ချဲလ်ဆီးနဲ့အတူရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဟာ သူစွမ်းဆောင်ပေးခဲ့တာမဟုတ်လို့ လက်ဖျားနဲ့တောင်မထိခဲ့ဘူးဆိုတဲ့ လူကာကူ

အင်တာမီလန် အသင်းရဲ့တိုက်စစ်မှူး လူကာကူ ကတော့ ပြီးခဲ့တဲ့ (၂၀၁၂) က ချဲလ်ဆီး အသင်းနဲ့အတူ ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားနဲ့ပက်သက်ပြီး ပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။ချဲလ်ဆီး အသင်းဟာ ယာယီနည်းပြ ဒီမက်တီယို ရဲ့လက်ထက်မှာ အသင်းရဲ့ ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ချဲလ်ဆီး အသင်းအတွက် ပထမဆုံးအကြိမ်ဖြစ်လို့ သမိုင်းဝင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့ရသလို လူငယ်ကစားသမားအဖြစ်ရှိနေတဲ့ လူကာကူ အတွက်လည်း ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ လူကာကူ ကတော့ ဒီအောင်ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်မပါဝင်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်ဖလားကို လက်ဖျားနဲ့တောင် မထိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

လူကာကူ ဟာ အသက် (၁၈) နှစ်အရွယ် (၂၀၁၁) ခုနှစ်မှာ အန်ဒါလက်ချ် ကနေ ချဲလ်ဆီး ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။စတန်းဖို့ဘရစ်ချ် မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပဲ ရုန်းကန်နေခဲ့ရပြီး ဝက်ဘရွန်း နဲ့ အဲဗာတန် အသင်းတွေဆီမှာလည်း အငှားထွက်ကစားနေခဲ့ရပါတယ်။(၂၀၁၄) ခုနှစ်မှာတော့ အဲဗာတန် ကိုအပြီးရောက်ရှိသွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။ဒီမတိုင်ခင် (၂၀၁၂) ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ လူကာကူ ဟာ ချဲလ်ဆီး အသင်းနဲ့အတူရှိနေဆဲဖြစ်ပြီး အရံခုံမှာလိုက်ပါခဲ့ရပါတယ်။ဒါပေမဲ့ ပါဝင်ကစားခွင့်တော့မရခဲ့ပဲ နည်းပြဒီမက်တီယို ရဲ့ အရှေ့က နည်းပြ ဗီလာဘိုအာ့စ် ဟာ သူ့ကို အခွင့်အရေးတွေပိတ်ပင်တားဆီးခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ဘိုအာ့စ် ဟာ သူ့ကို ကစားနေကြနေရာမဟုတ်တဲ့ တိုက်စစ် ရဲ့ ဘယ်တောင်ပံ ညာတောင်ပံ တွေမှာ ထွက်ကစားခိုင်းစေခဲ့ပြီး တိုးတက်မှုတွေကို ဖျက်ဆီးထားခဲ့တယ်လို့ဆိုခဲ့ပြီး အဲ့ဒီနှစ်က ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ကိုလည်း သူ မကိုင်မြှောက်ချင်ခဲ့ဘူးလို့ HLN သတင်းဌာနဲ့တွေ့ဆုံရာမှာ ပြောပြသွားခဲ့ပါတယ်။


