ယူနိုက်တက်မှာကစားရင်ဒါမှမဟုတ်နည်းပြရင်အရေခွံထူနေဖို့လိုတယ်လို့ပြောလိုက်တဲ့ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှား ဟာ သူ့ရဲ့လက်ရှိနည်းပြအခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်စကားပြောဆိုသွားခဲ့ပါတယ်။ဆိုးလ်ရှား ဟာ ပြီးခဲ့တဲ့ ရာသီဝက်လောက်က မော်ရင်ဟို ရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။လက်ရှိမှာတော့ အသင်းကို ထူးထူးခြားခြား စွမ်းဆောင်မှု မပေးနိုင်ထားပေမယ့် ပရိတ်သတ်တွေရဲ့ထောက်ခံအားပေးမှုတွေကို ရရှိထားပြီးစောင့်ကြည့်ရဆဲပါ။

ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပေမယ့် ဒီနှစ်မှာတော့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ယူနိုက်တက်ရဲ့ ဒီရာသီပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက်ဖြစ်ပြီး လက်ရှိမှာ အဆင့် (၅) နေရာရပ်တည်နေပြီး လက်ကျန်ပွဲစဉ် (၉) ပွဲကစားဖို့ကျန်ရှိနေပါသေးတယ်။ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေဆဲဖြစ်သလို ယူရိုပါလိဂ်မှာလည်း ရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အဆင့်ကို ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှား က ယူနိုက်တက် Website နဲ့တွေ့ဆုံရာမှာ ‘ ကျွန်တော် ဒီမှာ ဖိအားတွေမလိုချင်ပါဘူး၊ ဒါကြောင့် ဖိအားတွေအောက်မရောက်ဖို့ ကြိုးစားနေပါတယ်ခင်ဗျား အနေနဲ့ ယူနိုက်တက်မှာ ကစားရင် ဒါမှမဟုတ် နည်းပြလုပ်မယ်ဆိုရင် အရေခွံထူနေဖို့လိုပါတယ်ဖိအားဒဏ်တွေမလိုချင်ပေမယ့် ကျွန်တော်တို့လုပ်နေတဲ့အရာတွေဟာကြီးကျယ်ခမ်းနားတဲ့အတွက် သေချာစီစစ်ရမယ် ဒီအလုပ်ကိုလည်း မြတ်နိုးမှရပါမယ် ’ လို့ ပြောပြသွားခဲ့ပါတယ်။

Zawgyi

ယူႏုိက္တက္မွာ ကစားရင္ ဒါမွမဟုတ္ နည္းျပရင္ အေရခြံထူေနဖို႔လိုတယ္လို႔ ေျပာလိုက္တဲ႔ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွား ဟာ သူ႕ရဲ႕လက္ရွိနည္းျပအေျခအေနန႔ဲပတ္သက္လို႔ မွတ္ခ်က္စကားေျပာဆိုသြားခဲ႔ပါတယ္။ဆိုးလ္ရွား ဟာ ျပီးခဲ႔တဲ႔ ရာသီ၀က္ေလာက္က ေမာ္ရင္ဟို ရဲ႕ေနရာကို အစားထိုး၀င္ေရာက္လာခဲ႔တဲ႔သူျဖစ္ပါတယ္။လက္ရွိမွာေတာ႔ အသင္းကို ထူးထူးျခားျခား စြမ္းေဆာင္မွု မေပးႏုိင္ထားေပမယ္႔ ပရိတ္သတ္ေတြရဲ႕ေထာက္ခံအားေပးမွုေတြကို ရရွိထားျပီးေစာင္႔ၾကည္႔ရဆဲပါ။

ယူႏိုက္တက္ကို ယာယီနည္းျပအျဖစ္ စတင္တာ၀န္ယူခဲ႔ေပမယ္႔ ဒီႏွစ္မွာေတာ႔ အျမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ခံခဲ႔ရပါတယ္။ယူႏိုက္တက္ရဲ႕ ဒီရာသီပစ္မွတ္ဟာ ခ်န္ပီယံလိဂ္၀င္ခြင္႔ရရွိေရးအတြက္ျဖစ္ျပီး လက္ရွိမွာ အဆင္႔ (၅) ေနရာရပ္တည္ေနျပီး လက္က်န္ပြဲစဥ္ (၉) ပြဲကစားဖို႔က်န္ရွိေနပါေသးတယ္။ဒါေၾကာင္႔ ခ်န္ပီယံလိဂ္၀င္ခြင္႔ေမွ်ာ္လင္႔ခ်က္ရွိေနဆဲျဖစ္သလို ယူရိုပါလိဂ္မွာလည္း ရွံုးထြက္အဆင္႔ကို တက္ေရာက္ထားႏုိင္ခဲ႔ျပီး အက္ဖ္ေအဖလားျပိဳင္ပြဲမွာလည္း ကြာတားဖိုင္နယ္ အဆင္႔ကို ပို႔ေဆာင္ေပးထားႏုိင္ခဲ႔ပါတယ္။

ဆိုးလ္ရွား က ယူႏုိက္တက္ Website နဲ႔ေတြ႕ဆံုရာမွာ ‘ ကြ်န္ေတာ္ ဒီမွာ ဖိအားေတြမလိုခ်င္ပါဘူး၊ ဒါေၾကာင္႔ ဖိအားေတြေအာက္မေရာက္ဖို႔ ၾကိဳးစားေနပါတယ္
ခင္ဗ်ား အေနနဲ႔ ယူႏုိက္တက္မွာ ကစားရင္ ဒါမွမဟုတ္ နည္းျပလုပ္မယ္ဆိုရင္ အေရခြံထူေနဖို႔လိုပါတယ္ဖိအားဒဏ္ေတြမလိုခ်င္ေပမယ္႔ ကြ်န္ေတာ္တုိ႔လုပ္ေနတဲ႔အရာေတြဟာၾကီးက်ယ္ခမ္းနားတဲ႔အတြက္ ေသခ်ာစီစစ္ရမယ္ ဒီအလုပ္ကိုလည္း ျမတ္ႏိုးမွရပါမယ္ ’ လို႔ ေျပာျပသြားခဲ႔ပါတယ္။

#ManUtd #Solskjaer #Myanball