နောက်နှစ်အနည်းငယ်မှာ ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလားမရဘူးဆိုရင် အံ့အားသင့်ရမယ်လို့ ပြောဆိုလိုက်တဲ့ ပေါလ်မာဆင်

အာဆင်နယ်ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က နည်းပြလမ်းပတ်အင်တိုက်အားတိုက်ကိုင်တွယ်နေတဲ့ ချဲလ်ဆီအသင်းအနေနဲ့ နောက်နှစ်အနည်းငယ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို မရရှိဘူးဆိုရင် သူ့အနေနဲ့ စိတ်ထိခိုက်ရမယ်လို့ ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကိုဗစ်-၁၉ ကာလအလွန် ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်လာကတည်းက ကစားခဲ့တဲ့ (၃) ပွဲစလုံးကို အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ခိုင်မာနေပြီဖြစ်ပါတယ်။

အသင်းဟာ တီမိုဝါနာ နဲ့ ဇီယက်တို့ကိုလည်း ခေါ်ယူထားလို့ အနာဂတ်ဟာလည်း တောက်ပလို့နေပါတယ်။ စကိုင်းစပေါ့မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆင်က နောက်လာမယ့် ရာသီအတွင်းမှာ ချဲလ်ဆီးအသင်းရဲ့ ကွင်းအတွင်းအပြင်ဟာ အထင်ကြီးလောက်စရာဖြစ်လာမယ်လို့ ပြောသွားခဲ့ပါတယ်။ လမ်းပတ်ရဲ့ နောက်ဆုံးပွဲမှာလည်း မန်စီးတီးအသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့ပြီး အဆင့် (၅) နေရာက ယူနိုက်တက်အသင်းကို အမှတ်ပိုဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။

“မန်စီးတီးအသင်းကို အနိုင်ယူခဲ့တာက အထင်ကြီးစရာပါ။ ဘာကြောင့်လဲဆိုတော့ အားလုံးက အမှတ်ကွာဟမှု ကျဥ်းမြောင်းဖို့ကို စောင့်ကြည့်နေကြတာပါ။ ချဲလ်ဆီးအသင်းဟာ အခုအချိန်အရမ်းကောင်းမွန်နေပြီး ရာသီကုန်တဲ့အထိ ဒီအတိုင်းဆက်သွားမယ်ဆိုရင် အဆင့် (၄) အတွင်း မဝင်စရာမရှိပါဘူး” လို့ ပေါလ်မာဆင်က စကိုင်းစပေါ့ကို ပြောသွားခဲ့ပါတယ်။ ပေါလ်မာဆင်က ချဲလ်ဆီးအသင်းဟာ ဒီထက်ပိုပြီး တိုးတက်လာဖွယ်ရှိနေပြီး အသင်းရဲ့ ခံစစ်ပိုင်းကို ဒီထက်ပိုတောင့်တင်းအောင် လုပ်နိုင်ပါက ပိုကောင်းသွားမယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“သူကတော့ သူတို့ နောက်နှစ ်ချန်ပီယံမဖြစ်နိုင်ဘူးလို့ ထင်နေပေမယ့် ဒီထက်ပိုတိုးတက်မယ်ဆိုရင် သူတို့ ဟာ နောက် (၃) (၄) နှစ်အတွင်းမှာ ချန်ပီယံဖြစ်နိုင်ပါတယ်။ ကျွန်တော့်အထင် ချဲလ်ဆီးအသင်းဟာ ဘယ်နောက်ခံလူ နဲ့ ဗဟိုနောက်ခံလူ တစ်ယောက်လိုတယ်လို့ ထင်ပါတယ်။ နောက်နှစ်မှာ ပရီးမီးယားလိဂ်ဖလားမရရင်လည်း ကွာဟမှု ကြီးမားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” လို့ ပေါလ်မာဆင်က ထပ်ပြောသွားခဲ့ပါတယ်။

 

ေနာက္ႏွစ္အနည္းငယ္မွာ ခ်ဲလ္ဆီးအသင္း ပရီးမီးယားလိဂ္ဖလားမရဘူးဆိုရင္ အံ့အားသင့္ရမယ္လို႔ ေျပာဆိုလိုက္တဲ့ ေပါလ္မာဆင္

