အူဘာမီယန်းဟာ ဆုဖလားတွေနဲ့ ထိုက်တန်သူဖြစ်တယ်လို့ ဆိုလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ်တိုက်စစ်ကစားသမားဟောင်း အီယန်ရိုက်က အူဘာမိယန်းဟာ ဆုဖလားတွေနဲ့ ထိုက်တန်သူတစ်ယောက်ဖြစ်ပေမယ့် ဂန်းနားအသင်းမှအသင်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေဖို့ မျှော်လင့်နေတယ်လို့ ပြောသွားပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်ကစားသမားဟာ အာဆင်နယ် အသင်းကို စရောက်လာကတည်းက ပြိုင်ပွဲစုံ (၉၇) ပွဲကစားထားပြီး (၆၁) ဂိုးကို အသင်းအတွက် ခြေစွမ်းပြ သွင်းယူပေးထားသူဖြစ်ပါတယ်။ အူဘာမီယန်းဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ရာသီမှာလည်း (၁၇) ဂိုးသွင်းထားပါတယ်။

Arsenal legend Ian Wright makes honest Pierre-Emerick Aubameyang ...

သို့သော်လည်း အူဘာမီယန်းဟာ အမ်းမရိတ်မှာ ဆုဖလား တစ်ခုမှ မရသေးတာဖြစ်ပြီး အီယန်ရိုက်က သူ့အနေနဲ့ အသင်းပြောင်းချင်တယ်ဆိုရင်တောင် မဝေဖန်သင့်ဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ရိုက်က “အူဘာမီယန်း ဒီမှာ ရှိနေတဲ့အပေါ် ကျွန်တော်တို့ ပြောဆိုနေကြတာပါ။ သူဟာ ဒီမှာ ဆုဖလားတွေ လိုချင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လည်း လက်တွဲသွားနိုင်ပါဘူး။

Photo: Pierre-Emerick Aubameyang hangs out with Ian Wright | Off ...

သူဟာ ကစားသမားဘဝမှာ ဂိုးတွေ သွင်းနေသူဖြစ်ပြီး ဒါတွေအတွက် သူ့အနေနဲ့ တစ်စုံတစ်ခု သက်သေပြချင်မှာပါ။ သူဟာ ဂျာမနီမှာ အဲ့လိုမဖြစ်ခဲ့ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူအနေနဲ့ ထွက်ခွာသွားရင်တောင် သူဟာ ဆက်မနေချင်တော့လို့ ဖြစ်မှာပါ။ လူတွေအနေနဲ့ သူ့ကို ဒီလိုအနေအထားမျိုးမှာ အပြစ်တင်မလားဆိုတာ သေချာမသိပါဘူး။ ဘာကြောင့် လဲဆိုတော့ အာဆင်နယ်အသင်းဟာ အခု အပြောင်းအလဲကာလကို ရောက်နေပါတယ်။

Arsenal striker Pierre-Emerick Aubameyang sent transfer demand by ...

အာစင်ဝင်းဂါး ထွက်သွားတယ်၊ အူနိုင်းအမ်မရီ လည်း ထွက်သွားပြီး အခု မိုက်ကယ်အာတီတာ အနေနဲ့ အသင်းကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

Ian Wright: 'Pierre-Emerick Aubameyang deserves to win trophies ...

ဒါပေမယ့် အူဘာမီယန်းရဲ့ အသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ သူဘာပဲ ဆုံးဖြတ်ပါစေ အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပေမယ့် အာဆင်နယ်မှာပဲ ဆက်နေဖို့ ဘုရားမှာ ကျွန်တော်ဆုတောင်းမှာပါ”လို့ အီယန်ရိုက်က အားကစားသတင်းဌာန တစ်ခုကို ပြောသွားခဲ့ပါတယ်။

