စပါးမှာ (၂) နှစ်ဆက်ကစားဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ဗာတွန်ဂန်

စပါးအသင်းရဲ့ ဝါရင့်နောက်ခံလူဖြစ်တဲ့ ဗာတွန်ဂန် ကတော့ ဒီရာသီကုန်မှာ လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့သေချာသလောက်ဖြစ်သွားခဲ့ပြီလို့ ဆိုရမှာပါ။
ဗာတွန်ဂန် နဲ့စပါးအသင်းတို့ဟာ လာမယ့် ဇွန်လမှာဆိုရင် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
အဆိုပါနောက်ခံလူဟာ အစောပိုင်းတုန်းက စပါး နဲ့စာချုပ်သစ်မချုပ်ဆိုပဲ အသင်းဟောင်းဖြစ်တဲ့ အေဂျက်ဇ် ကိုပြန်ဖို့ ပြင်ဆင်နေပေမယ့် လက်ရှိမှာတော့ နှစ်နှစ်စာချုပ်ထပ်ချုပ်ဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
ဒါပေမဲ့ ကလပ်အသင်းဘက်က ငြင်းပယ်သွားခဲ့ပြီး အသက် (၃၃) နှစ်အရွယ်ရှိ ဗာတွန်ဂန် ကို နောက်ထပ်တစ်ရာသီသာ စာချုပ်သက်တမ်းတိုးလိုတယ်လို့ ပြောကြားလိုက်ပါတယ်။


ဗာတွန်ဂန် ဟာ တစ်ပတ်ကို ယူရို (၇) သောင်းတန်ကြေးရှိတဲ့ စာချုပ်သစ်တစ်ရပ် နဲ့ အသင်းမှာ နှစ်နှစ်ဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့်စပါး ဘက်ကပယ်ချခဲ့မှုကြောင့် အသင်းပြောင်းဖို့ ပြန်လည်ပြင်ဆင်ရတော့မှာပဲဖြစ်ပါတယ်။
ဗာတွန်ဂန် ဟာ (၂၀၁၂) ခုနှစ်ထဲကစပါးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့သူဖြစ်ပြီး (၈) နှစ်ကြာကစားထားခဲ့တာပါ။

 


လက်ရှိမှာတော့ ဗာတွန်ဂန် ကို ခေါ်ယူဖို့ စီးရီးအေကလပ် ရိုးမား အသင်းက အလိုရှိနေပြီး တစ်ပတ်လုပ်ခ ယူရို (၅) သောင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဝါရင့်နောက်ခံလူအနေနဲ့ အသင်းဟောင်း အေဂျက်ဇ် ဆီကို ပြန်သွားမလား စီးရီးအေကိုပြောင်းရွှေ့ကစားမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

#Vertonghen #Spur #Myanball

 

Zawgyi

 

စပါးမွာ (၂) ႏွစ္ဆက္ကစားဖို႔ ေတာင္းဆိုခဲ႔ေပမယ္႔ ျငင္းပယ္ျခင္းခံခဲ႔ရတဲ႔ ဗာတြန္ဂန္

 

စပါးအသင္းရဲ႕ ၀ါရင္႔ေနာက္ခံလူျဖစ္တဲ႔ ဗာတြန္ဂန္ ကေတာ႔ ဒီရာသီကုန္မွာ လန္ဒန္ကလပ္ကေန ထြက္ခြာဖို႔ေသခ်ာသေလာက္ျဖစ္သြားခဲ႔ျပီလို႔ ဆိုရမွာပါ။

ဗာတြန္ဂန္ နဲ႔စပါးအသင္းတို႔ဟာ လာမယ္႔ ဇြန္လမွာဆိုရင္ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မွာျဖစ္ပါတယ္။

အဆိုပါေနာက္ခံလူဟာ အေစာပိုင္းတုန္းက စပါး နဲ႔စာခ်ဳပ္သစ္မခ်ဳပ္ဆိုပဲ အသင္းေဟာင္းျဖစ္တဲ႔ ေအဂ်က္ဇ္ ကိုျပန္ဖို႔ ျပင္ဆင္ေနေပမယ္႔ လက္ရွိမွာေတာ႔ ႏွစ္ႏွစ္စာခ်ဳပ္ထပ္ခ်ဳပ္ဖို႔ေတာင္းဆိုခဲ႔တယ္လို႔သိရပါတယ္။

ဒါေပမဲ႔ ကလပ္အသင္းဘက္က ျငင္းပယ္သြားခဲ႔ျပီး အသက္ (၃၃) ႏွစ္အရြယ္ရွိ ဗာတြန္ဂန္ ကို ေနာက္ထပ္တစ္ရာသီသာ စာခ်ဳပ္သက္တမ္းတိုးလိုတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

 

 

ဗာတြန္ဂန္ ဟာ တစ္ပတ္ကို ယူရို (၇) ေသာင္းတန္ေၾကးရွိတဲ႔ စာခ်ဳပ္သစ္တစ္ရပ္ နဲ႔ အသင္းမွာ ႏွစ္ႏွစ္ဆက္ေနဖို႔ဆံုးျဖတ္ခဲ႔တာျဖစ္ေပမယ္႔စပါး ဘက္ကပယ္ခ်ခဲ႔မွုေၾကာင္႔ အသင္းေျပာင္းဖို႔ ျပန္လည္ျပင္ဆင္ရေတာ႔မွာပဲျဖစ္ပါတယ္။

ဗာတြန္ဂန္ ဟာ (၂၀၁၂) ခုႏွစ္ထဲကစပါးအသင္းကို ေျပာင္းေရႊ႕လာခဲ႔တ႔ဲသူျဖစ္ျပီး (၈) ႏွစ္ၾကာကစားထားခဲ႔တာပါ။

 

 

လက္ရွိမွာေတာ႔ ဗာတြန္ဂန္ ကို ေခၚယူဖို႔ စီးရီးေအကလပ္ ရိုးမား အသင္းက အလိုရွိေနျပီး တစ္ပတ္လုပ္ခ ယူရို (၅) ေသာင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ဆက္သြယ္မွုေတြျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။

အဆိုပါ ၀ါရင္႔ေနာက္ခံလူအေနနဲ႔ အသင္းေဟာင္း ေအဂ်က္ဇ္ ဆီကို ျပန္သြားမလား စီးရီးေအကိုေျပာင္းေရႊ႕ကစားမလားဆိုတာေတာ႔ ဆက္လက္ေစာင္႔ၾကည္႔ရဦးမွာပါ။

 

#Vertonghen #Spur #Myanball