အပြောင်းအရွေ့အသုံးစရိတ်ကို ရှင်းရှင်းလင်းလင်း မသိဘူးလို့ ဝန်ခံတဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လာမယ့်နွေရာသီအပြောင်းအရွေ့မှာ အသုံးစရိတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ပေါင် ၁၁၇ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင် နေသလို ချဲလ်ဆီးကစားသမား ဝီလီယံကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ယူနိုက်တက် အမှု ဆောင်ချုပ် အက်ဝုဒ်ဝက်ဒ်က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ခဲ့တာကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အကျိုးရှိမှုတွေ ဖြစ် လာမယ်လို့ ဆိုခဲ့ကြောင်းလည်း ဆိုးလ်ရှားက ပြောခဲ့ပါတယ်။


ဆိုးလ်ရှားက “ ရောဂါပိုးက ကမ္ဘာ့အနှံမှာ ဖြစ်ပွားခဲ့တာကြောင့် လူတိုင်းအတွက်ခက်ခဲခဲ့မှာပါ။ ကျွန်တော်တို့အနေနဲ့ အသင်း အကျိုးရှိဖို့အတွက် စောင့်ဆိုင်းဖို့ လိုအပ်တယ်ဆိုပေမယ့် ပြောင်းရွှေ့ကြေးအသုံးစရိတ် ဘယ်လောက်ရှိတယ်ဆိုတာ မသိပါ ဘူး။ အချို့အသင်းတွေ ငွေကြေး ရင်းနှီးမြုပ်နှံနေပြီး အချို့အသင်းတွေကတော့ စောင့်နေတုန်းပါပဲ။ တောင့်တင်းတဲ့ ဘဏ္ဍ ရေးအခြေအနေမှာ ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့အသင်းလည်း စောင့်နေတုန်းပါပဲ” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ အက်ဖ်အေဖလား ဒါမှမဟုတ် ယူရိုပါလိဂ်မှာ အောင်မြင်မှုရခဲ့မယ်ဆိုရင် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်မှာပါ။ ဒါပေမယ့် အဲ့လိုအခြေအနေဖြစ်ဖို့ဆိုတာ အချိန်က ၃၊၄ လလောက်လိုပါသေး တယ်။ ကမ္ဘာ့ကြီးမှာ စီးပွားရေးသမားတွေ ရှိသလို ဘောလုံးသမားတွေလည်းရှိပါတယ်။အခုအချိန်ထိ တစ်ယောက်မှ မသေ ချာသေးပေမယ့် အသင်းအတွက် အကျိုးပြုနိုင်မယ့် ကစားသမားကို ခေါ်ယူနိုင်မှာပါလို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူပေါ့ဘာနဲ့ ပတ်သက်ပြီးလည်း ဆိုးလ်ရှားက ပြင်သစ် ကွင်းလယ်ကစားသမားကို အသင်းမှာ အနည်းဆုံးနောက်ထပ်တစ်ရာသီလောက် ဆက်ထိန်းထားချင်တယ်လို့ ဆိုခဲ့ပါ တယ်။ဆိုးလ်ရှားက ပေါ့ဘာလို အကောင်းဆုံးကစားသမားတစ်ယောက်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် ဘယ်နည်းနဲ့မဆို ကြိုးစားရမှာပါ။ သူကို အခွင့်အရေးသာပေးမယ်ဆိုရင် သူကအသင်းအတွက် ရာနှုန်းပြည့်ကစားပေးမယ့်ကစားသမားတစ်ဦး ပါလို့ ပြောခဲ့ပါတယ်။