‘နည်းပြသစ် ဒီမက်တီယို ကတော့ ကျွန်တော့်ကို ချန်ပီယံလိဂ်ဖိုင်နယ်ပြီးသွားခဲ့တဲ့အချိန်မှာ အသင်းမှာ ဆက်နေဖို့ ပြောခဲ့ပါတယ်ချန်ပီယံလိဂ်လူစာရင်းမှာပါဝင်ခြင်းမရှိတဲ့သူတွေရော၊ ပြစ်ဒဏ်ကျခံနေရသူတွေရောပေါ့အဲ့ဒီ့အတွက် ဒီမက်တီယို ကို ကျွန်တော်ကျေးဇူးတင်ပါတယ်၊ ဒီချန်ပီယံလိဂ်အောင်ပွဲဟာ ကျွန်တော်အမြဲအိပ်မက်မက်ခဲ့တဲ့အရာပါခင်ဗျားဆိုရင်လည်း ဒီလိုအချိန်မှာ တစ်သင်းလုံးနဲ့အတူတူ ပျော်ရွှင်အောင်ပွဲခံ ချင်မှာပါပဲကျွန်တော့်အသက် (၁၉) နှစ်အရွယ်ပဲရှိသေးတဲ့အတွက် အရမ်းကို ကောင်းမွန်တဲ့အတွေ့အကြုံပါ
ကျွန်တော်တစ်သင်းလုံးကိုယ်စား ဝမ်းသာရပါတယ်၊

ဒါပေမဲ့ ဒီမက်တီယို ရဲ့အရင်နည်းပြ ဘိုအာ့စ် က ကျွန်တော့်ကို အခွင့်အလမ်းတွေပိတ်ဆို့ခဲ့ပါတယ်၊သူဟာ ကျွန်တော့်ကို အားမသန်တဲ့ တိုက်စစ်ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေမှာ ထားပြီးကစားစေခဲ့ပါတယ်၊သူ့မှာ ဒီကလပ်အသင်းနဲ့ပတ်သက်ပြီး ဖိအားတွေများနေခဲ့တာသိပေမယ့် ကျွန်တော့်ကိုတော့ ဒီလို အခွင့်အရေးပိတ်ဆိုအောင် မဆက်ဆံခဲ့သင့်ပါဘူး၊သူ့ကိုကျွန်တော် ဘယ်တော့မှမမေ့ဘူး၊ ဒါကြောင့် ကျွန်တော် ချန်ပီယံလိဂ်ဖလားကို လက်ဖျားနဲ့တောင်မထိခဲ့ပါဘူး၊ ဒီဖလားဟာ ကျွန်တော့်ရဲ့ကြိုးစားမှုကြောင့် ရခဲ့တာမဟုတ်လို့လေဒီခံယူချက်မျိုးကို ကျွန်တော့်အသက် (၁၁) နှစ်မှာထဲက ထားတာပါ၊ တကယ်လို့ ကျွန်တော်ဟာ ကလပ်အသင်းအတွက် ဘာမှစွမ်းဆောင်မပေးနိုင်ဘူးဆိုရင် အဲ့ဒီ့ကလပ် အသင်းရရှိတဲ့ ဆုဖလားတွေကို ကျွန်တော် မကိုင်ချင်ပါဘူး ’
လို့ ပြောပြသွားခဲ့ပါတယ်။

#Chelsea #Lukaku #Myanball

Zawgyi

ခ်ဲလ္ဆီးနဲ႔အတူရရွိခဲ႔တဲ႔ ခ်န္ပီယံလိဂ္ဟာ သူစြမ္းေဆာင္ေပးခဲ႔တာမဟုတ္လို႔ လက္ဖ်ားနဲ႔ေတာင္မထိခဲ႔ဘူးဆိုတဲ႔ လူကာကူ

