ပရီးမီးယားလိဂ်ကို ပြန်လာမယ်လို့ ဆိုလိုက်တဲ့ ပိုချက်တီနို နယူးကာဆယ်အသင်းရဲ့နည်းပြအဖြစ် မြင်တွေ့ရဖို့ရှိနေ

စပါး အသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်သူ ပိုချက်တီနို က မကြာခင်မှာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာဖို့ရှိနေတယ်လို့ Sky Sports ရုပ်သံရဲ့အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။ပိုချက်တီနို ဟာ ဒီရာသီဝက်လောက်မှာ စပါးအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အခုချိန်ထိ အသင်းလက်မဲ့အဖြစ်ရှိနေဆဲပါ။လတ်တလောမှာတော့ နယူးကာဆယ် အသင်းဟာ ပိုင်ရှင် အပြောင်းအလဲနဲ့အတူတူ အသင်းကြီးတစ်သင်းအဖြစ် တည်ဆောက်သွားဖို့ရှိနေပြီး နည်းပြသစ်ကိုလည်း ခန့်အပ်သွားဖို့ရှိနေပါတယ်။ဒါကြောင့် ပရီးမီးယားလိဂ်အတွေ့အကြုံရှိ နည်းပြ ပိုချက်တီနို ဟာ စတိဗ်ဘရုစ် ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့အတွက် ရေပန်းစားနေတာပါ။

မနေ့က Sky Sports နဲ့အင်တာဗျူး အစီအစဉ်မှာတော့ ပိုချက်တီနို က သူ ပရီးမီးယားလိဂ်ကို ပြန်လာဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောသွားပါတယ်။
‘ ကျွန်တော် အင်္ဂလန်ကို ချစ်ပါတယ်၊ ကျွန်တော် စိတ်ကူးထားတာက အင်္ဂလန်မှာ ပဲနေသွားဖို့ဖြစ်ပါတယ်၊ဒါပေမဲ့ အခြားနိုင်ငံတွေအတွက်လည်း အမြဲတမ်းနားစွင့်နေပါတယ်၊ ဘာတွေဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့ကျွန်တော်တို့အခု ပိုပြီးကောင်းမွန်တဲ့ နည်းပြအဖွဲ့တွေအဖြစ်ရှိနေပြီဖြစ်ပြီး အဆင်သင့်လည်းဖြစ်နေပါပြီကျွန်တော် အက်စပန်ညို ဆောက်သမ်တန် နဲ့ စပါး အသင်းတွေဆီကနေ အများကြီး သင်ယူခဲ့ပြီးပါပြီကျွန်တော့်ကို ယုံကြည်တဲ့သူတွေအတွက် အနာဂတ်မှာ အများကြီး ကူညီပံ့ပိုးသွားမှာပါ

နယူးကာဆယ် အသင်းနဲ့ပက်သက်လို့ ကျွန်တော်ပြုလုပ်ရမှာက ပထမဆုံးနည်းပြတုန်းကလိုအခြေအနေပါအရေးကြီးတဲ့အချက်နှစ်ချက်ရှိပြီးတော့ ပထမက ဒီကလူတွေနဲ့ ပြီးတော့ ကလပ်အသင်းနောက်ကွယ်က ပရိတ်သတ်တွေပါဘောလုံးအသင်းတစ်သင်းဟာ ဒီကလပ်အသင်းရဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုရှင်သန်ဖို့လည်းလိုအပ်သလို ဖျော်ဖြေရေးလည်းဖြစ်ရပါမယ်အသင်းတစ်သင်းစီတိုင်းမှာ မတူညီတဲ့ ယဉ်ကျေးမှု မတူညီတဲ့ အတွေးအခေါ် နဲ့ မတူညီတဲ့ အလုပ်လုပ်ကိုင်ပုံတွေရှိပါတယ်အောင်မြင်မှု ကိုတည်ဆောက်တဲ့ ပုံစံအနေအထားလည်းမတူကြပါဘူးအခုကျွန်တော် အဆင်သင့်ဖြစ်နေပေမယ့် ကျွန်တော် ဘယ်အချိန်ပြန်လာမလဲဆိုတာတော့ နားစွင့်စောင့်ကြည့်ကြရမှာပါ ’ လို့ပြောပြသွားခဲ့ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ကို ျပန္လာမယ္လို႔ ဆိုလိုက္တဲ႔ ပိုခ်က္တီႏို နယူးကာဆယ္အသင္းရဲ႕နည္းျပအျဖစ္ ျမင္ေတြ႔ရဖို႔ရွိေန

