ဟာဇက် ဟာ သေချာပေါက် ဘလွန်းဒီအောဆု ကို ရယူနိုင်လိမ့်ဦးမယ်လို့ ခန့်မှန်းပေးလိုက်တဲ့ ဘယ်ဂျီယံနည်းပြ

ဘယ်ဂျီယံ အသင်းရဲ့နည်းပြဖြစ်သူ မာတီနက်စ် ကတော့ သူ့ရဲ့လက်ရွေးစင်တောင်ပံကစားသမား ဟာဇက် နဲ့ပက်သက်ပြီး ဘလွန်းဒီအောဆု ကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းပြောပြသွားခဲ့ပါတယ်။ဟာဇက် ဟာ ရီးရဲလ်မက်ဒရစ် ကို ရောက်ရှိခဲ့ပြီးနောက်ပိုင်းခြေစွမ်းပိုင်းကျဆင်းခဲ့ကာ သူ့ရဲ့ပုံရိပ်မှေးမှိန်နေခဲ့ရပါတယ်။ဝိတ်တက်တာ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေခဲ့ရတာတွေကြောင့် ပရိတ်သတ်တွေရဲ့ စိတ်ပျက်မှုတွေကိုလည်း ခံခဲ့ရပြီး ဝေဖန်မှုတစ်ချို့နဲ့ရင်ဆိုင်နေခဲ့ရသူဖြစ်ပါတယ်။ချဲလ်ဆီး အသင်းနဲ့အတူ တောက်ပခဲ့တဲ့ဟာဇက် ဟာ စပိန်မြေမှာ အောင်မြင်မှုတွေရှာဖွေဖို့ လတ်တလော ခက်ခဲနေပေမယ့် သေချာပေါက်ကျော်ဖြတ်ပြီး အောင်မြင်မှုတွေဆီ ပြန်လာနိုင်လိမ့်မယ်လို့ မာတီနက်စ် ကတော့ ယုံကြည်နေပါတယ်။

ဟာဇက် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရီးရဲလ် နဲ့အတူတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါပြီ။သူ့ကိုယ်တိုင်လည်း ကြံ့ခိုင်မှု ကောင်းနေပြီး ပွဲတွေပြန်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောကြားထားပါတယ်။အသက် (၂၉) နှစ်အရွယ်ရှိ ဟာဇက် ဟာ ဖေဖော်ဝါရီ လထဲက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။ဘယ်ဂျီယံ နည်းပြ မာတီနက်စ် ကတော့ Candena SER နဲ့တွေ့ဆုံရာမှာ ‘ ဟာဇက် ဟာ သေချာပေါက် အောင်မြင်လာဦးမှာပါ၊တစ်ခါတလေမှာ ကစားသမားတွေအနေနဲ့ ကလပ်အသင်းသစ်မှာ စတင်တဲ့အချိန်အခက်အခဲတွေနဲ့ကြုံတွေ့ရတက်ပါတယ်ပြီးတော့ ရီးရဲလ်မက်ဒရစ် ကလပ်ရဲ့ အကြောင်းကို သူနားလည်ဖို့လိုပါတယ်၊ ပရိတ်သတ်တွေအနေနဲ့လည်း သူ့လိုကစားသမားမျိုးဟာ မရှိဘူးဆိုတာကို လွယ်လွယ်ကူကူနားလည်နိုင်ပါတယ်သူဟာ သေချာပေါက် ဘလွန်းဒီအောဆု ကို ဆွတ်ခူးရယူနိုင်ဦးမှာပါလူတွေအားလုံးကအခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်နေကြရပေမယ့် သူကတော့ ပျော်ရွှင်မှုရှိနေဆဲပါဘာကြောင့်လဲဆိုတော့ သူ ဆေးစစ်မှု ခံယူပြီးမှာ ကြီးကျယ်ခမ်းနားတဲ့အလုပ်တွေကို ပြန်လုပ်နိုင်တော့မယ့် အခြေအနေရှိနေပြီမို့လိုပါဒါကြောင့် သူပျော်ရွှင်နေပြီး မကြာခင်မှာ အရင်ထက်ပိုကောင်းမွန်လာတော့မှာပါ ’ လို့ မှတ်ချက်ပေးပြောကြားသွားခဲ့ပါတယ်။

