ယူနိုက်တက်အသင်းနဲ့ ရွိုှုင်ယန်ဂစ် ရခဲ့တဲ့ ဆုဖလား ၂၅ လုံးစံချိန်ကို ဖိုဒန် ကျော်ဖြတ်နိုင်မယ်လို့ နောက်ခံလူဟောင်း လက်စ်ကော့ ပြောဆို

မန်စီးတီးအသင်းနောက်ခံလူဟောင်း လက်စ်ကော့က အသင်းမှာကစားနေတဲ့ လူငယ်ကစားသမားဖိုဒန်အနေနဲ့ အသက် ၂၀ သာ ရှိသေးပြီး ဆုဖလား ၈ လုံးအထိ ရယူထားနိုင်တာကြောင့် ယူနိုက်တက်အသင်းဂန္တဝင်ကစားသမား ရွိုင်ယန်ဂစ်ရဲ့ ဆုဖလား ၂၅ လုံးကို ကျော်ဖြတ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းကို ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူ ဆန် ကိုင်တွယ်ခဲ့တုန်းက ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ကြိမ်နဲ့ အတူ ပြည်တွင်းဖလားတွေမှာ အောင်မြင်မှုရခဲ့ပြီး ရွိုင်ယန်ဂစ်ကလည်း အဓိက,ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

Processed with MOLDIV

ရွိုင်ယန်ဂစ်ဟာ အင်္ဂလန်မှာကစားခဲ့တဲ့ကစားသမားတွေထဲ ဆုဖလားရရှိမှု ၂၅ ကြိမ်အထိ အများဆုံးရရှိထားပါတယ်။ လက်စ်ကော့က မန်စီးတီးရုပ်သံကနေတဆင့် “ အသက် ၂၀ မှာ သူရရှိခဲ့တဲ့အောင်မြင်မှုတွေက မနည်းပါဘူး။ ပရီးမီး ယားလိဂ်ချန်ပီယံ၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတွေကို ရရှိထားပါတယ်။ အသင်းမှာ ဆက်နေမယ်ဆိုရင် သူအနေနဲ့ တစ်ရာသီကို ဖလား ၂လုံး၊၃လုံး လောက်ရယူနိုင်မှာပါ။ဒါကြောင့် ဖိုဒန်အနေနဲ့ ဂစ်ရဲ့စံချိန်ကို တစ်ချိန်မှာ ကျော်ဖြတ်သွား နိုင်မှာပါ” လို့ပြောခဲ့ပါတယ်။

ဖိုဒန်ဟာ လက်ရှိမန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရပေမယ့် ရာသီကုန်မှာ အနားယူမယ့် အသင်း ခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဝင်ရောက်ကစားနိုင်မယ့်သူအဖြစ် ထင်ကြေးပေးခံရသူလည်း ဖြစ်ပါ တယ်။ ဖိုဒန်ရဲ့လက်ရှိခြေစွမ်းကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာလည်း ပါဝင်ခွင့်ရမယ်လို့ လက်စ် ကော့က ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ခံလူဟောင်းတစ်ယောက်ဖြစ်တဲ့ မီကာရစ်ချတ်ကလည်း ဖိုဒန်ကို ချီးကျူးပြုလုပ်ခဲ့ပါတယ်။ မီကာရစ်ချတ်က ဘီဘီစီနဲ့တွေ့ဆုံခဲ့တဲ့ မေးမြန်းခန်းတစ်ခုမှာ “ လူတွေက ဖိုဒန်ကို ဒေးဗစ်ဆေးလ်ဗားနဲ့ ကစားပုံတူတယ် လို့ ပြောနေကြပါတယ်။ကျွန်တော်အထင်တော့ သူတို့နှစ်ယောက်ရဲ့ကစားဟန်က မတူပါဘူး။ ဖိုဒန်က ၁၁ ယောက်ကစား နေရတဲ့ပွဲကို ၅ ယောက်ကစားနေသလိုမျိုး ကစားနိုင်တဲ့သူပါ” လို့ ပြောခဲ့ပါတယ်။