ယူနိုက်တက်ကွင်းလယ်မှာ အခြားကစားသမားတွေအများကြီးရှိပါတယ်၊ ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်အကြောင်းပဲပြောနေတာ မမျှတပါဘူး လို့ ဆိုလိုက်တဲ့ မိုက်ကယ်ကာရစ်

ယူနိုက်တက်နည်းပြအဖွဲ့အဝင် မိုက်ကယ်ကာရစ်က ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်အတူတူတွဲကစားနိုင်ပြီး အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်ပေးနိုင်တယ်လို့ ပြောသွားပါတယ်။ ကွင်းလယ်ကစားသမား (၂) ယောက်ဟာ ဗုဒ္ဓဟူးနေ့က ရှက်ဖီးယူနိုက်တက်အသင်းကို အိုးထရက်ဖိုဒ့်မှာ (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံး အတူတူပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီတုန်းက စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာကတည်းက ဖာနန်ဒက်စ်ဟာ ခြေစွမ်းပြနေပေမယ့် ပေါ့ဘာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲတွေ မရပ်နားခင်ကတည်းက ဒဏ်ရာတွေနဲ့ လုံးပမ်းခဲ့ရပါတယ်။

“သူတို့ (၂) ယောက်အတူတူ တွဲကစားနိုင်သလားလို့ ဘာကြောင့် မေးခွန်းတွေ အများကြီး မေးနေတာလဲ သူတို့ ကစားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၂) ယောက်စလုံးမှာ ထူးခြားတဲ့ အရည်အသွေးတွေရီပါတယ်။ အသင်းမှာ အခြားကွင်းလယ်ကစားသမားတွေလည်းရှိလို့ သူတို့ (၂)ယောက်အကြောင်းပဲ ပြောနေတာ မတရားပါဘူး။ သေချာတာကတော့ ဘရူနိုနဲ့ ပေါလ် တို့ အတူတူတွဲကစားနိုင်ပါတယ်။

ဒါကြောင့်ပဲ သူတို့ (၂) ယောက်ဟာ အတူတူ ရှိနေတာပါ။ အသင်းမှာ အခြားကွင်းလယ်ကစားသမားတွေလည်း အများကြီးရှိပါတယ်” လို့ ကာရစ်က ESPN ကို ပြောသွားခဲ့ပါတယ်။  ယူနိုက်တက်အသင်းဟာ စနေနေ့ညနေ (ဒီည) မှာ နောဝှစ်ချ် အသင်းနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ကစားသွားရမှာ ဖြစ်ပါတယ်။

ယူႏိုက္တက္ကြင္းလယ္မွာ အျခားကစားသမားေတြအမ်ားၾကီးရွိပါတယ္၊ ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္အေၾကာင္းပဲေျပာေနတာ မမွ်တပါဘူး လို႔ ဆိုလိုက္တဲ့ မိုက္ကယ္ကာရစ္

ယူႏိုက္တက္နည္းျပအဖြဲ႕အဝင္ မိုက္ကယ္ကာရစ္က ေပါ့ဘာ နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္အတူတူတြဲကစားႏိုင္ၿပီး အသင္းအတြက္ အေကာင္းဆုံးေတြ စြမ္းေဆာင္ေပးႏိုင္တယ္လို႔ ေျပာသြားပါတယ္။ ကြင္းလယ္ကစားသမား (၂) ေယာက္ဟာ ဗုဒၶဟူးေန႔က ရွက္ဖီးယူႏိုက္တက္အသင္းကို အိုးထရက္ဖိုဒ့္မွာ (၃-ဝ) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပထမဆုံး အတူတူပြဲထြက္ကစားခဲ့တာျဖစ္ပါတယ္။

ဇန္န၀ါရီတုနး္က စပို႔တင္းလစၥဘြန္းအသင္းကေန ေပါင္ ၄၇ သန္းနဲ႔ ေျပာင္းေရႊ႕လာကတည္းက ဖာနန္ဒက္စ္ဟာ ေျခစြမ္းျပေနေပမယ့္ ေပါ့ဘာဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ပြဲေတြ မရပ္နားခင္ကတည္းက ဒဏ္ရာေတြနဲ႔ လံုးပမ္းခဲ့ရပါတယ္။

“သူတို႔ (၂) ေယာက္အတူတူ တြဲကစားႏိုင္သလားလို႔ ဘာေၾကာင့္ ေမးခြန္းေတြ အမ်ားၾကီး ေမးေနတာလဲ သူတို႔ ကစားႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ (၂) ေယာက္စလံုးမွာ ထူးျခားတဲ့ အရည္အေသြးေတြရီပါတယ္။ အသင္းမွာ အျခားကြင္းလယ္ကစားသမားေတြလည္းရွိလို႔ သူတို႔ (၂)ေယာက္အေၾကာင္းပဲ ေျပာေနတာ မတရားပါဘူး။ ေသခ်ာတာကေတာ့ ဘရူႏိုင္နဲ႔ ေပါလ္ တို႔ အတူတူတြဲကစားႏိုင္ပါတယ္။

ဒါေၾကာင့္ပဲ သူတို႔ (၂) ေယာက္ဟာ အတူတူ ရွိေနတာပါ။ အသင္းမွာ အျခားကြင္းလယ္ကစားသမားေတြလည္း အမ်ားၾကီးရွိပါတယ္” လို႔ ကာရစ္က ESPN ကို ေျပာသြားခဲ့ပါတယ္။ ယူႏုိက္တက္အသင္းဟာ စေနေန႔ညေန (ဒီည) မွာ ေနာ၀ွစ္ခ်္ အသင္းနဲ႔ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ ကစားသြားရမွာ ျဖစ္ပါတယ္။