ကိုရိုနာဗိုင်းရပ်စ် ဖြန့်နေတာလား လို့ လီဗာပူးပရိသတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ ဂျာဂင်ကလော့ပ်

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် အသင်းပရိသတ်တွေအနေနဲ့ လမ်းမတွေပေါ်မှာ လူစုလူဝေးပြုလုပ်ပြီး အောင်ပွဲခံနေ တာဟာ ကိုရိုနာဗိုင်းရပ်စ်ဗိုးကို ဖြန့်နေသလိုမျိုးဖြစ်နေတယ်လို့ လီဗာပူးနည်းပြကလော့ပ်က ပြောခဲ့ပါတယ်။လီဗာပူး ပရိ သတ်တွေရဲ့ အောင်ပွဲခံမှုဟာ အသင်းရဲ့အိမ်ကွင်းပွဲစဉ်တွေကစားချိန်အထိ ရှိနေတယ်လို့ သိရပါတယ်။လီဗာပူးပရိသတ် တွေအနေနဲ့ မီးရှုးမီးပန်းတွေ ဖောက်ပြီး အောင်ပွဲခံခဲ့တာကြောင့် လူ ၃၄ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလို အသင်းပရိသတ်တွေ လူစုလူဝေးပြုလုပ်ပြီး အောင်ပွဲခံမှုပြုလုပ်နေတာနဲ့ ပတ်သက်ပြီး လီဗာပူးနည်းပြကလော့ပ်က အခုလိုပဲရေးသားခဲ့ပါတယ်။ ကလော့ပ်က “ အသင်းကို ကျွန်တော်အနေနဲ့ ဘာလို့ မချစ်ရမှာလဲ။ အခုလိုပြောနေရတာက ကျွန်တော်လည်း လူသားတစ်ယောက်ပါ။ ပရိသတ်တွေ အောင်ပွဲခံနေသလိုမျိုး ကျွန်တော်တို့လည်း လုပ်ချင်တာပေါ့။ ဒါ ပေမယ့် အခုချိန်က လူစုလူဝေးမပြုလုပ်ဖို့ အရေးအကြီးဆုံးအချိန် ဖြစ်နေပါတယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က “ ပရိသတ်တွေအနေနဲ့ အောင်ပွဲခံတာတွေ ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် လုံခြုံတဲ့ကျန်းမာ ရေး နည်းလမ်းတွေကို အသုံးပြုပြီး အောင်ပွဲခံမှုပြုလုပ်ဖို့ လိုအပ်ပါတယ်။ကျွန်တော်တို့ အားလုံး ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ဖို့ လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်နေချိန်မှာ အသင်းပရိသတ်တွေအနေနဲ့ အကျိုးမရှိတာကို မလုပ် မိဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက်မှာ ဒီရာသီအတွင်း ရရှိနိုင်သေးတဲ့စံချိန်တွေကိုလည်း ရယူ သွားဖို့ရှိနေပါတယ်။ လက်ကျန်ပွဲစဉ်တွေမှာ လီဗာပူးအသင်းအနေနဲ့ ရမှတ် ၁၅ မှတ်ရယူနိုင်ခဲ့မယ်ဆိုရင် ၂၀၁၇-၁၈ ဘော လုံးရာသီက အမှတ် ၁၀၀နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။နောက်ထပ် ရရှိမယ့်စံချိန် တစ်ခုကတော့ လီဗာပူးအသင်းဟာ ဒီရာသီလိဂ်အိမ်ကွင်း ၁၆ ပွဲကစားပြီးချိန်မှာ ၁၆ ပွဲစလုံးအနိုင်ရထားတာကြောင့် လက် ကျန်အိမ်ကွင်း ၃ပွဲစလုံးကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် တစ်ရာသီအိမ်ကွင်းပွဲစဉ်တိုင်းကို အနိုင်ရတဲ့အသင်းအဖြစ် စံချိန် တင်နိုင်မှာလည်း ဖြစ်ပါတယ်။