မွိုက်ဆီကိန်းကို ရိုးမားအသင်းထံ အငှားချဖို့ ခွင့်ပြုလိုက်တဲ့ အဲဗာတန်အသင်း

အဲဗာတန်အသင်းဟာ တိုက်စစ်မှူး မွိုက်ဆီကိန်းကို ရိုးမားအသင်းထံ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အငှားချဖို့ မီးစိမ်းပြန်လိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်ကနေ ပြောင်းရွှေ့လာသော်လည်း အထိုင်ကျဖို့ ရုန်းကန်နေရပြီး အဲဗာတန်အသင်းအတွက ်ပရီးမီးယားလိဂ် (၂၃) ပွဲမှာ (၁) ဂိုးသာ သွင်းထားသူဖြစ်ပါတယ်။

Report: AS Roma join hunt for misfiring Everton striker Moise Kean

သတင်းများအရ အဲဗာတန်နည်းပြ အန်စလော့တီဟာ တိုက်စစ်ကစားသမားကို ရိုးမားအသင်းထံ ပျော်ပျော်ကြီး ခဏ အငှားချပေးမှာဖြစ်ပါတယ်။ စီးရီးအေ ကလပ်အသင်းဟာ တိုက်စစ်ကစားသမားကို ဝယ်ယူခွင့် ရရှိမှာ မဟုတ်ပါဘူး။ အန်စလော့တီဟာ အာဆင်နယ် နဲ့ စပါးအသင်းတို့က ဆက်သွယ်နေတဲ့ ရိုးမားတောင်ပံကစားသမား ဆန်ဂစ်ဇ်အန်ဒါ နဲ့ ပတ်သတ်ပြီးတော့လည်း စုံစမ်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Roma 'locked in talks' to sign Everton flop Moise Kean as the ...

ကိန်းဟာ ပြီးခဲ့တဲ့လက လည်း ပါတီပွဲ တစ်ပွဲကို တက်ရောက်ခဲ့ပြီး Lockdown စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် အဲဗာတန်အသင်းနဲ့ အခြေအနေတင်းမာမှုတွေဖြစ်ခဲ့ပါသေးတယ်။

မိြဳက္ဆီကိန္းကို ရိုးမားအသင္းထံ အငွားခ်ဖို႔ ခြင့္ျပဳလုိက္တဲ့ အဲဗာတန္အသင္း

အဲဗာတန္အသင္းဟာ တိုက္စစ္မွဴး မိြဳက္ဆီကိန္းကို ရိုးမားအသင္းထံ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ အငွားခ်ဖို႔ မီးစိမ္းျပန္လိုက္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၀ အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္ကေန ေျပာင္းေရႊ႕လာေသာ္လည္း အထိုင္က်ဖို႔ ရုန္းကန္ေနရျပီး အဲဗာတန္အသင္းအတြက ္ပရီးမီးယားလိဂ္ (၂၃) ပြဲမွာ (၁) ဂိုးသာ သြင္းထားသူျဖစ္ပါတယ္။

သတင္းမ်ားအရ အဲဗာတန္နည္းျပ အန္စေလာ့တီဟာ တိုက္စစ္ကစားသမားကို ရိုးမားအသင္းထံ ေပ်ာ္ေပ်ာ္ၾကီး ခဏ အငွားခ်ေပးမွာျဖစ္ပါတယ္။ စီးရီးေအ ကလပ္အသင္းဟာ တိုက္စစ္ကစားသမားကို ၀ယ္ယူခြင့္ ရရွိမွာ မဟုတ္ပါဘူး။ အန္စေလာ့တီဟာ အာဆင္နယ္ နဲ႔ စပါးအသင္းတို႔က ဆက္သြယ္ေနတဲ့ ရိုးမားေတာင္ပံကစားသမား ဆန္ဂစ္ဇ္အန္ဒါ နဲ႔ ပတ္သတ္ျပီးေတာ့လည္း စံုစမ္းမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။

ကိန္းဟာ ျပီးခဲ့တဲ့လက လည္း ပါတီပြဲ တစ္ပြဲကို တက္ေရာက္ခဲ့ျပီး Lockdown စည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ အဲဗာတန္အသင္းနဲ႔ အေျခအေနတင္းမာမႈေတြျဖစ္ခဲ့ပါေသးတယ္။