တာစတီဂန် ကို စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိလိုက်ပြီဖြစ်တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ဂိုးသမား တာစတီဂန် နဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ အသင်းတာဝန်ရှိသူတွေဟာ ကာတာလန်ဘီလူးအသင်းအတွက် ဘဏ္ဍာရေးအနာဂတ်အတွက် တိုးတက်မှု ရှိရန် ကြိုးပမ်းနေတာဖြစ်ပြီး တာစတီဂန်ရဲ့ နူးကမ့်အနာဂတ်ကိုလည်း ဆွေးနွေးနေခဲ့တာကြာပြီဖြစ်ပါတယ်။

Barcelona 'Optimistic' of Agreeing New Long-Term Contract With ...

ယခုလအစောပိုင်းတုန်းက ဂျာမနီလက်ရွေးစင်ကစားသမားဟာ စာချုပ်သစ်ချုပ်ဆိုရန် မနီးစပ်သေးပဲ အသင်းပြောင်းဖို့စောင့်ကြည့်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ သို့သော်လည်း ယခုအခါ ဘာစီလိုနာအသင်းရဲ့ ဆွေးနွေးနေမှုဟာ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ၂၀၂၄-၂၅ ဘောလုံးရာသီကုန်တဲ့အထိ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။

Hearsay Has It: Ter Stegen set to signal new Barca deal, Madrid ...

အသင်းကလည်း ဇွန်လမှ တရားဝင် သတင်းထုတ်ပြန်ကြေညာဖွယ်ရှိနေပြီး စာချုပ်နဲ့ ပတ်သတ်ပြီး လုပ်ဆောင်စရာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ တာစတီဂန်ကို ဆက်သွယ်နေခဲ့တာဖြစ်ပြီး နူအာကို မကြာသေးခင်ကမှ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်လို့ တာစတီဂန်ကို လက်လျှော့ခဲ့တာဖြစ်ပါတယ်။



