မန္စီးတီးအသင္းကို (၂-၁) နဲ႔ အႏိုင္ရခဲ့ျပီးေနာက္ ဒီႏွစ္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆြတ္ခူးသြားခဲ့ျပီျဖစ္ပါတယ္။ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ၾကာသပေတးေန႔ည အီတီဟတ္ကြင္းမွာ ကစားမယ့္ မန္စီးတီးအသင္းနဲ႔ ပြဲစဥ္ကို ျပင္ဆင္ေနပါတယ္။

မာတစ္ပ္ မပါ၀င္ႏိုင္လို႔ လီဗာပူးလ္အသင္းရဲ႕ ဗဟိုေနာက္ခံလူမွာ ဗန္ဒိုက္ခ်္ ကို လိုဗရန္ ဒါမွမဟုတ္ ဂိုးမက္ဇ္ တို႔ (၂) ေယာက္ထဲက (၁) ေယာက္ နဲ႔ တြဲကစားေစမွာျဖစ္ပါတယ္။ မာတစ္ပ္ဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ (၉) ပြဲပဲ ကစားထားႏိုင္ပါတယ္။ ရာသီအေစာပိုင္းတုန္းက သူဟာ ဒူးဒဏ္ရာေၾကာင့္ (၃) လေလာက္ အနားယူခဲ့ရတာျဖစ္ပါတယ္။