မန်ယူနိုက်တက်အသင်းဟာအပြောင်းအရွှေ့ ဈေးကွက်ထဲမှာအလုပ်များနေမှာ သေချာတယ်လို့ ဆိုလိုက်တဲ့ နည်းပြ ဆိုးလ်ရှား

မန်ယူနိုက်တက်အသင်းဟာ လာမယ့်အပြောင်းအရွှေ့မှာ အလုပ်ရှုပ်နေမှာသေချာတယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။ယူနိုက်တက်ဟာ ကစားသမားတော်တော်များများကို ဆက်သွယ်မှုတွေ လုပ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကစားသမားသစ် ခေါ်ယူမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။

Solskjaer: I'd rather have a hole in my Man Utd squad than an ...

ပရီးမီးယားလိဂ်အသင်းကြီးတွေကလည်း ယခုတစ်ပတ်မှာ မတ်လ အလယ်ကတည်းက ပြိုင်ပွဲတွေကို ရပ်နားထားတဲ့အတွက် ဆုံးရှုံးမှုတွေ ရှိတယ်လို့ ကြေညာခဲ့ပါသေးတယ်။သို့သော်လည်း ယခုထွက်ပေါ်လာတဲ့ သတင်းအရ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို နောက်ရာသီမှာ ပြင်ဆင်ရန်အတွက် ငွေထုတ်ပေးမယ်လို့ သိရပါတယ်။

Solskjaer speaks about his expectations for Manchester United players

ယူနိုက်တက်အသင်းဟာ ဆာအူးလ်၊ ဂျဒ်ဘယ်လင်ဂမ် ၊ ဂျက်ဂရီးလစ်ရှ် နဲ့ ဂျော်ဒန်ဆန်ချို တို့ကို ဆက်သွယ်ထားတာဖြစ်ပါတယ်။



