ကူလီဘာလေ ကို ခေါ်ယူဖို့ လီဗာပူးအသင်း အားသာချက်တွေရှိနေ

လီဗာပူးအသင်းဟာ ကူလီဘာလေ ကို ခေါ်ယူဖို့ အတွက် အားသာချက်တွေရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ တိုက်စစ်မှူး မာနေး အနေနဲ့ နာပိုလီ နောက်ခံလူ ကူလီဘာလေ ကို ခေါ်ယူရာမှာ ကူညီပေးမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အီတလီကလပ်အသင်းဟာ ပရီးမီးယားလိဂ်အသင်းတော်တော်များများက ချဉ်းကပ်ဖို့ ပြင်ဆင်နေတဲ့ နောက်ခံလူကို လာမယ့် အပြောင်းအရွှေ့မှာ ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။

Paris renonce à Koulibaly, Zidane pense toujours à Sadio

မာဆေးလ်ဆိုဒ် အခြေစိုက်အသင်းတွေ၊ မန်ယူနိုက်တက် ၊အဲဗာတန် နဲ့ နယူးကာဆယ်အသင်းတို့ကလည်း အသက် ၂၈ နှစ်အရွယ်ကစားသမားကို ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။သို့သော်လည်း The Express က အဆိုအရ လီဗာပူးအသင်းမှာ မာနေး ရှိနေတဲ့အတွက် တစ်နိုင်ငံတည်းသား ဆီနီဂေါ လက်ရွေးစင်ကစားသမားကို ခေါ်ယူရာမှာ အကူအညီရဖွယ်ရှိတယ်လို့ သိရပါတယ်။

Sadio Mane loses out on Senegal player of the year to Man Utd ...

ကစားသမား (၂) ယောက်စလုံးဟာ ကလပ် နဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ ကြယ်ပွင့်တွေဖြစ်ကြပြီး ကစားသမားဘ၀ အစောပိုင်းအချိန်တုန်းကလည်း အတူတူ ကစားခဲ့ကြသူတွေဖြစ်ပါတယ်။နာပိုလီအသင်းဟာ ကူလီဘာလေအတွက် ခန့်မှန်းခြေ ပေါင်သန်း ၇၀ တောင်းဆိုဖွယ်ရှိနေပါတယ်။