Zawgyi

ဘယ္ဂ်ီယံ အသင္းရဲ႕နည္းျပျဖစ္သူ မာတီနက္စ္ ကေတာ႔ သူ႕ရဲ႕လက္ေရြးစင္ေတာင္ပံကစားသမား ဟာဇက္ နဲ႔ပက္သက္ျပီး ဘလြန္းဒီေအာဆု ကို ရယူႏုိင္လိမ္႔မယ္လို႔ ယံုၾကည္ေနေၾကာင္းေျပာျပသြားခဲ႔ပါတယ္။ဟာဇက္ ဟာ ရီးရဲလ္မက္ဒရစ္ ကို ေရာက္ရွိခဲ႔ျပီးေနာက္ပိုင္းေျခစြမ္းပိုင္းက်ဆင္းခဲ႔ကာ သူ႕ရဲ႕ပံုရိပ္ေမွးမွိန္ေနခဲ႔ရပါတယ္။၀ိတ္တက္တာ ဒဏ္ရာျပႆနာနဲ႔ၾကံဳေတြ႕ေနခဲ႔ရတာေတြေၾကာင္႔ ပရိတ္သတ္ေတြရဲ႕ စိတ္ပ်က္မွုေတြကိုလည္း ခံခဲ႔ရျပီး ေ၀ဖန္မွုတစ္ခ်ိဳ႕နဲ႔ရင္ဆိုင္ေနခဲ႔ရသူျဖစ္ပါတယ္။ခ်ဲလ္ဆီး အသင္းနဲ႔အတူ ေတာက္ပခဲ႔တဲ႔ဟာဇက္ ဟာ စပိန္ေျမမွာ ေအာင္ျမင္မွုေတြရွာေဖြဖို႔ လတ္တေလာ ခက္ခဲေနေပမယ္႔ ေသခ်ာေပါက္ေက်ာ္ျဖတ္ျပီး ေအာင္ျမင္မွုေတြဆီ ျပန္လာႏိုင္လိမ္႔မယ္လို႔ မာတီနက္စ္ ကေတာ႔ ယံုၾကည္ေနပါတယ္။

ဟာဇက္ ဟာ ျပီးခဲ႔တဲ႔ရက္ပိုင္းက ရီးရဲလ္ နဲ႔အတူတူ ေလ႔က်င္႔ခန္းျပန္ဆင္းေနျပီျဖစ္လို႔ လက္က်န္ပြဲစဥ္ေတြမွာ ပါ၀င္ကစားေပးႏုိင္ဖြယ္ရွိေနပါျပီ။သူ႔ကိုယ္တိုင္လည္း ၾကံ႕ခိုင္မွု ေကာင္းေနျပီး ပြဲေတြျပန္ကစားဖို႔အဆင္သင္႔ျဖစ္ေနျပီလုိ႔ ထုတ္ေဖာ္ေျပာၾကားထားပါတယ္။အသက္ (၂၉) ႏွစ္အရြယ္ရွိ ဟာဇက္ ဟာ ေဖေဖာ္၀ါရီ လထဲက ဒူးဒဏ္ရာေၾကာင္႔ အနားယူေနခဲ႔ရတာျဖစ္ပါတယ္။ဘယ္ဂ်ီယံ နည္းျပ မာတီနက္စ္ ကေတာ႔ Candena SER နဲ႕ေတြ႕ဆံုရာမွာ ‘ ဟာဇက္ ဟာ ေသခ်ာေပါက္ ေအာင္ျမင္လာဦးမွာပါ၊တစ္ခါတေလမွာ ကစားသမားေတြအေနနဲ႔ ကလပ္အသင္းသစ္မွာ စတင္တဲ႔အခ်ိန္အခက္အခဲေတြနဲ႔ၾကံဳေတြ႕ရတက္ပါတယ္ျပီးေတာ႔ ရီးရဲလ္မက္ဒရစ္ ကလပ္ရဲ႕ အေၾကာင္းကို သူနားလည္ဖို႔လိုပါတယ္၊ ပရိတ္သတ္ေတြအေနနဲ႔လည္း သူ႕လိုကစားသမားမ်ိဳးဟာ မရွိဘူးဆိုတာကို လြယ္လြယ္ကူကူနားလည္ႏိုင္ပါတယ္သူဟာ ေသခ်ာေပါက္ ဘလြန္းဒီေအာဆု ကို ဆြတ္ခူးရယူႏိုင္ဦးမွာပါလူေတြအားလံုးကအခုခ်ိန္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ စိုးရိမ္ပူပန္ေနၾကရေပမယ္႔ သူကေတာ႔ ေပ်ာ္ရႊင္မွုရွိေနဆဲပါဘာေၾကာင္႔လဲဆိုေတာ႔ သူ ေဆးစစ္မွု ခံယူျပီးမွာ ၾကီးက်ယ္ခမ္းနားတဲ႔အလုပ္ေတြကို ျပန္လုပ္ႏုိင္ေတာ႔မယ္႔ အေျခအေနရွိေနျပီမို႔လိုပါဒါေၾကာင္႔ သူေပ်ာ္ရႊင္ေနျပီး မၾကာခင္မွာ အရင္ထက္ပိုေကာင္းမြန္လာေတာ႔မွာပါ ’ လို႔ မွတ္ခ်က္ေပးေျပာၾကားသြားခဲ႔ပါတယ္။

#Hazard #Myanball #Real