ဒရော့ဘာ ရဲ့စည်းရုံးမှုကြောင့် ယူနိုက်တက်ကို ငြင်းပယ်ခဲ့ရတယ်လို့ ပြောပြလာခဲ့တဲ့ အက်ဆီယန်

ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ မိုက်ကယ်အက်ဆီယန် က ချဲလ်ဆီး နဲ့ ယူနိုက်တက်တို့ နှစ်သင်းရဲ့ကမ်းလှမ်းမှု မှာ ချဲလ်ဆီး ကို ရွေးချယ်ခဲ့ရတဲ့အကြောင်းနဲ့ပက်သက်ပြီး ပြောပြသွားခဲ့ပါတယ်။အက်ဆီယန် ဟာ (၂၀၀၅) ခုနှစ်ကနေ (၂၀၁၄) ခုနှစ်အထိ ချဲလ်ဆီး အသင်းအတွက် (၉) နှစ်ကြာကစားပေးသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ သူဟာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ချဲလ်ဆီး အသင်းနဲ့ တစ်ပြိုင်ထဲမှာပဲ ရရှိခဲ့တာဖြစ်ပြီး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ဖာဂူဆန် ဟာ ထိုအချိန်တုန်းက အသက်ရလာပြီဖြစ်တဲ့ ကွင်းလယ်ခံစစ်ကစားသမား ရွိုင်ကိန်း ရဲ့နေရာမှာ အစားထိုးဖို့အတွက် အက်ဆီယန် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။


အက်ဆီယန် ဟာ Carol Tshabalala နဲ့ တွေ့ဆုံမေးမြန်းမှု မှာ ‘ ကျွန်တော်ဒုတိယပြောင်းရွှေ့ကစားခဲ့တဲ့ အသင်းက လိုင်ယွန် ပါ၊ကျွန်တော်ဒီအသင်းနဲ့အတူ ရာသီကြိုပွဲစဉ်တွေ ကစားနေခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ချဲလ်ဆီး နဲ့ ယူနိုက်တက်တို့ဆီက နေ ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်အဲ့ဒီ့အချိန်က ကျွန်တော် ယူနိုက်တက်မှာ ကစားရမှာကိုလည်း သဘောကျပါတယ်၊ဒါပေမဲ့ ကျွန်တော်နေ့တိုင်းလိုလို ဟိုဆေးမော်ရင်ဟို နဲ့ စကားတွေအမြဲပြောဖြစ်တယ်၊ သူက ကျွန်တော့်ကို ချဲလ်ဆီး အသင်းဆီ လာရောက်ပူးပေါင်းစေချင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်းပြောပြတယ်အဲ့ဒါက လွယ်ကူပါတယ်၊

ကျွန်တော် မော်ရင်ဟို နဲ့ ပထမဆုံး စပြီးတွေ့ခဲ့တဲ့အချိန်ကို မှတ်မိသေးတယ်၊မာလူဒါ ရဲ့အိမ်မှာ အကင်တွေလုပ်စားကြတုန်းက သူနဲ့ပထမဆုံးတွေ့ခဲ့တာပါ၊ သူက ဒရော့ဘာ ကိုလည်း ခေါ်ခဲ့တယ်ဒရော့ဘာ နဲ့ သူနဲ့ စကားပြောနေတာဟာ အရမ်းကို နီးနီးကပ်ကပ်ရှိပြီး ရင်းနှီးကြတယ်ပြီးတော့ ဒရော့ဘာ က ကျွန်တော့်ကို မေးတယ်၊ မင်းကို ဟိုဆေး က လိုချင်တယ်လို့ ပြောတယ်မလားသူ့ရဲ့လူစာရင်းထဲမှာ မင်းကိုပါဝင်စေချင်တာ တွေ့တယ်မလား လို့ ပြီးတော့ သူကျွန်တော့် ကို ဖုန်းနံပါတ်ပေးခဲ့တယ်၊အဲ့ဒီကစပြီး ဒရော့ဘာ နဲ့ စကားပြောဖြစ်ကြတာပါပဲ၊ဒါ ကျွန်တော်တို့ရဲ့ စတင်ပုံဖြစ်ပြီးတော့ အရာရာအားလုံး ဒီကနေဖြစ်ပေါ်လာခဲ့တာပါ ’ လို့ ပြောပြသွားခဲ့ပါတယ်။အက်ဆီယန် ဟာ လက်ရှိမှာ အဇာဘိုင်ဂျန်ပရီးမီးယားလိဂ်မှာ ကစားနေဆဲဖြစ်ပြီး အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

#Essien #Chelsea #Drogba #Myanball

Zawgyi

ဒေရာ႔ဘာ ရဲ႕စည္းရံုးမွုေၾကာင္႔ ယူႏိုက္တက္ကို ျငင္းပယ္ခဲ႔ရတယ္လို႔ ေျပာျပလာခဲ႔တဲ႔ အက္ဆီယန္