စပါး အသင္းရဲ႕နည္းျပေဟာင္းတစ္ဦးျဖစ္သူ ပိုခ်က္တီနုိ က မၾကာခင္မွာ နည္းျပေလာကထဲကုိ ျပန္လည္၀င္ေရာက္လာဖို႔ရွိေနတယ္လို႔ Sky Sports ရုပ္သံရဲ႕အစီအစဥ္မွာ ေျပာၾကားသြားခဲ႔ပါတယ္။ပိုခ်က္တီႏို ဟာ ဒီရာသီ၀က္ေလာက္မွာ စပါးအသင္းကေန ထုတ္ပယ္ျခင္းခံခဲ႔ရတာျဖစ္ျပီး အခုခ်ိန္ထိ အသင္းလက္မဲ႔အျဖစ္ရွိေနဆဲပါ။လတ္တေလာမွာေတာ႔ နယူးကာဆယ္ အသင္းဟာ ပိုင္ရွင္ အေျပာင္းအလဲနဲ႔အတူတူ အသင္းၾကီးတစ္သင္းအျဖစ္ တည္ေဆာက္သြားဖို႔ရွိေနျပီး နည္းျပသစ္ကိုလည္း ခန္႔အပ္သြားဖို႔ရွိေနပါတယ္။ဒါေၾကာင္႔ ပရီးမီးယားလိဂ္အေတြ႕အၾကံဳရွိ နည္းျပ ပိုခ်က္တီႏို ဟာ စတိဗ္ဘရုစ္ ရဲ႕ေနရာကို အစားထိုး၀င္ေရာက္ဖို႔အတြက္ ေရပန္းစားေနတာပါ။

မေန႔က Sky Sports နဲ႔အင္တာဗ်ဴး အစီအစဥ္မွာေတာ႔ ပိုခ်က္တီႏို က သူ ပရီးမီးယားလိဂ္ကုိ ျပန္လာဖို႔အဆင္သင္႔ျဖစ္ေနျပီျဖစ္ေၾကာင္း ေျပာသြားပါတယ္။
‘ ကြ်န္ေတာ္ အဂၤလန္ကို ခ်စ္ပါတယ္၊ ကြ်န္ေတာ္ စိတ္ကူးထားတာက အဂၤလန္မွာ ပဲေနသြားဖို႔ျဖစ္ပါတယ္၊ဒါေပမဲ႔ အျခားႏုိင္ငံေတြအတြက္လည္း အျမဲတမ္းနားစြင္႔ေနပါတယ္၊ ဘာေတြျဖစ္လာမလဲဆိုတာေတာ႔ ေစာင္႔ၾကည္႔ရဦးမွာေပါ႔ကြ်န္ေတာ္တို႔အခု ပိုျပီးေကာင္းမြန္တဲ႔ နည္းျပအဖြဲ႔ေတြအျဖစ္ရွိေနျပီျဖစ္ျပီး အဆင္သင္႔လည္းျဖစ္ေနပါျပီကြ်န္ေတာ္ အက္စပန္ညိဳ ေဆာက္သမ္တန္ နဲ႔ စပါး အသင္းေတြဆီကေန အမ်ားၾကီး သင္ယူခဲ႔ျပီးပါျပီကြ်န္ေတာ္႔ကို ယံုၾကည္တဲ႔သူေတြအတြက္ အနာဂတ္မွာ အမ်ားၾကီး ကူညီပံ႔ပိုးသြားမွာပါ

နယူးကာဆယ္ အသင္းနဲ႔ပက္သက္လို႔ ကြ်န္ေတာ္ျပဳလုပ္ရမွာက ပထမဆံုးနည္းျပတုန္းကလိုအေျခအေနပါအေရးၾကီးတဲ႔အခ်က္ႏွစ္ခ်က္ရွိျပီးေတာ႔ ပထမက ဒီကလူေတြနဲ႔ ျပီးေတာ႔ ကလပ္အသင္းေနာက္ကြယ္က ပရိတ္သတ္ေတြပါေဘာလံုးအသင္းတစ္သင္းဟာ ဒီကလပ္အသင္းရဲ႕ ဖြဲ႔စည္းထားတဲ႔အဖြဲ႔တစ္ခုရွင္သန္ဖို႔လည္းလိုအပ္သလို ေဖ်ာ္ေျဖေရးလည္းျဖစ္ရပါမယ္အသင္းတစ္သင္းစီတိုင္းမွာ မတူညီတဲ႔ ယဥ္ေက်းမွု မတူညီတဲ႔ အေတြးအေခၚ နဲ႔ မတူညီတဲ႔ အလုပ္လုပ္ကိုင္ပံုေတြရွိပါတယ္ေအာင္ျမင္မွု ကိုတည္ေဆာက္တဲ႔ ပံုစံအေနအထားလည္းမတူၾကပါဘူးအခုကြ်န္ေတာ္ အဆင္သင္႔ျဖစ္ေနေပမယ္႔ ကြ်န္ေတာ္ ဘယ္အခ်ိန္ျပန္လာမလဲဆိုတာေတာ႔ နားစြင္႔ေစာင္႔ၾကည္႔ၾကရမွာပါ ’ လို႔ေျပာျပသြားခဲ႔ပါတယ္။

#Pochettino #Newcastle #Myanball