ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား လူးကပ်စ်ဗက်ဇ်ကေး ကို ပေါင် ၁၅ သန်း နဲ့ ခေါ်ယူရန် ပြင်ဆင်နေတဲ့ စပါးအသင်း

စပါးအသင်းနည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား လူးကပ်စ်ဗက်ဇ်ကေး နဲ့ ပြန်လည်လက်တွဲရန် မျက်စိကျနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာလည်း ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟာ လက်ရှိမှာ ညာဘက်ခြေသလုံးဒဏ်ရာ ရရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဒီနွေရာသီမှာ အသင်းက ကစားသမားအချို့ကို ရောင်းချရန် ရည်ရွယ်နေပြီး Mundo Deportivo က အဆိုအရ သိရပါတယ်။ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တုန်းက လူးကပ်စ်ဗက်ဇ်ကေး နဲ့ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ဘာနေဗျူးမှာ အတူတူ လက်တွဲခဲ့သူဖြစ်ပြီး အသက် (၂၈) နှစ် အရွယ်ကစားသမားကို အရန်ကစားသမားအဖြစ်သာ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လူးကပ်စ်ဗက်ဇ်ကေး အတွက် ပေါင် ၂၂.၅ သန်းလောက်လိုချင်နေပေမယ့် စပါးအသင်းကတော့ ပေါင် ၁၅ သန်းလောက်ပဲ ပေးနိုင်ဖွယ်ရှိနေပါတယ်။ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ နောက်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရည်ရွယ်ထားပြီး လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၇) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ စပါးအသင်းဟာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ (၉) မှတ်အထိ ကွာဟနေပြီး ရာသီကုန်ဆုံးဖို့ (၇) ပွဲ ပဲ ကစားရန် ကျန်ရှိနေပါတယ်။

 



