စာချုပ်သစ် သဘောမတူညီသေးလို့ မနက်ဖြန်မှာ အသင်းက ထွက်ခွာတော့မယ့် ယူနိုက်တက် လူငယ်ကြယ်ပွင့် အိန်ဂျယ်ဂိုးမက်စ်

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အိန်ဂျယ်ဂိုးမက်စ် ဟာ စာချုပ်သစ် ချုပ်ဆိုရန် သဘောမတူညီခဲ့တဲ့နောက် အသင်းက ထွက်ခွာတော့မယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ် နဲ့ ချဲလ်ဆီးအသင်းတို့က ဆက်သွယ်နေတဲ့ အသက် ၁၉ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ အင်္ဂါနေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းက ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဟာ ပြီးခဲ့တဲ့အပတ်က ၂၀၁၇ ခုနှစ်လူငယ်အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ အိန်ဂျယ်ဂိုးမက်စ်အနေနဲ့ စာချုပ်သစ် ချုပ်ဆိုမယ်လို့ မျှော်လင့်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

ဒါပေမယ့် တနလာၤနေ့က လေ့ကျင့်ရေးကွင်းမှာ ဂိုးမက်စ် အသင်းက ထွက်ခွာမှာလားလို့ ဆိုးလ်ရှားကို မေးမြန်းခဲ့ရာက “အရိုးသားဆုံး ပြောရရင် မနေ့က ညနဲ့ ဒီမနက်အထိ သဘောတူညီတယ်ဆိုတဲ့ အသံမကြားရပါဘူး။ ကျွန်တော်ဘာသတင်းမှာ မကြားပါဘူး” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၁၁) ရက်တုန်းက ဆိုးလ်ရှားက ဂိုးမက်စ် နဲ့ စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စ မဝေးတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဆိုးလ်ရှားက “အိန်ဂျယ်ဟာ အရည်အချင်းရှိတဲ့ ကလေးပါ။ ကျွန်တော်တို့ သူ့ကို ကမ်းလှမ်းတာကို သူရယူမယ်လို့ မျှော်လင့်ပါတယ်။ တစ်ကယ်လို့ အသင်းက သူထွက်ခွာဖြစ်ခဲ့ရင်လည်း သူအကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်” လို့ ပြောခဲ့ပါတယ်။

အိန်ဂျယ်ဂိုးမက်စ်ဟာ ၂၀၁၇ ခုနှစ် အသက် ၁၆ နှစ်ကတည်းက အသင်းမှာ ပွဲထွက်ကစားခွင့်ရခဲ့သြူဖစ်ပါတယ်။ သို့သော်လည်း သူဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ စုစုပေါင်း (၁၀) ပွဲသာ ပွဲထွက်ကစားခွင့်ရထားပါတယ်။ အိန်ဂျယ်ဂိုးမက်စ်ဟာ အင်္ဂလန်အသက် (၂၀) အောက် လက်ရွေးစင်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပြီး ဆုဖလား ဆွတ်ခူးနိုင်အောင် ကူညီစွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

စာခ်ဳပ္သစ္ သေဘာမတူညီေသးလို႔ မနက္ျဖန္မွာ အသင္းက ထြက္ခြာေတာ့မယ့္ ယူႏိုက္တက္ လူငယ္ၾကယ္ပြင့္ အိန္ဂ်ယ္ဂိုးမက္စ္

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အိန္ဂ်ယ္ဂိုးမက္စ္ ဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ သေဘာမတူညီခဲ့တဲ့ေနာက္ အသင္းက ထြက္ခြာေတာ့မယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔က ဆက္သြယ္ေနတဲ့ အသက္ ၁၉ ႏွစ္အရြယ္ကြင္းလယ္ကစားသမားဟာ အဂၤါေန႔မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းက ထြက္ခြာေတာ့မွာ ျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပဟာ ျပီးခဲ့တဲ့အပတ္က ၂၀၁၇ ခုႏွစ္လူငယ္အေကာင္းဆံုးကစားသမားျဖစ္ခဲ့တဲ့ အိန္ဂ်ယ္ဂိုးမက္စ္အေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ္လို႔ ေမွ်ာ္လင့္ခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။

ဒါေပမယ့္ တနလာၤေန႔က ေလ့က်င့္ေရးကြင္းမွာ ဂိုးမက္စ္ အသင္းက ထြက္ခြာမွာလားလို႔ ဆိုးလ္ရွားကို ေမးျမန္းခဲ့ရာက “အရိုးသားဆံုး ေျပာရရင္ မေန႔က ညနဲ႔ ဒီမနက္အထိ သေဘာတူညီတယ္ဆိုတဲ့ အသံမၾကားရပါဘူး။ ကၽြန္ေတာ္ဘာသတင္းမွာ မၾကားပါဘူး” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ (၁၁) ရက္တုန္းက ဆိုးလ္ရွားက ဂိုးမက္စ္ နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ့္ ကိစၥ မေ၀းေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ဆိုးလ္ရွားက “အိန္ဂ်ယ္ဟာ အရည္အခ်င္းရွိတဲ့ ကေလးပါ။ ကၽြန္ေတာ္တို႔ သူ႔ကို ကမ္းလွမ္းတာကို သူရယူမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ တစ္ကယ္လို႔ အသင္းက သူထြက္ခြာျဖစ္ခဲ့ရင္လည္း သူအေကာင္းဆံုးျဖစ္ပါေစလို႔ ကၽြန္ေတာ္ဆုေတာင္းေပးပါတယ္” လို႔ ေျပာခဲ့ပါတယ္။

အိန္ဂ်ယ္ဂိုးမက္စ္ဟာ ၂၀၁၇ ခုႏွစ္ အသက္ ၁၆ ႏွစ္ကတည္းက အသင္းမွာ ပြဲထြက္ကစားခြင့္ရခဲ့သျူဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ပါ၀င္ခြင့္ရဖို႔ ရုန္းကန္ေနရျပီး ျပိဳင္ပြဲစံု စုစုေပါင္း (၁၀) ပြဲသာ ပြဲထြက္ကစားခြင့္ရထားပါတယ္။ အိန္ဂ်ယ္ဂိုးမက္စ္ဟာ အဂၤလန္အသက္ (၂၀) ေအာက္ လက္ေရြးစင္အသင္းမွာ ပါ၀င္ကစားေနသူျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက အသက္ ၁၇ ႏွစ္ေအာက္ ကမာၻ႕ဖလားတုနး္က အဂၤလန္အသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ ကစားခဲ့ျပီး ဆုဖလား ဆြတ္ခူးႏိုင္ေအာင္ ကူညီစြမ္းေဆာင္ေပးခဲ့သူလည္း ျဖစ္ပါတယ္။