ဥရောပကို သွားရမယ်ဆိုရင် ဝက်စ်ဟမ်းအသင်းဆီ ပြန်သွားချင်ပြီး ဘိုကာဂျူနီယာ နဲ့ စာချုပ်သစ်ချုပ်လို့ရတဲ့ ပိုက်ဆံတွေအကုန် လှူသွားမယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ကားလိုစ့်တိဗက်ဇ်

ကားလိုစ့်တိဗက်ဇ်က ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ်သစ်ထပ်ချုပ်ရန် အတည်မပြုရသေးခင် ဝက်စ်ဟမ်းအသင်းဆီ ပြန်သွားဖွယ်ရှိတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အသက် ၃၆ နှစ်အရွယ်ကစားသမားဟာ အင်္ဂါနေ့က စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနားကလပ်အသင်းနဲ့ (၆) လ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး နဲ့ ဂျူဗင်တပ်စ်အသင်းတို့လို အသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ တိဗက်ဇ်ဟာ ဘိုကာဂျူနီယာအသင်းမှာ ကစားနေတာ ဘောလုံးရာသီ (၃) နှစ် ရှိပါပြီ။ သူ့ကို ဘိုကာဂျူနီယာအသင်းက တစ်နှစ်ထပ်ချုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ပါဘူး။

ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်သေ်ာလည်း တိုက်စစ်ကစားသမားဟာ ဝက်စ်ဟမ်းအသင်းကို တစ်ချိန်မှာ ပြန်သွားဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

“ဥရောပကို ကျွန်တော်ပြန်သွားဖြစ်မယ်ဆိုရင် ဝက်စ်ဟမ်းအသင်းမှာ (၆) လလောက် သွားကစားချင်ပါတယ်။ ဒါမှမဟုတ် ကိုရင်တီယန်အသင်းမှာ (၆) လပေါ့။ ကျွန်တော်ဘာကိုမှ မငြင်းချင်ပါဘူး ဘာကြောင့်လဲဆိုတော့ စကားမကျွန်ချင်လို့ပါ။

ကျွန်တော် ဘာမှ မမြင်ရ မကြားရပါဘူး။ ကျွန်တော့်ကို စိတ်အနှောက်အယှက်ဖြစ်ပေမယ့် သီးသန့်ပဲ ဆွေးနွေးသင့်ပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ ကျွန်တော့် အခြေအနေ ကျွန်တော်နားလည်ပါတယ်။ စာချုပ်နဲ့ ပတ်သတ်ပြီး ထူးခြားတာရှိရင် ကျွန်တော်တို့ ချမပြပါဘူး။ နောက်ကွယ်မှာ ပြီးသွားတာ ကောင်းပါတယ်။ ဆွေးနွေးမှုမှာ သူ့မှာလည်း သူ့အနေအထား ၊ နောက်တစ်ယောက်ကလည်း သူ့အနေအထားဖြစ်နေပါတယ်။ ကျွန်တော်ကတော့ ဘိုကာ နဲ့ အဆင်ပြေသွားချင်ပါတယ်။ ဘယ်သူနဲ့မှ မတိုက်ခိုက်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို မလေးမစားလုပ်တာလည်း ခွင့်မပြုပါဘူး” လို့ တိဗက်ဇ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

တိဗက်င်္ဇဟာ စာချုပ်အသစ် မှာ ရရှိလာတဲ့ ဝင်ငွေမှန်သမျှ ကို လူဒါန်းသွားမယ်လို့လည်း ပြောသွားခဲ့ပါတယ်။“ဘိုကာ ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့ စာချုပ် က ရရှိလာတဲ့ ဝင်ငွေတွေအားလုံးကို ကျွန်တော် လှူဒါန်းသွားမှာပါ။ စာချုပ် ရော ဘောနပ်စ်ရောပါ” လို့ တိဗက်ဇ်က ထပ်ပြောသွားခဲ့တာဖြစ်ပါတယ်။

ဥေရာပကို သြားရမယ္ဆိုရင္ ၀က္စ္ဟမ္းအသင္းဆီ ျပန္သြားခ်င္ျပီး ဘိုကာဂ်ဴနီယာ နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္လို႔ရတဲ့ ပိုက္ဆံေတြအကုန္ လွဴသြားမယ္လို႔ ဖြင့္ဟေျပာၾကားလာတဲ့ ကားလိုစ့္တိဗက္ဇ္