အင္တာမီလန္ အသင္းရဲ႕တိုက္စစ္မွဴး လူကာကူ ကေတာ႔ ျပီးခဲ႔တ႔ဲ (၂၀၁၂) က ခ်ဲလ္ဆီး အသင္းနဲ႔အတူ ရရွိခဲ႔တဲ႔ ခ်န္ပီယံလိဂ္ဖလားနဲ႔ပက္သက္ျပီး ျပန္ေျပာင္းေျပာဆိုသြားခဲ႔ပါတယ္။ခ်ဲလ္ဆီး အသင္းဟာ ယာယီနည္းျပ ဒီမက္တီယို ရဲ႕လက္ထက္မွာ အသင္းရဲ႕ ပထမဆံုး အၾကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏုိင္ခဲ႔တာျဖစ္ပါတယ္။ခ်ဲလ္ဆီး အသင္းအတြက္ ပထမဆံုးအၾကိမ္ျဖစ္လို႔ သမိုင္း၀င္ခဲ႔တဲ႔ေန႔တစ္ေန႔ျဖစ္ခဲ႔ရသလို လူငယ္ကစားသမားအျဖစ္ရွိေနတဲ႔ လူကာကူ အတြက္လည္း ၾကီးက်ယ္ခမ္းနားတဲ႔ အရာတစ္ခုျဖစ္ခဲ႔ပါတယ္။ဒါေပမဲ႔ လူကာကူ ကေတာ႔ ဒီေအာင္ပြဲမွာ သူ႕ရဲ႕စြမ္းေဆာင္ရည္မပါ၀င္ခဲ႔တဲ႔အတြက္ ခ်န္ပီယံလိဂ္ဖလားကို လက္ဖ်ားနဲ႔ေတာင္ မထိခဲ႔ဘူးလို႔ ေျပာၾကားခဲ႔ပါတယ္။

လူကာကူ ဟာ အသက္ (၁၈) ႏွစ္အရြယ္ (၂၀၁၁) ခုႏွစ္မွာ အန္ဒါလက္ခ်္ ကေန ခ်ဲလ္ဆီး ကို ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ပါတယ္။စတန္းဖို႔ဘရစ္ခ်္ မွာ ပံုမွန္ပြဲထြက္ခြင္႔မရခဲ႔ပဲ ရုန္းကန္ေနခဲ႔ရျပီး ၀က္ဘရြန္း နဲ႔ အဲဗာတန္ အသင္းေတြဆီမွာလည္း အငွားထြက္ကစားေနခဲ႔ရပါတယ္။(၂၀၁၄) ခုႏွစ္မွာေတာ႔ အဲဗာတန္ ကိုအျပီးေရာက္ရွိသြားခဲ႔တာျဖစ္ျပီး ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းတိုက္စစ္မွဴးတစ္ဦးျဖစ္လာခဲ႔ပါတယ္။ဒီမတိုင္ခင္ (၂၀၁၂) ခုႏွစ္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ လူကာကူ ဟာ ခ်ဲလ္ဆီး အသင္းနဲ႔အတူရွိေနဆဲျဖစ္ျပီး အရံခံုမွာလုိက္ပါခဲ႔ရပါတယ္။ဒါေပမဲ႔ ပါ၀င္ကစားခြင္႔ေတာ႔မရခဲ႔ပဲ နည္းျပဒီမက္တီယို ရဲ႕ အေရွ႕က နည္းျပ ဗီလာဘိုအာ႔စ္ ဟာ သူ႕ကို အခြင္႔အေရးေတြပိတ္ပင္တားဆီးခဲ႔တယ္လို႔ ေျပာၾကားသြားခဲ႔ပါတယ္။ဘိုအာ႔စ္ ဟာ သူ႕ကို ကစားေနၾကေနရာမဟုတ္တဲ႔ တိုက္စစ္ ရဲ႕ ဘယ္ေတာင္ပံ ညာေတာင္ပံ ေတြမွာ ထြက္ကစားခုိင္းေစခဲ႔ျပီး တိုးတက္မွုေတြကို ဖ်က္ဆီးထားခဲ႔တယ္လို႔ဆိုခဲ႔ျပီး အဲ႔ဒီႏွစ္က ရရွိခဲ႔တဲ႔ ခ်န္ပီယံလိဂ္ကိုလည္း သူ မကိုင္ေျမွာက္ခ်င္ခဲ႔ဘူးလို႔ HLN သတင္းဌာနဲ႔ေတြ႕ဆံုရာမွာ ေျပာျပသြားခဲ႔ပါတယ္။