အူဘာမီယန္းဟာ ဆုဖလားေတြနဲ႔ ထိုက္တန္သူျဖစ္တယ္လို႔ ဆိုလိုက္တဲ့ အီယန္ရိုက္

အာဆင္နယ္တိုက္စစ္ကစားသမားေဟာင္း အီယန္ရိုက္က အူဘာမိယန္းဟာ ဆုဖလားေတြနဲ႔ ထိုက္တန္သူတစ္ေယာက္ျဖစ္ေပမယ့္ ဂန္းနားအသင္းမွအသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ရွိေနဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ေျပာသြားပါတယ္။ ဂါဘြန္လက္ေရြးစင္တိုက္စစ္ကစားသမားဟာ အာဆင္နယ္ အသင္းကို စေရာက္လာကတည္းက ျပိဳင္ပြဲစံု (၉၇) ပြဲကစားထားျပီး (၆၁) ဂိုးကို အသင္းအတြက္ ေျခစြမ္းျပ သြင္းယူေပးထားသူျဖစ္ပါတယ္။ အူဘာမီယန္းဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ ရာသီမွာလည္း (၁၇) ဂိုးသြင္းထားပါတယ္။

သို႔ေသာ္လည္း အူဘာမီယန္းဟာ အမ္းမရိတ္မွာ ဆုဖလား တစ္ခုမွ မရေသးတာျဖစ္ျပီး အီယန္ရိုက္က သူ႔အေနနဲ႔ အသင္းေျပာင္းခ်င္တယ္ဆိုရင္ေတာင္ မေ၀ဖန္သင့္ဘူးလို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ရိုက္က “အူဘာမီယန္း ဒီမွာ ရွိေနတဲ့အေပၚ ကၽြန္ေတာ္တို႔ ေျပာဆိုေနၾကတာပါ။ သူဟာ ဒီမွာ ဆုဖလားေတြ လုိခ်င္ေနတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ျပီးေတာ့ သူဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ လည္း လက္တြဲသြားႏိုင္ပါဘူး။

သူဟာ ကစားသမားဘ၀မွာ ဂိုးေတြ သြင္းေနသူျဖစ္ျပီး ဒါေတြအတြက္ သူ႔အေနနဲ႔ တစ္စံုတစ္ခု သက္ေသျပခ်င္မွာပါ။ သူဟာ ဂ်ာမနီမွာ အဲ့လိုမျဖစ္ခဲ့ဘူးဆိုတာ ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္ သူအေနနဲ႔ ထြက္ခြာသြားရင္ေတာင္ သူဟာ ဆက္မေနခ်င္ေတာ့လို႔ ျဖစ္မွာပါ။ လူေတြအေနနဲ႔ သူ႔ကို ဒီလိုအေနအထားမ်ိဳးမွာ အျပစ္တင္မလားဆိုတာ ေသခ်ာမသိပါဘူး။ ဘာေၾကာင့္ လဲဆိုေတာ့ အာဆင္နယ္အသင္းဟာ အခု အေျပာင္းအလဲကာလကို ေရာက္ေနပါတယ္။

အာစင္၀င္းဂါး ထြက္သြားတယ္၊ အူႏိုင္းအမ္မရီ လည္း ထြက္သြားျပီး အခု မိုက္ကယ္အာတီတာ အေနနဲ႔ အသင္းကို ေျပာင္းလဲႏိုင္မယ္လို႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္။

ဒါေပမယ့္ အူဘာမီယန္းရဲ႕ အသင္းအတြက္ လုပ္ေဆာင္ေပးခဲ့တာေတြအတြက္ သူ႔ကို ေက်းဇူးတင္ပါတယ္။ သူဘာပဲ ဆံုးျဖတ္ပါေစ အေကာင္းဆံုးျဖစ္ပါေစလို႔ ကၽြန္ေတာ္ဆုေတာင္းေပးေပမယ့္ အာဆင္နယ္မွာပဲ ဆက္ေနဖို႔ ဘုရားမွာ ကၽြန္ေတာ္ဆုေတာင္းမွာပါ”လို႔ အီယန္ရိုက္က အားကစားသတင္းဌာန တစ္ခုကို ေျပာသြားခဲ့ပါတယ္။