ယူနိုက်တက် နဲ့ သဘောတူညီမှု ရသွားလို့ ရှက်ဖီးယူနိုက်တက်အသင်းမှာပဲ ရာသီကုန်အထိ ဆက်ရှိနေမယ့် ဟန်ဒါဆန်

ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိသွားပြီးနောက် ရှက်ဖီးယူနိုက်တက် နဲ့ ဟန်ဒါဆန်ရဲ့ အငှားစာချုပ်သက်တမ်းဟာ ရာသီကုန်တဲ့အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဇွန်လအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဟန်ဒါဆန်ရဲ့ စာချုပ်သက်တမ်းကြောင့် ရာသီမကုန်ခင်မှာ အိုးထရက်ဖိုဒ့်ကို ပြန်ရမယ့် အနေအထားကို ရောက်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးထားတဲ့ သူဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာပဲ ရာသီကုန်တဲ့အထိ ဆက်ရှိနေတော့မှာပါ။

အသက် ၂၃ နှစ်အရွယ်ကစားသမားကို နောက်ရာသီမှာ ယူနိုက်တက်အသင်းက ဂိုးသမား ဒီဂီယာနေရာမှာ အစားထိုးမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် သူ့စွမ်းဆောင်ရည်ဟာ ကိုဗစ်-၁၉ ကာလအလွန်ဘောလုံးပွဲတွေ ပြန်လည်စတင်လာကတည်းက ပုံစံကောင်းပျောက်ဆုံးနေတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်တုန်းက စီဘယ်လိုစ့်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးကို ကာကွယ်မှု မရှိခဲ့လို့ ဟန်ဒါဆန်ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သတ်ပြီး ဝေဖန်နေကြပါတယ်။သို့သော်လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဟန်ဒါဆန်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ် (၁) ဂိုးသမား ဖြစ်လာမယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန် ကို ဒီဂီယာနေရာမှာ အစားထိုးဖွယ်ရှိသလားလို့ မေးမြန်းရာမှာ ဆိုးလ်ရှားက “ဒါဟာ ရှက်ဖီးယူနိုက်တက် အသင်းမှာ ကစားနေသူ နဲ့ ယူနိုက်တက်မှာ ကစားနေသူ အကြောင်းမေးတာ နဲ့ တူနေပါတယ်။ မတူပါဘူး။ သူတို့ (၂) ယောက်ဟာ မတူညီတဲ့ အခန်းကဏ္ဍမှာ ကစားနေကြတာပါ။ ကျွန်တော့်အတွက်တော့ သူဟာ လွန်ခဲ့တဲ့ (၂) က အရမ်းတိုးတက်လာသူပါ။ သူဟာ ဒီထက်ပိုပြီး အများကြီးတွေ့ကြုံရဦးမှာပါ။ သူအနေနဲ့ အချိန်တိုင်း သင်ယူရဦးမှာပါ။ တစ်နေ့မှာတော့ သူဟာ အင်္ဂလန်ရဲ့ နံပါတ် (၁) နဲ့ ယူနိုက်တက် နံပါတ် (၁) ဂိုးသမားဖြစ်လာမှာပါ။ ဒါကလည်း သူ့တိုးတက်မှုအပေါ် မူတည်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ယူႏိုက္တက္ နဲ႔ သေဘာတူညီမႈ ရသြားလို႔ ရွက္ဖီးယူႏိုက္တက္အသင္းမွာပဲ ရာသီကုန္အထိ ဆက္ရွိေနမယ့္ ဟန္ဒါဆန္

ယူႏိုက္တက္အသင္းနဲ႔ သေဘာတူညီမႈ ရရွိသြားျပီးေနာက္ ရွက္ဖီးယူႏိုက္တက္ နဲ႔ ဟန္ဒါဆန္ရဲ႕ အငွားစာခ်ဳပ္သက္တမ္းဟာ ရာသီကုန္တဲ့အထိ ဆက္ရွိေနမွာျဖစ္ပါတယ္။ ဇြန္လအကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမယ့္ ဟန္ဒါဆန္ရဲ႕ စာခ်ဳပ္သက္တမ္းေၾကာင့္ ရာသီမကုန္ခင္မွာ အိုးထရက္ဖိုဒ့္ကို ျပန္ရမယ့္ အေနအထားကို ေရာက္ေနပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ႏွစ္ႏွစ္ကတည္းက အသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ေပးထားတဲ့ သူဟာ ရွက္ဖီးယူႏိုက္တက္အသင္းမွာပဲ ရာသီကုန္တဲ့အထိ ဆက္ရွိေနေတာ့မွာပါ။

အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ေနာက္ရာသီမွာ ယူႏိုက္တက္အသင္းက ဂိုးသမား ဒီဂီယာေနရာမွာ အစားထိုးမယ္ဆိုျပီး သတင္းေတြ ထြက္ေပၚေနေပမယ့္ သူ႔စြမ္းေဆာင္ရည္ဟာ ကိုဗစ္-၁၉ ကာလအလြန္ေဘာလံုးပြဲေတြ ျပန္လည္စတင္လာကတည္းက ပံုစံေကာင္းေပ်ာက္ဆံုးေနတာျဖစ္ပါတယ္။

တနဂၤေႏြေန႔က အာဆင္နယ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖုိင္နယ္တုန္းက စီဘယ္လိုစ့္ရဲ႕ နာက်င္အခ်ိန္ပို သြင္းဂိုးကို ကာကြယ္မႈ မရွိခဲ့လို႔ ဟန္ဒါဆန္ရဲ႕ စြမ္းေဆာင္ရည္ နဲ႔ ပတ္သတ္ျပီး ေ၀ဖန္ေနၾကပါတယ္။သို႔ေသာ္လည္း ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ဟန္ဒါဆန္ဟာ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမား ျဖစ္လာမယ္လို႔ ခန္႔မွန္းေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဟန္ဒါဆန္ ကို ဒီဂီယာေနရာမွာ အစားထိုးဖြယ္ရွိသလားလို႔ ေမးျမန္းရာမွာ ဆိုးလ္ရွားက “ဒါဟာ ရွက္ဖီးယူႏိုက္တက္ အသင္းမွာ ကစားေနသူ နဲ႔ ယူႏိုက္တက္မွာ ကစားေနသူ အေၾကာင္းေမးတာ နဲ႔ တူေနပါတယ္။ မတူပါဘူး။ သူတို႔ (၂) ေယာက္ဟာ မတူညီတဲ့ အခန္းက႑မွာ ကစားေနၾကတာပါ။ ကၽြန္ေတာ့္အတြက္ေတာ့ သူဟာ လြန္ခဲ့တဲ့ (၂) က အရမ္းတိုးတက္လာသူပါ။ သူဟာ ဒီထက္ပိုျပီး အမ်ားၾကီးေတြ႕ၾကံဳရဦးမွာပါ။ သူအေနနဲ႔ အခ်ိန္တိုင္း သင္ယူရဦးမွာပါ။ တစ္ေန႔မွာေတာ့ သူဟာ အဂၤလန္ရဲ႕ နံပါတ္ (၁) နဲ႔ ယူႏိုက္တက္ နံပါတ္ (၁) ဂိုးသမားျဖစ္လာမွာပါ။ ဒါကလည္း သူ႔တိုးတက္မႈအေပၚ မူတည္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။