‘ နည္းျပသစ္ ဒီမက္တီယို ကေတာ႔ ကြ်န္ေတာ္႔ကို ခ်န္ပီယံလိဂ္ဖိုင္နယ္ျပီးသြားခဲ႔တဲ႔အခ်ိန္မွာ အသင္းမွာ ဆက္ေနဖို႔ ေျပာခဲ႔ပါတယ္ခ်န္ပီယံလိဂ္လူစာရင္းမွာပါ၀င္ျခင္းမရွိတဲ႔သူေတြေရာ၊ ျပစ္ဒဏ္က်ခံေနရသူေတြေရာေပါ႔အဲ႔ဒီ႔အတြက္ ဒီမက္တီယို ကို ကြ်န္ေတာ္ေက်းဇူးတင္ပါတယ္၊ ဒီခ်န္ပီယံလိဂ္ေအာင္ပြဲဟာ ကြ်န္ေတာ္အျမဲအိပ္မက္မက္ခဲ႔တဲ႔အရာပါခင္ဗ်ားဆိုရင္လည္း ဒီလိုအခ်ိန္မွာ တစ္သင္းလံုးနဲ႔အတူတူ ေပ်ာ္ရႊင္ေအာင္ပြဲခံ ခ်င္မွာပါပဲကြ်န္ေတာ္႔အသက္ (၁၉) ႏွစ္အရြယ္ပဲရွိေသးတဲ႔အတြက္ အရမ္းကို ေကာင္းမြန္တဲ႔အေတြ႕အၾကံဳပါကြ်န္ေတာ္တစ္သင္းလံုးကိုယ္စား ၀မ္းသာရပါတယ္၊ဒါေပမ႔ဲ ဒီမက္တီယို ရဲ႕အရင္နည္းျပ ဘိုအာ႔စ္ က ကြ်န္ေတာ္႔ကို အခြင္႔အလမ္းေတြပိတ္ဆို႔ခဲ႔ပါတယ္၊သူဟာ ကြ်န္ေတာ္႔ကို အားမသန္တဲ႔ တိုက္စစ္ဘယ္ေတာင္ပံနဲ႔ ညာေတာင္ပံေတြမွာ ထားျပီးကစားေစခဲ႔ပါတယ္၊သူ႔မွာ ဒီကလပ္အသင္းနဲ႔ပတ္သက္ျပီး ဖိအားေတြမ်ားေနခဲ႔တာသိေပမယ္႔ ကြ်န္ေတာ္႔ကိုေတာ႔ ဒီလို အခြင္႔အေရးပိတ္ဆိုေအာင္ မဆက္ဆံခဲ႔သင္႔ပါဘူး၊သူ႕ကိုကြ်န္ေတာ္ ဘယ္ေတာ႔မွမေမ႔ဘူး၊ ဒါေၾကာင္႔ ကြ်န္ေတာ္ ခ်န္ပီယံလိဂ္ဖလားကို လက္ဖ်ားနဲ႔ေတာင္မထိခဲ႔ပါဘူး၊ ဒီဖလားဟာ ကြ်န္ေတာ္႔ရဲ႕ၾကိဳးစားမွုေၾကာင္႔ ရခဲ႔တာမဟုတ္လို႔ေလ
ဒီခံယူခ်က္မ်ိဳးကို ကြ်န္ေတာ္႔အသက္ (၁၁) ႏွစ္မွာထဲက ထားတာပါ၊ တကယ္လို႔ ကြ်န္ေတာ္ဟာ ကလပ္အသင္းအတြက္ ဘာမွစြမ္းေဆာင္မေပးႏိုင္ဘူးဆိုရင္ အဲ႔ဒီ႔ကလပ္ အသင္းရရွိတဲ႔ ဆုဖလားေတြကို ကြ်န္ေတာ္ မကိုင္ခ်င္ပါဘူး ’လို႔ ေျပာျပသြားခဲ႔ပါတယ္။

#Chelsea #Lukaku #Myanball