“သူတို့ ဆီကနေ ကျွန်တော် ထွက်ပြေးခဲ့ရပါတယ်” လို့ အင်တာမီလန်ကစားသမားတွေကို နှုတ်ဆက်စကားမပြောခဲ့တာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို ၂၀၁၀ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖလား ရယူပေးပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းကို မပြောင်းရမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေးခဲ့ရတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မော်ရင်ဟိုဟာ အီတလီကလပ် အင်တာမီလန်အသင်းကို နည်းပြပြီး စီးရီးအေ၊ ကိုပါအီတာလီယာ နဲ့ ချန်ပီယံလိဂ်ဖလားတို့လို ဖလား (၃) လုံးကို ရယူပေးခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။

I Ran Away From Inter Milan To Join Real Madrid - Jose Mourinho ...

အင်တာမီလန်အသင်းကို (၂) နှစ်ကြာ ကိုင်တွယ်ပြီးနောက် သမိုင်းဝင် အောင်ပွဲ ရယူပေးခဲ့တဲ့ မော်ရင်ဟို ဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ် ထမ်းဆောင်ခဲ့သော်လည်း မီလန်အသင်းက ထွက်ခွာခဲ့ရတဲ့အတွက် ဝမ်းနည်းခဲ့ရတယ်လို့ ဝန်ခံသွားပါတယ်။ နည်းပြကြီးဟာ ယခုအခါ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကို နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မက်ဒရစ်ကို စိန်ခေါ်မှုတွေကြောင့် ပြောင်းချင်ခဲ့သော်လည်း အင်တာမီလန်ကစားသမားတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်ရတာ ခက်ခဲတယ်လို့ ခံစားခဲ့ရပါတယ်။

Real Madrid: Ten years since the night Jose Mourinho and ...

မော်ရင်ဟိုက “မာတာရာဇီ နဲ့ နောက်ဆုံး စကားပြောဖြစ်ခဲ့တုန်းက ကျွန်တော်ဟာ ကစားသမားတွေအကုန်လုံးကို ဖက်ချင်ခဲ့ပေမယ့် ကျွန်တော် မကြိုးစားခဲ့ပါဘူး။ ကျွန်တော်ဟာ ကွင်းထဲမှာ သူတို့ နဲ့ အတူတူရှိနေပြီး အောင်ပွဲခံနေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် အဝတ်လဲခန်းကို လိုက်မသွားဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် နှုတ်ဆက်စကားမပြောချင်လို့ပါ။

Jose Mourinho Finally Reveals What He Whispered in Pep Guardiola's ...

ကျွန်တော်အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီလန် ကို ကျွန်တော ်မစွန့်ခွာချင်ခဲ့ပါဘူး။ လူတွေက ကျွန်တော် မက်ဒရစ်နဲ့ ဆက်သွယ်မှုတွေ ရှိတယ်လို့ ပြောနေကြပါတယ်။ ဒါဟာ မမှန်ခဲ့ပါဘူး။ ကျွန်တော် သဘောတူညီမှု ရှိခဲ့ပေမယ့် လက်မှတ်မထိုးရသေးပါဘူး။

Mourinho tells Guardiola: "Stop the partying, this isn't over yet ...

ကျွန်တော်ဟာ ရီးရဲလ်မက်ဒရစ်ကို အဲ့ဒီတုန်းက တစ်ကယ်ကို သွားချင်ခဲ့တာပါ။ အင်္ဂလန် နဲ့ အီတလီမှာ လိဂ်ဖလားတွေ ရယူပြီးနောက ်စပိန်မှာလည်း လိဂ်ဖလား ရချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ မီလန်ကို အသင်းနဲ့အတူ ပြန်လိုက်သွားပြီး ကစားသမားတွေနဲ့ ပရိသတ်တွေနဲ့ အတူတူရှိဖြစ်ခဲ့မယ်ဆိုရင် အသင်းက မထွက်ခွာနိုင်မှာကို စိုးရိမ်မိပါတယ်။ ဒါကြောင့် ကျွန်တော် ထွက်ပြေးလာခဲ့တာပါ။ သူတို့အဝေးကို ထွက်ပြေးခဲ့ရတာပါ” လို့ ပြောသွားခဲ့ပါတယ်။

“သူတို႔ ဆီကေန ကၽြန္ေတာ္ ထြက္ေျပးခဲ့ရပါတယ္” လို႔ အင္တာမီလန္ကစားသမားေတြကို ႏႈတ္ဆက္စကားမေျပာခဲ့တာကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ေမာ္ရင္ဟို

