အသင်းလူစာရင်း အင်အားတောင့်တင်းရန် နာပိုလီနောက်ခံလူ ကူလီဘလီကို လာမယ့်ရက်အတွင်း ကမ်းလှမ်းမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ လူစာရင်းကို ဒီထက်ပိုတောင့်တင်းအောင် နာပိုလီနောက်ခံလူ ကူလီဘလီကို ခေါ်ယူရန် မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကြာသပတေးနေ့ညတုန်းက မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲံလို့ လီဗာပူးလ်အသင်းရဲ့ နှစ်ပေါင်း (၃၀) ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ယာဂင်ကလော့ပ်က ဆွတ်ခူးပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဂျာမန်လူမျိုး နည်းပြကြီးဟာ အသင်းကို ဒီထက်ပိုပြီး အင်အားတောင့်တင်းအောင် လုပ်ချင်နေပါတယ်။

ယာဂင်ကလော့ပ်ဟာ လီဗာပူးလ်အသင်းရဲ့ နောက်တန်းကို အင်အားဖြည့်တင်းရန် ဗန်ဒိုက်ချ်နဲ့ တွဲကစားဖို့ တွဲဖက်နောက်ခံလူတစ်ယောက်ကို ခေါ်ယူရန် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဗန်ဒိုက်ချ်ဦးဆောင်နေတဲ့ နောက်တန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ (၂၁) ဂိုးပေးထားပြီး ပရီးမီးယားလိဂ်မှာ ဂိုးပေးခံရမှု အနည်းဆုံးဖြစ်ပေမယ့် ကူလီဘလီကို ခေါ်ယူရန် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင်ကစားသမားကို အင်္ဂလန်က ကြိမ်ဖန်များစွာ ဆက်သွယ်နေသော်လည်း နာပိုလီအသင်းဥက္ကဌ ဒီလော်ရန်တစ်က အသက် (၂၉) နှစ်အရွယ်ကစားသမားကို မခေါ်ယူနိုင်အောင် ပေါင်သန်း (၉၀) ဈေးသတ်မှတ်ထားပါတယ်။ သို့သော်လည်း အီတလီက သတင်းစာများက အဆိုအရ ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပအသင်းတွေဟာ ဘဏ္ဍာရေးထိခိုက်မှု ခံခဲ့ရပြီး နာပိုလီအသင်းလည်း အပါအဝင်ဖြစ်နေပါတယ်။ အီတလီက သတင်းများအရ လီဗာပူးလ်အသင်းဟာ ကူလီဘလီကို ခေါ်ယူရာမှာ လိုဗရန်ကို အလိုက်ပေးကမ်းလှမ်းမယ်လို့ သိရပါတယ်။အသက် ၂၉ နှစ်အရွယ်ကစားသမားကို ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကလည်း ပေါင် ၇၂ သန်း နဲ့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

 

အသင္းလူစာရင္း အင္အားေတာင့္တင္းရန္ နာပိုလီေနာက္ခံလူ ကူလီဘလီကို လာမယ့္ရက္အတြင္း ကမ္းလွမ္းမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ အသင္းရဲ႕ လူစာရင္းကို ဒီထက္ပိုေတာင့္တင္းေအာင္ နာပိုလီေနာက္ခံလူ ကူလီဘလီကို ေခၚယူရန္ ေမွ်ာ္လင့္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ၾကာသပေတးေန႔ညတုနး္က မန္စီးတီးအသင္းဟာ ခ်ဲလ္ဆီးအသင္းကို ရႈံးနိမ့္ခဲံလို႔ လီဗာပူးလ္အသင္းရဲ႕ ႏွစ္ေပါင္း (၃၀) ၾကာေ၀းကြာေနတဲ့ အမွတ္ေပးဖလားကို ယာဂင္ကေလာ့ပ္က ဆြတ္ခူးေပးခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဂ်ာမန္လူမ်ိဳး နည္းျပၾကီးဟာ အသင္းကို ဒီထက္ပိုျပီး အင္အားေတာင့္တင္းေအာင္ လုပ္ခ်င္ေနပါတယ္။

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးလ္အသင္းရဲ႕ ေနာက္တန္းကို အင္အားျဖည့္တင္းရန္ ဗန္ဒိုက္ခ်္နဲ႔ တြဲကစားဖို႔ တြဲဖက္ေနာက္ခံလူတစ္ေယာက္ကို ေခၚယူရန္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ ဗန္ဒိုက္ခ်္ဦးေဆာင္ေနတဲ့ ေနာက္တန္းဟာ ဒီႏွစ္ေဘာလံုးရာသီမွာ (၂၁) ဂိုးေပးထားျပီး ပရီးမီးယားလိဂ္မွာ ဂိုးေပးခံရမႈ အနည္းဆံုးျဖစ္ေပမယ့္ ကူလီဘလီကို ေခၚယူရန္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဆီနီေဂါလက္ေရြးစင္ကစားသမားကို အဂၤလန္က ၾကိမ္ဖန္မ်ားစြာ ဆက္သြယ္ေနေသာ္လည္း နာပိုလီအသင္းဥကၠဌ ဒီေလာ္ရန္တစ္က အသက္ (၂၉) ႏွစ္အရြယ္ကစားသမားကို မေခၚယူႏိုင္ေအာင္ ေပါင္သန္း (၉၀) ေစ်းသတ္မွတ္ထားပါတယ္။ သို႔ေသာ္လည္း အီတလီက သတင္းစာမ်ားက အဆိုအရ ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းဟာ လာမယ့္ ရက္အနည္းငယ္အတြင္းမွာ ကမ္းလွမ္းမယ္လို႔ သိရပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဥေရာပအသင္းေတြဟာ ဘ႑ာေရးထိခိုက္မႈ ခံခဲ့ရျပီး နာပိုလီအသင္းလည္း အပါအ၀င္ျဖစ္ေနပါတယ္။ အီတလီက သတင္းမ်ားအရ လီဗာပူးလ္အသင္းဟာ ကူလီဘလီကို ေခၚယူရာမွာ လိုဗရန္ကို အလိုက္ေပးကမး္လွမ္းမယ္လို႔ သိရပါတယ္။အသက္ ၂၉ ႏွစ္အရြယ္ကစားသမားကို ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းကလည္း ေပါင္ ၇၂ သန္း နဲ႔ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။