ဆိုးလ်ရှား ရဲ့ လွှမ်းမိုးမှုတွေကြောင့် သူ့ရဲ့ခြေစွမ်းပိုပြီးကောင်းမွန်လာခဲ့တာ လို့ ဖွင့်ဟ လိုက်တဲ့ လုခ်ရှော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ ဆိုးလ်ရှား ဟာ ဒီရာသီမှာ သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ပက်သက်ပြီး တိုးတက်လာအောင်အများကြီး ကူညီပေးခဲ့တယ်လို့ လုခ်ရှော က ပြောပြသွားခဲ့ပါတယ်။ အဆိုပါ ဘယ်နောက်ခံလူ ဟာ မကြာခဏဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာဖြစ်ပြီး ပွဲထွက်ခွင့်တွေ ဆုံးရှုံးခဲ့ရတာပါ။
ဒါပေမဲ့ ဆိုးလ်ရှား ရဲ့လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပါတယ်။ လုခ်ရှော ဟာ အသက် (၂၄) နှစ်အရွယ်သာရှိသေးပြီး (၂၀၁၄) ခုနှစ်မှာ ဆောက်သမ်တန် ကနေရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

ဆိုးလ်ရှား နဲ့ပတ်သက်ပြီး ‘ သူ့ရဲ့ကူညီပေးမှုတွေက ကျွန်တော့်အတွက်အများကြီးပါပဲကစားသမားတစ်ဦးကို ကိုင်တွယ်တက်ပုံက အရေးပါပါတယ်၊ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော့်အပေါ်မှာ အများကြီး သြဇာလွှမ်းမိုးမှုရှိပါတယ်သူဟာ ကစားသမားတွေ ဘာလိုအပ်သလဲဆိုတာကို သိပါတယ်သူမရောက်ခင်တုန်းက ကျွန်တော် ခက်ခဲတဲ့ရာသီတွေကို ကျော်ဖြတ်နေရပါတယ်ဆိုးလ်ရှား ဟာ ကျွန်တော်ဘာတွေလိုအပ်သလဲဆိုတာကို သဘောပေါက်တယ်လို့ ထင်ပါတယ်ကွင်းပြင်ပမှာလည်း ကျွန်တော့်ကို အကူအညီတွေပေးခဲ့ပြီး မင်းကို ယုံကြည်တယ်ဆိုပြီး အမြဲကျွန်တော့်ကို အဲ့ဒါပြောလေ့ရှိပါတယ်ဒါဟာ ကစားသမားအနေနဲ့ ကိုယ့်ကိုကို ယုံကြည်မှု ပိုပြီး တိုးတက်လာစေပါတယ်၊ယူနိုက်တက်မှာ အပြောင်းအလဲတွေအများကြီး ရှိနေတယ်လို့ ကျွန်တော်မြင်ခဲ့ရပါတယ်ဆိုးလ်ရှား ဟာ ကစားသမားကောင်းတွေကို လက်မှတ်ထိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်သူတို့တွေဟာ အသင်းရဲ့လူစာရင်းကို ပိုမိုတောင့်တင်းလာစေပြီးတော့ ဒီထက်ပိုကောင်းတဲ့ စွမ်းရည်တွေယူဆောင်ပေးလာနိုင်ပါလိမ့်မယ် ’ လို့ ပြောကြားသွားခဲ့ပါတယ်။


Zawgyi




#Solskjaer #ManUtd #Myanball