ေမာ္ရင္ဟိုဟာ အင္တာမီလန္အသင္းကို ၂၀၁၀ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဖလား ရယူေပးျပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းကို မေျပာင္းရမွာ စုိးရိမ္တဲ့အတြက္ ထြက္ေျပးခဲ့ရတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ လြန္ခဲ့တဲ့ ဆယ္ႏွစ္တုန္းက ေမာ္ရင္ဟိုဟာ အီတလီကလပ္ အင္တာမီလန္အသင္းကို နည္းျပျပီး စီးရီးေအ၊ ကိုပါအီတာလီယာ နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔လို ဖလား (၃) လံုးကို ရယူေပးခဲ့တဲ့ နည္းျပ ျဖစ္ပါတယ္။

အင္တာမီလန္အသင္းကို (၂) ႏွစ္ၾကာ ကိုင္တြယ္ျပီးေနာက္ သမိုင္း၀င္ ေအာင္ပြဲ ရယူေပးခဲ့တဲ့ ေမာ္ရင္ဟို ဟာ ရီးရဲလ္မက္ဒရစ္အသင္းနည္းျပအျဖစ္ ထမ္းေဆာင္ခဲ့ေသာ္လည္း မီလန္အသင္းက ထြက္ခြာခဲ့ရတဲ့အတြက္ ၀မ္းနည္းခဲ့ရတယ္လို႔ ၀န္ခံသြားပါတယ္။ နည္းျပၾကီးဟာ ယခုအခါ ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းကို နည္းျပအျဖစ္ တာ၀န္ထမ္းေဆာင္ေနတာျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ မက္ဒရစ္ကို စိန္ေခၚမႈေတြေၾကာင့္ ေျပာင္းခ်င္ခဲ့ေသာ္လည္း အင္တာမီလန္ကစားသမားေတြနဲ႔ ပရိသတ္ေတြကို ႏႈတ္ဆက္ရတာ ခက္ခဲတယ္လို႔ ခံစားခဲ့ရပါတယ္။

ေမာ္ရင္ဟိုက “မာတာရာဇီ နဲ႔ ေနာက္ဆံုး စကားေျပာျဖစ္ခဲ့တုန္းက ကၽြန္ေတာ္ဟာ ကစားသမားေတြအကုန္လံုးကို ဖက္ခ်င္ခဲ့ေပမယ့္ ကၽြန္ေတာ္ မၾကိဳးစားခဲ့ပါဘူး။ ကၽြန္ေတာ္ဟာ ကြင္းထဲမွာ သူတို႔ နဲ႔ အတူတူရွိေနျပီး ေအာင္ပြဲခံေနခဲ့ပါတယ္။ ျပီးေတာ့ ကၽြန္ေတာ္ အ၀တ္လဲခန္းကို လိုက္မသြားျဖစ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္ ႏႈတ္ဆက္စကားမေျပာခ်င္လို႔ပါ။

ကၽြန္ေတာ္အတြက္ အရမ္းခက္ခဲခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မီလန္ ကို ကၽြန္ေတာ ္မစြန္႔ခြာခ်င္ခဲ့ပါဘူး။ လူေတြက ကၽြန္ေတာ္ မက္ဒရစ္နဲ႔ ဆက္သြယ္မႈေတြ ရွိတယ္လို႔ ေျပာေနၾကပါတယ္။ ဒါဟာ မမွန္ခဲ့ပါဘူး။ ကၽြန္ေတာ္ သေဘာတူညီမႈ ရွိခဲ့ေပမယ့္ လက္မွတ္မထိုးရေသးပါဘူး။

ကၽြန္ေတာ္ဟာ ရီးရဲလ္မက္ဒရစ္ကို အဲ့ဒီတုန္းက တစ္ကယ္ကို သြားခ်င္ခဲ့တာပါ။ အဂၤလန္ နဲ႔ အီတလီမွာ လိဂ္ဖလားေတြ ရယူျပီးေနာက ္စပိန္မွာလည္း လိဂ္ဖလား ရခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္အေနနဲ႔ မီလန္ကို အသင္းနဲ႔အတူ ျပန္လိုက္သြားျပီး ကစားသမားေတြနဲ႔ ပရိသတ္ေတြနဲ႔ အတူတူရွိျဖစ္ခဲ့မယ္ဆိုရင္ အသင္းက မထြက္ခြာႏိုင္မွာကို စိုးရိမ္မိပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ ထြက္ေျပးလာခဲ့တာပါ။ သူတို႔အေ၀းကို ထြက္ေျပးခဲ့ရတာပါ” လို႔ ေျပာသြားခဲ့ပါတယ္။