ခ်ဲလ္ဆီး အသင္းရဲ႕ ကြင္းလယ္ခံစစ္ကစားသမားေဟာင္းၾကီးတစ္ဦးျဖစ္သူ မိုက္ကယ္အက္ဆီယန္ က ခ်ဲလ္ဆီး နဲ႔ ယူႏိုက္တက္တို႔ ႏွစ္သင္းရဲ႕ကမ္းလွမ္းမွု မွာ ခ်ဲလ္ဆီး ကို ေရြးခ်ယ္ခဲ႔ရတဲ႔အေၾကာင္းနဲ႔ပက္သက္ျပီး ေျပာျပသြားခဲ႔ပါတယ္။အက္ဆီယန္ ဟာ (၂၀၀၅) ခုႏွစ္ကေန (၂၀၁၄) ခုႏွစ္အထိ ခ်ဲလ္ဆီး အသင္းအတြက္ (၉) ႏွစ္ၾကာကစားေပးသြားခဲ႔တာျဖစ္ပါတယ္။ဒါေပမဲ႔ သူဟာ ယူႏုိက္တက္ရဲ႕ကမ္းလွမ္းမွုကို ခ်ဲလ္ဆီး အသင္းနဲ႔ တစ္ျပိဳင္ထဲမွာပဲ ရရွိခဲ႔တာျဖစ္ျပီး ျငင္းပယ္ခဲ႔တာျဖစ္ပါတယ္။ဖာဂူဆန္ ဟာ ထိုအခ်ိန္တုန္းက အသက္ရလာျပီျဖစ္တဲ႔ ကြင္းလယ္ခံစစ္ကစားသမား ရြိဳင္ကိန္း ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အက္ဆီယန္ ကို ေခၚယူဖို႔ စိတ္၀င္စားေနခဲ႔တာပါ။

အက္ဆီယန္ ဟာ Carol Tshabalala နဲ႔ ေတြ႕ဆံုေမးျမန္းမွု မွာ ‘ ကြ်န္ေတာ္ဒုတိယေျပာင္းေရႊ႕ကစားခဲ႔တဲ႔ အသင္းက လိုင္ယြန္ ပါ၊ကြ်န္ေတာ္ဒီအသင္းနဲ႔အတူ ရာသီၾကိဳပြဲစဥ္ေတြ ကစားေနခဲ႔ျပီး ျပန္လာတဲ႔အခ်ိန္မွာ ခ်ဲလ္ဆီး နဲ႔ ယူႏုိက္တက္တို႔ဆီက ေန ကမ္းလွမ္းမွုကို ရရွိခဲ႔ပါတယ္အဲ႔ဒီ႔အခ်ိန္က ကြ်န္ေတာ္ ယူႏိုက္တက္မွာ ကစားရမွာကိုလည္း သေဘာက်ပါတယ္၊ဒါေပမဲ႔ ကြ်န္ေတာ္ေန႔တိုင္းလိုလို ဟိုေဆးေမာ္ရင္ဟို နဲ႔ စကားေတြအျမဲေျပာျဖစ္တယ္၊ သူက ကြ်န္ေတာ္႔ကို ခ်ဲလ္ဆီး အသင္းဆီ လာေရာက္ပူးေပါင္းေစခ်င္တဲ႔အေၾကာင္း ရွင္းရွင္းလင္းလင္းေျပာျပတယ္အဲ႔ဒါက လြယ္ကူပါတယ္၊

ကြ်န္ေတာ္ ေမာ္ရင္ဟို နဲ႔ ပထမဆံုး စျပီးေတြ႕ခဲ႔တဲ႔အခ်ိန္ကို မွတ္မိေသးတယ္၊မာလူဒါ ရဲ႕အိမ္မွာ အကင္ေတြလုပ္စားၾကတုန္းက သူနဲ႔ပထမဆံုးေတြ႕ခဲ႔တာပါ၊ သူက ဒေရာ႔ဘာ ကိုလည္း ေခၚခဲ႔တယ္ဒေရာ႔ဘာ နဲ႔ သူနဲ႔ စကားေျပာေနတာဟာ အရမ္းကို နီးနီးကပ္ကပ္ရွိျပီး ရင္းႏွီးၾကတယ္ျပီးေတာ႔ ဒေရာ႔ဘာ က ကြ်န္ေတာ္႔ကို ေမးတယ္၊ မင္းကို ဟိုေဆး က လိုခ်င္တယ္လို႔ ေျပာတယ္မလားသူ႕ရဲ႕လူစာရင္းထဲမွာ မင္းကိုပါ၀င္ေစခ်င္တာ ေတြ႔တယ္မလား လို႔ ျပီးေတာ႔ သူကြ်န္ေတာ္႔ ကို ဖုန္းနံပါတ္ေပးခဲ႔တယ္၊အဲ႔ဒီကစျပီး ဒေရာ႔ဘာ နဲ႔ စကားေျပာျဖစ္ၾကတာပါပဲ၊ဒါ ကြ်န္ေတာ္တို႔ရဲ႕ စတင္ပံုျဖစ္ျပီးေတာ႔ အရာရာအားလံုး ဒီကေနျဖစ္ေပၚလာခဲ႔တာပါ ’ လို႔ ေျပာျပသြားခဲ႔ပါတယ္။အက္ဆီယန္ ဟာ လက္ရွိမွာ အဇာဘိုင္ဂ်န္ပရီးမီးယားလိဂ္မွာ ကစားေနဆဲျဖစ္ျပီး အသက္ (၃၇) ႏွစ္အရြယ္ရွိျပီျဖစ္ပါတယ္။

#Essien #Chelsea #Drogba #Myanball