ဂရီးလစ်ရှ်ဟာယူနိုက်တက်အတွက်ကစားပေးနိုင်ဖွယ်ရှိပါတယ်လို့ထုတ်ဖော်ပြောကြားလာတဲ့အက်စတွန်ဗီလာနည်းပြဟောင်း

အက်စတွန်ဗီလာ အသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်သူ မာတင်အိုနေးလ် က လက်ရှိ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂရီးလစ်ရှ် အနေနဲ့ ယူနိုက်တက်အတွက် ကစားပေးနိုင်မယ့်အခြေအနေရှိတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ဂရီးလစ်ရှ် ဟာ ယူနိုက်တက်တို့ ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီဈေးကွက်မှာထဲက ကမ်းလှမ်းမှုတချို့ပြုလုပ်ထားတာဖြစ်ပါတယ်။ဆိုးလ်ရှား အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ရှိနေတဲ့ ပေါ့ဘာ ရဲ့နေရာအစားထိုးနိုင်ဖို့အတွက် လက်စတာကွင်းလယ်လူ မက်ဒီဆင် နဲ့ ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ် တို့ကို ခေါ်ယူဖို့အလိုရှိနေတာပါ။

အိုနေးလ် က Perform News နဲ့တွေ့ဆုံရာမှာတော့‘ဂရီးလစ်ရှ် ရဲ့အနာဂတ် နဲ့ပက်သက်ပြီး ပြောရရင် အဲ့ဒါက နည်းနည်းတော့ ခက်ခဲပါတယ်၊ သူဟာ အက်စတွန်ဗီလာ ရဲ့ ကစားသမားတစ်ဦးဖြစ်သလိုအဲ့ဒီကလပ်ဟာ သူနှစ်သက်တဲ့ကလပ်အသင်းဖြစ်ပါတယ်ယူနိုက်တက်အတွက် ကစားပေးနိုင်သလားဆိုရင် တော့ အရည်အချင်းရှိတဲ့ ဘယ်ကစားသမားမဆိုအသင်းကြီးမှာ ကစားချင်တာက အသေအချာပါပဲ၊ဒါကြောင့် ယူနိုက်တက်အတွက် ကစားပေးနိုင်ဖို့ရှိပါတယ်ဒီအတွက်တော့ မေးခွန်ထုတ်စရာမလိုပါဘူသူဟာ သန်မာလာပြီး လွန်ခဲ့တဲ့ (၅) နှစ်လောက်ကထက် အများကြီး ပိုကောင်းလာပါတယ် ’ လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဂရီးလစ်ရှ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အက်စတွန်ဗီလာ အသင်းကို ပရီးမီးယားလိဂ်တန်းတက်ခွင့်ရအောင် အဓိက နေရာက စွမ်းဆောင်ပေးထားခဲ့တဲ့သူဖြစ်ပါတယ်။အက်စတွန်ဗီလာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ကွယ်လယ်ရောတိုက်စစ်ကိုပါလိုက်ပါနိုင်စွမ်းရှိတဲ့သူပါ။ယူနိုက်တက်ကို ပြောင်းရွှေ့ကစားခဲ့ပြီး သူ့ရဲ့ အင်္ဂလန် လက်ရွေးစင်ဖြစ်ဖို့ အိပ်မက် ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနိုင်ဖွယ်ရှိနေပါတယ်။

ဂရီးလစ္ရွ္ ဟာ ယူႏုိက္တက္အတြက္ ကစားေပးႏုိင္ဖြယ္ရွိပါတယ္ လို႔ ထုတ္ေဖာ္ေျပာၾကားလာတဲ႔ အက္စတြန္ဗီလာနည္းျပေဟာင္း

