ကိုရိုနာဗိုင်းရပ်စ် ကိုကြောက်ရွံ့နေတာကြောင့် ဒီရာသီ လက်ကျန်ပွဲစဉ်တွေကို ချဲလ်ဆီး နဲ့အတူ မကစားချင်တော့တဲ့ ကန်တေ

ချဲလ်ဆီး အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူ ကန်တေ ဟာ ဒီရာသီ ချဲလ်ဆီး အသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို ပါဝင်ကစားလိုခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ကန်တေ ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှု ခံယူထားခဲ့ပေမယ့်လည်း ဗိုင်းရပ်စ် ပိုးကူးစက်မှာကို စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ပါတယ်။အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာလည်း အဆိုပါကွင်းလယ်လူဟာ သက်တောင့်သက်သာ ရှိမနေခဲ့တာတွေ့ရပါတယ်။

ကန်တေဟာ မတ်လမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် UK Lock Down ချထားစဉ်ထဲက စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီး သူ့ဆီမှာ ရှိနေတဲ့ ပြဿနာတစ်ခုကလည်း (၂၀၁၈) ခုနှစ်မှာ အစ်ကိုဖြစ်သူ ကို လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်နေစဉ်မှာ နှလုံးရောဂါနဲ့ ဆုံးရှုံးထားဖူးတဲ့ အချက်ကလည်း ပါဝငနေတယ်လို့ ဆိုပါတယ်။ါကြောင့် ကန်တေ ဟာ ချဲလ်ဆီး ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခြင်းမပြုလုပ်ပဲ ဒီရာသီကို အသင်းအတွက်မကစားပေးတော့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တောင်းဆိုချက်ကိုလည်း ချဲလ်ဆီး အသင်းဘက်က လက်ခံပေးသွားဖွယ်ရှိနေပြီး နည်းပြ လမ်းပတ်ကလည်း ခွင့်ပြုပေးဖို့ရှိနေပါတယ်။ဒါကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ချဲလ်ဆီး အသင်းဟာ အားနည်းသွားနိုင်ပြီး ယူနိုက်တက် ရှက်ဖီး စပါး တို့နဲ့ ပြိုင်ဆိုင်မှု မှာ ရုန်းကန်ရမယ့် အခြေအနေတွေရှိနေပါတယ်။

#Kante #Chelsea #Myanball

Zawgyi

ကိုရုိနာဗိုင္းရပ္စ္ ကိုေၾကာက္ရြံ႕ေနတာေၾကာင္႔ ဒီရာသီ လက္က်န္ပြဲစဥ္ေတြကို ခ်ဲလ္ဆီး နဲ႔အတူ မကစားခ်င္ေတာ႔တဲ႔ ကန္ေတ

ခ်ဲလ္ဆီး အသင္းရဲ႕ကြင္းလယ္ကစားသမားျဖစ္သူ ကန္ေတ ဟာ ဒီရာသီ ခ်ဲလ္ဆီး အသင္းရဲ႕လက္က်န္ပြဲစဥ္ေတြကုိ ပါ၀င္ကစားလိုျခင္းမရွိေတာ႔ဘူးလို႔ သိရပါတယ္။ကန္ေတ ဟာ ျပီးခဲ႔တဲ႔ရက္ပိုင္းက အသင္းရဲ႕ေလ႔က်င္႔ေရးကြင္းကို ေရာက္ရွိလာခဲ႔ျပီး ေဆးစစ္မွု ခံယူထားခဲ႔ေပမယ္႔လည္း ဗိုင္းရပ္စ္ ပိုးကူးစက္မွာကို စိုးရိမ္ထိတ္လန္႔ေနဆဲျဖစ္ပါတယ္။အဂၤါေန႔က ျပဳလုပ္ခဲ႔တဲ႔ ေလ႔က်င္႔ခန္းအစီအစဥ္မွာလည္း အဆိုပါကြင္းလယ္လူဟာ သက္ေတာင္႔သက္သာ ရွိမေနခဲ႔တာေတြ႕ရပါတယ္။

ကန္ေတဟာ မတ္လမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ UK Lock Down ခ်ထားစဥ္ထဲက စိုးရိမ္ပူပန္ေနတာျဖစ္ပါတယ္။က်န္းမာေရးနဲ႔ပက္သက္ျပီး သူ႔ဆီမွာ ရွိေနတဲ႔ ျပႆနာတစ္ခုကလည္း (၂၀၁၈) ခုႏွစ္မွာ အစ္ကိုျဖစ္သူ ကို ေလ႔က်င္႔ခန္းအစီအစဥ္ျပဳလုပ္ေနစဥ္မွာ ႏွလံုးေရာဂါနဲ႔ ဆံုးရွံုးထားဖူးတဲ႔ အခ်က္ကလည္း ပါ၀င္ေနတယ္လို႔ ဆိုပါတယ္။ဒါေၾကာင္႔ ကန္ေတ ဟာ ခ်ဲလ္ဆီး ရဲ႕ေလ႔က်င္႔ခန္းအစီအစဥ္ေတြမွာ ပါ၀င္ျခင္းမျပဳလုပ္ပဲ ဒီရာသီကို အသင္းအတြက္မကစားေပးေတာ႔ဖို႔ ဆံုးျဖတ္ခဲ႔တာျဖစ္ပါတယ္။သူ႕ရဲ႕ေတာင္းဆိုခ်က္ကိုလည္း ခ်ဲလ္ဆီး အသင္းဘက္က လက္ခံေပးသြားဖြယ္ရွိေနျပီး နည္းျပ လမ္းပတ္ကလည္း ခြင္႔ျပဳေပးဖို႔ရွိေနပါတယ္။
ဒါေၾကာင္႔ လက္က်န္ပြဲစဥ္ေတြမွာ ခ်န္ပီယံလိဂ္၀င္ခြင္႔အတြက္ တိုက္ပြဲ၀င္ေနတဲ႔ ခ်ဲလ္ဆီး အသင္းဟာ အားနည္းသြားႏုိင္ျပီး ယူႏိုက္တက္ ရွက္ဖီး စပါး တို႔နဲ႔ ျပိဳင္ဆိုင္မွု မွာ ရုန္းကန္ရမယ္႔ အေျခအေနေတြရွိေနပါတယ္။

#Kante #Chelsea #Myanball