အာဆင္နယ္ကြင္းလယ္လူေဟာင္း ေပါလ္မာဆင္က နည္းျပလမ္းပတ္အင္တိုက္အားတိုက္ကိုင္တြယ္ေနတဲ့ ခ်ဲလ္ဆီအသင္းအေနန႔ဲ ေနာက္ႏွစ္အနည္းငယ္အတြင္းမွာ ပရီးမီးယားလိဂ္ဖလားကို မရရွိဘူးဆိုရင္ သူ႔အေနနဲ႔ စိတ္ထိခိုက္ရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ကိုဗစ္-၁၉ ကာလအလြန္ ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္စတင္လာကတည္းက ကစားခဲ့တဲ့ (၃) ပြဲစလံုးကို အႏိုင္ရခဲ့ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာအတြက္ ခုိင္မာေနျပီျဖစ္ပါတယ္။

အသင္းဟာ တီမို၀ါနာ နဲ႔ ဇီယက္တို႔ကိုလည္း ေခၚယူထားလို႔ အနာဂတ္ဟာလည္း ေတာက္ပလို႔ေနပါတယ္။ စကိုင္းစေပါ့မွာ ေဘာလံုးကၽြမ္းက်င္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ေပါလ္မာဆင္က ေနာက္လာမယ့္ ရာသီအတြင္းမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းအတြင္းအျပင္ဟာ အထင္ၾကီးေလာက္စရာျဖစ္လာမယ္လို႔ ေျပာသြားခဲ့ပါတယ္။ လမး္ပတ္ရဲ႕ ေနာက္ဆံုးပြဲမွာလည္း မန္စီးတီးအသင္းကို (၂-၁) နဲ႔ အႏိုင္ရခဲ့ျပီး အဆင့္ (၅) ေနရာက ယူႏိုက္တက္အသင္းကို အမွတ္ပိုျဖတ္ထားႏိုင္ျပီျဖစ္ပါတယ္။

“မန္စီးတီးအသင္းကို အႏိုင္ယူခဲ့တာက အထင္ၾကီးစရာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အားလံုးက အမွတ္ကြာဟမႈ က်ဥး္ေျမာင္းဖို႔ကို ေစာင့္ၾကည့္ေနၾကတာပါ။ ခ်ဲလ္ဆီးအသင္းဟာ အခုအခ်ိန္အရမ္းေကာင္းမြန္ေနျပီး ရာသီကုန္တဲ့အထိ ဒီအတိုင္းဆက္သြားမယ္ဆိုရင္ အဆင့္ (၄) အတြင္း မ၀င္စရာမရွိပါဘူး” လို႔ ေပါလ္မာဆင္က စကိုင္းစေပါ့ကို ေျပာသြားခဲ့ပါတယ္။ ေပါလ္မာဆင္က ခ်ဲလ္ဆီးအသင္းဟာ ဒီထက္ပိုျပီး တုိးတက္လာဖြယ္ရွိေနျပီး အသင္းရဲ႕ ခံစစ္ပိုင္းကို ဒီထက္ပိုေတာင့္တင္းေအာင္ လုပ္ႏိုင္ပါက ပိုေကာင္းသြားမယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“သူကေတာ့ သူတို႔ ေနာက္ႏွစ ္ခ်န္ပီယံမျဖစ္ႏိုင္ဘူးလို႔ ထင္ေနေပမယ့္ ဒီထက္ပိုတိုးတက္မယ္ဆိုရင္ သူတို႔ ဟာ ေနာက္ (၃) (၄) ႏွစ္အတြင္းမွာ ခ်န္ပီယံျဖစ္ႏိုင္ပါတယ္။ ကၽြန္ေတာ့္အထင္ ခ်ဲလ္ဆီးအသင္းဟာ ဘယ္ေနာက္ခံလူ နဲ႔ ဗဟိုေနာက္ခံလူ တစ္ေယာက္လိုတယ္လို႔ ထင္ပါတယ္။ ေနာက္ႏွစ္မွာ ပရီးမီးယားလိဂ္ဖလားမရရင္လည္း ကြာဟမႈ ၾကီးမားမွာ မဟုတ္ဘူးလို႔ ထင္ပါတယ္” လို႔ ေပါလ္မာဆင္က ထပ္ေျပာသြားခဲ့ပါတယ္။