မာရှယ်လ်၊ရက်ရှ်ဖို့ဒ် အတွဲက အင်ဒီကိုးလ်၊ ဒွိုင်ယောက်ခ်တို့လိုမျိုး ခံစစ်ကစားသမားတွေ ကြောက်နေရမယ်လို့ ပြောခဲ့တဲ့ ဒွိုင်ယောက်ခ်

ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဒွိုင်ယောက်ခ်က လက်ရှိအသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေတဲ့ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ် အတွဲက သူနဲ့ အင်ဒီကိုးလ်တွဲဖက်ကစားခဲ့စဉ်ကလို ပြိုင်ဘက်ခံစစ်ကစားသမားတွေ ကြောက်ရွံနေရမယ်လို့ ပြော ခဲ့ပါတယ်။ အင်ဒီကိုးလ်၊ဒွိုင်ယောက်ခ် အတွဲမှာ ယူနိုက်တက်အသင်းရဲ့ ၁၉၉၉ ဖလားသုံးလုံးရခဲ့တဲ့နှစ်က နှစ်ယောက်ပေါင်း သွင်းဂိုး ၅၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

 

လက်ရှိရာသီမှာတော့ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ မာရှယ်လ်က သွင်းဂိုး ၂၄ ဂိုးနဲ့ ရက်ရှ်ဖို့ဒ်က သွင်းဂိုး ၂၂ ဂိုး အထိသွင်းယူပေးထားပါတယ်။ရှက်ဖီးယူနိုက်တက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဒီကစားသမားနှစ်ယောက်က တိုက်စစ် မှာ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပြီး မာရှယ်လ်ဆိုရင် ၂၀၁၃ ခုနှစ်က ဗန်ပါစီ ဟက်ထရစ်ရပြီးနောက်ပိုင်း ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။

 

ဒွိုင်ယောက်ခ်က “ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ်ကြားမှာ နားလည်မှုတွေတိုးတက်လာပါပြီ။နည်းပြအနေနဲ့လည်း အသင်းရဲ့တိုက် စစ်ကို သူတို့နှစ်ယောက်ကဦးဆောင်မှာလို့ ပြောရမှာပါ။ရက်ရှ်ဖို့ဒ်က အရည်အချင်းရှိတဲ့ကစားသမားကောင်းတစ်ယောက် ပါ။သူက မာရှယ်လ်အတွက် ပြီးပြည့်စုံတဲ့တိုက်စစ်အတွဲဖြစ်လာမှာပါ။ ကျောနံပါတ် ၁၀ ဝတ်ဆင်ပြီးကစားရတဲ့သူမျိုး ရက်ရှ် ဖို့ဒ်က ကစားနိုင်ပါတယ်။ အင်ဒီကိုးလ်၊ဒွိုင်ယောက်ခ် အတွဲလိုမျိုး သူတို့တွေ လုပ်ဆောင်လာနိုင်မှာပါ” လို့ပြောခဲ့ပါတယ်။

 

ဆက်လက်ပြီး ဒွိုင်ယောက်ခ်က ကစားဖော်ဟောင်းဖြစ်ခဲ့တဲ့ နည်းပြဆိုးလ်ရှားကိုလည်း ချီးကျူးမှုပြုလုပ်ခဲ့ပြီး ဆိုးလ်ရှား အနေနဲ့ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ အတွဲအဖက်မိအောင်လုပ်ဆောင်နိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒွိုင်ယောက်ခ်က “ ဆိုးလ်ရှားအတွက် မန်နေဂျာတစ်ယောက်ရဲ့ အတွေ့အကြုံတွေအများကြီးလိုအပ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ကစား သမားကောင်းတစ်ဦးဖြစ်ခဲ့တာကြောင့် နိုင်ပွဲတစ်ပွဲရအောင် ဘယ်လိုတွေးရမလဲဆိုတာ သူသိပါတယ်” လို့ ပြောခဲ့ပါတယ်။