အလက်ဆစ်ဆန်းချက်ဇ် ကို အငှားစာချုပ်သက်တမ်းတိုးရန် သဘောတူညီမရရှိသေးတဲ့ ယူနိုက်တက် နဲ့ အင်တာမီလန်

အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာက အသင်းဟာ အလက်ဆစ်ဆန်းချက်ဇ် နဲ့ ပတ်သတ်ပြီး ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု မရသေးဘူးလို့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ချီလီလက်ရွေးစင်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ (၁၈) လတာကာလအတွင်း ရုန်းကန်ခဲ့ရပြီး ဆန်စီရိုကို ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အငှားနဲ့ သွားရောက်ကစားနေသူဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ အင်တာမီလန်အသင်းအတွက် ဒီနှစ်ရာသီမှာလည်း ရုန်းကန်နေရဆဲဖြစ်ပေမယ့် အသင်းဟာ ရာသီကုန်တဲ့အထိ စာချုပ်သက်တမ်း တိုးချင်နေတာပါ။မာရော့တာက အသင်းဟာ ဗစ်တာမော့ဆက် နဲ့ ပတ်သတ်ပြ၊ီး ချဲလ်ဆီးအသင်းနဲ့ လည်း ဆွေးနွေးနေစဉ် ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု မရသေးလို့ စိတ်ရှုပ်နေတာဖြစ်ပါတယ်။

“အသင်းမှာ ဆက်ပြီးကစားဖို့ ကြိုးစားနေတာမှာ အဆင်မပြေတာတွေ ရှိလို့ ဖြေရှင်းရန် လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီး နဲ့ ယူနိုက်တက်အသင်းတို့ နဲ့ ဒီနေ့မှာ အငှားခေါ်ယူထားတဲ့ ကစားသမားတွေကို သက်တမ်းတို့ဖို့ ကျွန်တော်တို့ အခုထိ လုပ်နေရတုန်းပါ။ အခြေအနေတွေကတော့ မလှပပါဘူး။

ပါရီဆစ်အတွက်လည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်” လို့ သူက စကိုင်းစပေါ့ အီတလီကို ပြောသွားခဲ့ပါတယ်။ စပါးအသင်းဟာ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းမှာ (၄) နှစ်ခွဲကစားခဲ့တဲ့ ဆန်းချက်ဇ်ကို အံ့အားသင့်ဖွယ် ခေါ်ယူရန် ဆက်သွယ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အလက္ဆစ္ဆန္းခ်က္ဇ္ ကို အငွားစာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီမရရွိေသးတဲ့ ယူႏိုက္တက္ နဲ႔ အင္တာမီလန္

အင္တာမီလန္အသင္း အမႈေဆာင္ခ်ဳပ္ မာေရာ့တာက အသင္းဟာ အလက္ဆစ္ဆန္းခ်က္ဇ္ နဲ႔ ပတ္သတ္ျပီး ယူႏုိက္တက္အသင္းနဲ႔ သေဘာတူညီမႈ မရေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။ ခ်ီလီလက္ေရြးစင္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္အသင္းမွာ ကစားခဲ့တဲ့ (၁၈) လတာကာလအတြင္း ရုန္းကန္ခဲ့ရျပီး ဆန္စီရိုကို ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ အငွားနဲ႔ သြားေရာက္ကစားေနသူျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ အင္တာမီလန္အသင္းအတြက္ ဒီႏွစ္ရာသီမွာလည္း ရုနး္ကန္ေနရဆဲျဖစ္ေပမယ့္ အသင္းဟာ ရာသီကုန္တဲ့အထိ စာခ်ဳပ္သက္တမ္း တိုးခ်င္ေနတာပါ။မာေရာ့တာက အသင္းဟာ ဗစ္တာေမာ့ဆက္ နဲ႔ ပတ္သတ္ျပ၊ီး ခ်ဲလ္ဆီးအသင္းနဲ႔ လည္း ေဆြးေႏြးေနစဥ္ ယူႏိုက္တက္အသင္းနဲ႔ သေဘာတူညီမႈ မရေသးလို႔ စိတ္ရႈပ္ေနတာျဖစ္ပါတယ္။

“အသင္းမွာ ဆက္ျပီးကစားဖို႔ ၾကိဳးစားေနတာမွာ အဆင္မေျပတာေတြ ရွိလို႔ ေျဖရွင္းရန္ လိုအပ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ဲလ္ဆီး နဲ႔ ယူႏိုက္တက္အသင္းတို႔ နဲ႔ ဒီေန႔မွာ အငွားေခၚယူထားတဲ့ ကစားသမားေတြကို သက္တမ္းတို႔ဖို႔ ကၽြန္ေတာ္တို႔ အခုထိ လုပ္ေနရတုနး္ပါ။ အေျခအေနေတြကေတာ့ မလွပပါဘူး။

ပါရီဆစ္အတြက္လည္း ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ညိွႏိႈင္းေနရဆဲ ျဖစ္ပါတယ္” လို႔ သူက စကိုင္းစေပါ့ အီတလီကို ေျပာသြားခဲ့ပါတယ္။ စပါးအသင္းဟာ ေျမာက္လန္ဒန္ျပိဳင္ဘက္ အာဆင္နယ္အသင္းမွာ (၄) ႏွစ္ခြဲကစားခဲ့တဲ့ ဆန္းခ်က္ဇ္ကို အံ့အားသင့္ဖြယ္ ေခၚယူရန္ ဆက္သြယ္ေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။