ကားလိုစ့္တိဗက္ဇ္က ဘိုကာဂ်ဴနီယာအသင္းနဲ႔ စာခ်ဳပ္သစ္ထပ္ခ်ဳပ္ရန္ အတည္မျပဳရေသးခင္ ၀က္စ္ဟမ္းအသင္းဆီ ျပန္သြားဖြယ္ရွိတယ္လို႔ ဖြင့္ဟေျပာၾကားလာပါတယ္။ အသက္ ၃၆ ႏွစ္အရြယ္ကစားသမားဟာ အဂၤါေန႔က စာခ်ဳပ္သက္တမ္း ကုန္ဆံုးေတာ့မယ့္ အာဂ်င္တီးနားကလပ္အသင္းနဲ႔ (၆) လ စာခ်ဳပ္သက္တမ္းတိုး ခ်ဳပ္ဆိုလိုက္ျပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီး နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔လို အသင္းၾကီးေတြမွာ ကစားခဲ့ဖူးတဲ့ တိဗက္ဇ္ဟာ ဘုိကာဂ်ဴနီယာအသင္းမွာ ကစားေနတာ ေဘာလံုးရာသီ (၃) ႏွစ္ ရွိပါျပီ။ သူ႔ကို ဘိုကာဂ်ဴနီယာအသင္းက တစ္ႏွစ္ထပ္ခ်ဳပ္ရန္ ကမ္းလွမ္းခဲ့ေသာ္လည္း လက္မခံခဲ့ပါဘူး။

ဘိုကာဂ်ဴနီယာအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလုိက္ေသ္ာလည္း တိုက္စစ္ကစားသမားဟာ ၀က္စ္ဟမ္းအသင္းကို တစ္ခ်ိန္မွာ ျပန္သြားဖြယ္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

“ဥေရာပကို ကၽြန္ေတာ္ျပန္သြားျဖစ္မယ္ဆိုရင္ ၀က္စ္ဟမ္းအသင္းမွာ (၆) လေလာက္ သြားကစားခ်င္ပါတယ္။ ဒါမွမဟုတ္ ကိုရင္တီယန္အသင္းမွာ (၆) လေပါ့။ ကၽြန္ေတာ္ဘာကိုမွ မျငင္းခ်င္ပါဘူး ဘာေၾကာင့္လဲဆိုေတာ့ စကားမကၽြန္ခ်င္လို႔ပါ။

ကၽြန္ေတာ္ ဘာမွ မျမင္ရ မၾကားရပါဘူး။ ကၽြန္ေတာ့္ကို စိတ္အေႏွာက္အယွက္ျဖစ္ေပမယ့္ သီးသန္႔ပဲ ေဆြးေႏြးသင့္ပါတယ္။ ဘာမွေတာ့ မျဖစ္ပါဘူး။ ကၽြန္ေတာ့္ အေျခအေန ကၽြန္ေတာ္နားလည္ပါတယ္။ စာခ်ဳပ္နဲ႔ ပတ္သတ္ျပီး ထူးျခားတာရွိရင္ ကၽြန္ေတာ္တို႔ ခ်မျပပါဘူး။ ေနာက္ကြယ္မွာ ျပီးသြားတာ ေကာင္းပါတယ္။ ေဆြးေႏြးမႈမွာ သူ႔မွာလည္း သူ႔အေနအထား ၊ ေနာက္တစ္ေယာက္ကလည္း သူ႔အေနအထားျဖစ္ေနပါတယ္။ ကၽြန္ေတာ္ကေတာ့ ဘိုကာ နဲ႔ အဆင္ေျပသြားခ်င္ပါတယ္။ ဘယ္သူနဲ႕မွ မတိုက္ခိုက္ခ်င္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္ကို မေလးမစားလုပ္တာလည္း ခြင့္မျပဳပါဘူး” လို႔ တိဗက္ဇ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

တိဗက္ဇၤဟာ စာခ်ဳပ္အသစ္ မွာ ရရွိလာတဲ့ ၀င္ေငြမွန္သမွ် ကို လူဒါန္းသြားမယ္လို႔လည္း ေျပာသြားခဲ့ပါတယ္။“ဘိုကာ ကၽြန္ေတာ့္ကို ကမ္းလွမ္းလာတဲ့ စာခ်ဳပ္ က ရရွိလာတဲ့ ၀င္ေငြေတြအားလံုးကို ကၽြန္ေတာ္ လွဴဒါန္းသြားမွာပါ။ စာခ်ဳပ္ ေရာ ေဘာနပ္စ္ေရာပါ” လို႔ တိဗက္ဇ္က ထပ္ေျပာသြားခဲ့တာျဖစ္ပါတယ္။