အက္စတြန္ဗီလာ အသင္းရဲ႕နည္းျပေဟာင္းတစ္ဦးျဖစ္သူ မာတင္အိုေနးလ္ က လက္ရွိ အက္စတြန္ဗီလာ ကြင္းလယ္လူ ဂရီးလစ္ရွ္ အေနနဲ႔ ယူႏုိက္တက္အတြက္ ကစားေပးႏုိင္မယ္႔အေျခအေနရွိတယ္လို႔ သံုးသပ္ေျပာၾကားလုိက္ပါတယ္။ဂရီးလစ္ရွ္ ဟာ ယူႏိုက္တက္တုိ႔ ေခၚယူဖို႔ အဓိက ပစ္မွတ္ထားေနတဲ႔ ကစားသမားတစ္ဦးျဖစ္ျပီး ျပီးခဲ႔တဲ႔ ေဆာင္းရာသီေစ်းကြက္မွာထဲက ကမ္းလွမ္းမွုတခ်ိဳ႕ျပဳလုပ္ထားတာျဖစ္ပါတယ္။ဆိုးလ္ရွား အေနနဲ႔ လာမယ္႔ေႏြရာသီမွာ အသင္းေျပာင္းဖို႔ရွိေနတဲ႔ ေပါ႔ဘာ ရဲ႕ေနရာအစားထိုးႏိုင္ဖို႔အတြက္ လက္စတာကြင္းလယ္လူ မက္ဒီဆင္ နဲ႔ ဗီလာကြင္းလယ္လူ ဂရီးလစ္ရွ္ တို႔ကို ေခၚယူဖို႔အလိုရွိေနတာပါ။

အိုေနးလ္ က Perform News နဲ႔ေတြ႕ဆံုရာမွာေတာ႔ ဂရီးလစ္ရွ္ ရဲ႕အနာဂတ္ နဲ႔ပက္သက္ျပီး ေျပာရရင္ အဲ႔ဒါက နည္းနည္းေတာ႔ ခက္ခဲပါတယ္၊ သူဟာ အက္စတြန္ဗီလာ ရဲ႕ ကစားသမားတစ္ဦးျဖစ္သလိုအဲ႔ဒီကလပ္ဟာ သူႏွစ္သက္တဲ႔ကလပ္အသင္းျဖစ္ပါတယ္ယူႏုိက္တက္အတြက္ ကစားေပးႏုိင္သလားဆိုရင္ ေတာ႔ အရည္အခ်င္းရွိတဲ႔ ဘယ္ကစားသမားမဆိုအသင္းၾကီးမွာ ကစားခ်င္တာက အေသအခ်ာပါပဲ၊ဒါေၾကာင္႔ ယူႏုိက္တက္အတြက္ ကစားေပးႏုိင္ဖို႔ရွိပါတယ္ဒီအတြက္ေတာ႔ ေမးခြန္ထုတ္စရာမလိုပါဘူးသူဟာ သန္မာလာျပီး လြန္ခဲ႔တဲ႔ (၅) ႏွစ္ေလာက္ကထက္ အမ်ားၾကီး ပိုေကာင္းလာပါတယ္ ’ လို႔ မွတ္ခ်က္ေပးသြားခဲ႔ပါတယ္။

ဂရီးလစ္ရွ္ ဟာ ျပီးခဲ႔တဲ႔ ရာသီတုန္းက အက္စတြန္ဗီလာ အသင္းကို ပရီးမီးယားလိဂ္တန္းတက္ခြင္႔ရေအာင္ အဓိက ေနရာက စြမ္းေဆာင္ေပးထားခဲ႔တဲ႔သူျဖစ္ပါတယ္။အက္စတြန္ဗီလာ အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ျပီး ကြယ္လယ္ေရာတိုက္စစ္ကိုပါလိုက္ပါႏိုင္စြမ္းရွိတဲ႔သူပါ။ယူႏိုက္တက္ကို ေျပာင္းေရႊ႕ကစားခဲ႔ျပီး သူ႕ရဲ႕ အဂၤလန္ လက္ေရြးစင္ျဖစ္ဖုိ႔ အိပ္မက္ ကို အေကာင္အထည္ေဖာ္ဖို႔ ၾကိဳးစားႏိုင္ဖြယ္ရွိေနပါတယ္။

#Grealish #ManUtd #Oneill #Myanball