လူးကပ်စ်မော်ရာ ကို အသုံးချပြီး မီလစ်ခ် ကို ခေါ်ယူရန် စဉ်းစားနေတဲ့ စပါးအသင်း

စပါးအသင်းဟာ လူးကပ်စ်မော်ရာ ကို အသုံးချပြီး နာပိုလီတိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စပါးအသင်းဟာ ဘဏ္ဍာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေလို့ နောက်လာမယ့် အပြောင်းအရွှေ့မှာ ကြီးမားတဲ့ ခေါ်ယူမှု လုပ်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

သို့သော်လည်း အလွတ်ပြောင်းရွှေ့ကြေး နဲ့ အငှားခေါ်ယူမှုမျိုးကိုသာ လုပ်နိုင်မှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ ကစားသမားအလဲအထပ်လုပ်ဖို့ကိုလည်း ပြင်ဆင်နေပါတယ်။ မော်ရင်ဟိုကလည်း မီလစ်ခ်ကို ခေါ်ယူခွင့်ရပါက လူးကပ်စ်မော်ရာကို ပျော်ပျော်ကြီး အလိုက်ပေးသွားမယ်လို့ အီတလီက သတင်းများအရ သိရပါတယ်။

လူးကပ်စ်မော်ရာ ဟာ စပါးအသင်းကို ၂၀၁၈ ဇန်နဝါရီ တုန်းက ရောက်လာခဲ့သူဖြစ်ပေမယ့်လည်း အသင်းအတွက် (၂၃) ဂိုးသွင်းထားသူပေမယ့်လည်း ဘရာဇီးကစားသမားဟာ ဟယ်ရီကိန်းနေရာကို အစားထိုးဝင်ရောက် မကစားနိုင်ဘူးလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီနှစ် စီးရီးအေ နဲ့ ချန်ပီယံလိဂ်မှာ စုစုပေါင်း (၁၃) ဂိုးသွင်းထားတဲ့ အသက် ၂၆ နှစ်အရွယ် မီလစ်ခ်ကတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ နေရာမှာ ပိုပြီး အစားဝင်ရောက်ကစားနိုင်ဖွယ်ရှိနေပါတယ်။ သို့သော်လည်း နာပိုလီအသင်းကတော့ အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်ရှိတော့တဲ့ မီလစ်ခ်အတွက် ပေါင်သန်း ၅၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

 

လူးကပ္စ္ေမာ္ရာ ကို အသံုးခ်ျပီး မီလစ္ခ္ ကို ေခၚယူရန္ စဥ္းစားေနတဲ့ စပါးအသင္း

စပါးအသင္းဟာ လူးကပ္စ္ေမာ္ရာ ကို အသံုးခ်ျပီး နာပိုလီတုိက္စစ္မွဴး မီလစ္ခ္ကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ စပါးအသင္းဟာ ဘ႑ာေရး ထိခိုက္ဆံုးရႈံးမႈေတြ ရွိေနလို႔ ေနာက္လာမယ့္ အေျပာင္းအေရႊ႕မွာ ၾကီးမားတဲ့ ေခၚယူမႈ လုပ္ဖို႔ ခက္ခဲေနတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း အလြတ္ေျပာင္းေရႊ႕ေၾကး နဲ႔ အငွားေခၚယူမႈမ်ိဳးကိုသာ လုပ္ႏိုင္မွာျဖစ္ျပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ ကစားသမားအလဲအထပ္လုပ္ဖို႔ကိုလည္း ျပင္ဆင္ေနပါတယ္။ ေမာ္ရင္ဟိုကလည္း မီလစ္ခ္ကို ေခၚယူခြင့္ရပါက လူးကပ္စ္ေမာ္ရာကို ေပ်ာ္ေပ်ာ္ၾကီး အလိုက္ေပးသြားမယ္လို႔ အီတလီက သတင္းမ်ားအရ သိရပါတယ္။

လူးကပ္စ္ေမာ္ရာ ဟာ စပါးအသင္းကို ၂၀၁၈ ဇန္န၀ါရီ တုနး္က ေ၇ာက္လာခဲ့သူျဖစ္ေပမယ့္လည္း အသင္းအတြက္ (၂၃) ဂိုးသြငး္ထားသူေပမယ့္လည္း ဘရာဇီးကစားသမားဟာ ဟယ္ရီကိန္းေနရာကို အစားထိုး၀င္ေရာက္ မကစားႏိုင္ဘူးလို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။ ဒီႏွစ္ စီးရီးေအ နဲ႔ ခ်န္ပီယံလိဂ္မွာ စုစုေပါင္း (၁၃) ဂိုးသြင္းထားတဲ့ အသက္ ၂၆ ႏွစ္အရြယ္ မီလစ္ခ္ကေတာ့ အဂၤလန္လက္ေရြးစင္ကစားသမားရဲ႕ ေနရာမွာ ပိုျပီး အစား၀င္ေရာက္ကစားႏိုင္ဖြယ္ရွိေနပါတယ္။ သို႔ေသာ္လည္း နာပိုလီအသင္းကေတာ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ရွိေတာ့တဲ့ မီလစ္ခ္အတြက္ ေပါင္သန္း ၅၀ သတ္မွတ္ထားတာျဖစ္ပါတယ္။