ဘေးလ်ဟာ နယူးကာဆယ်မှာ စူပါစတားဂုဏ်ပိုဒ်ရနိုင်ပါတယ် – ရီဗယ်ဒို

ကစားသမားဟာ ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ချင်ရင်တောင် လက်ရှိရရှိနေတဲ့ လစာမျိုးအား ပေးချေနိုင်တဲ့ ကလပ်အသင်းမျိုးအား ရှာတွေ့ဖို့ရန်ဟာ ခက်ခဲပါတယ်။ ဒါပေမယ့် ကစားသမားရှာနေတဲ့ လစာမျိုးက အခုဆိုရင် နယူးကာဆယ်အသင်းမှာ ရရှိလာနိုင်ပါတယ်။

အရင် ဘာစီလိုနာနှင့်ဘရာဇီးလ် ကြယ်ပွင့်ဟောင်း ရီဗယ်ဒိုက ဂါးရတ်ဘေးလ်အား လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းတွင် ရုန်းကန်နေရမူကို အဆုံးသတ်ရန်နှင့် နယူးကာဆယ်အသင်းရဲ့ ကြယ်ပွင့် တစ်ဦး ဖြစ်လာစေရန်အတွက် တိုက်တွန်းမူ ပြုလုပ်လိုက်ပါတယ်။

ဘေးလ်ဟာ ဘာနေဗြူးကနေထွက်ခွာနိုင်ရန် အတွက် ကာလရှည်ကတည်းက ကြိုးစားနေခဲ့သူဖြစ်ပြီး နည်းပြ ဇီဒန်းကလည်း ပြီးခဲ့တဲ့နွေရာသီတုန်းက ဝေးလ်စ်လက်ရွေးစင်ကို ရောင်းချနိုင်ရန် ကြိုးစား ခဲ့ပါသေးတယ်။ ဘေးလ်ရဲ့ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာဖို့ကြိုးစားနေတဲ့ သတင်းများဟာ အပြောင်းအရွှေ့ဈေးကွက်တိုင်း ထွက်ပေါ်နေကြဖြစ်ပါတယ်။ ရီဗယ်ဒိုကတော့ နယူးကာဆယ်အသင်းဟာ ဘေးလ်ရဲ့ ဝန်ဆောင်မူတွေကို အလားအလာရှိတဲ့ ပိုင်ရှင်သစ်က ရယူနိုင် လိမ့်မယ်လို့ ယုံကြည်နေဟန်ရှိပါတယ်။

ရီဗယ်ဒိုက “ဘေးလ်ဟာ မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမူရရှိထားခဲ့တယ်လို့ ကောလ ဟာလသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အမေရိကန်သို့ ပြောင်းရွှေ့မူအား မကြာခင်သူဦးတည် တာမျိုးလုပ်နိုင်ပါတယ်။ ဒါပေမယ့် သူအသက်(၃၀)နှစ်အရွယ်မှာ ဥရောပတွင် တစ်ခုခုဆက်လက် လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်နေတုန်းပါ”

“သူရဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဘဝက အဆုံးသတ်ကိုရောက်လာနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ပထမပွဲထွက် ကစားခွင့်(၁၁)ယောက်မှာပါဝင်ဖို့က သူ့အတွက် အကန့်အသတ် ဖြစ်နေပါတယ်။ အထူးသဖြင့် ဒီနွေရာသီကျရင် ရောက်လာနိုင်တဲ့ ကစားသမားသစ်တွေကြောင့်ပါ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အတွင်းပိုင်း ပြသာနာတွေဖြစ်ပွားခဲ့ပြီးနောက် ကလပ်အသင်းဘက်က ၎င်းကို ထိုက်တန်တဲ့ကစားသမားတစ်ဦးအနေနဲ့ မယုံကြည်ခဲ့တာ ကြာပါပြီ”

“ဒီအကြောင်းပြချက်တွေကြောင့်ပဲ ရီးယဲလ်မက်ဒရစ်အသင်းကို စွန့်ခွာဖို့ဟာ အားကောင်းနေပါတယ်။ ဒါပေမယ့် သူဟာ ဥရောပမြေပေါ်တွင် အနည်းဆုံး နောက်ထပ် ၂ နှစ် သို့ ၃ နှစ်လောက် ဆက်ကစား သင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့တာဟာ သူ့အတွက် အကောင်း
ဆုံး အခွင့်အလမ်းလို့လည်း ထင်ပါတယ်”

“နယူးကာဆယ်အသင်းဟာ ပိုင်ရှင်အသစ်ရောက်လာခြင်းနဲ့အတူ ဒီနွေရာသီအပြောင်းအရွှေ့ ဈေးကွက်ကျရင် ရင်းနှီးမြှပ်နှံမူ ကြီးမားစွာရရှိလာပါလိမ့်မယ်။ ဒီကနေ ဂါးရတ်ဘေးလ်ကိုခေါ်ယူ ဖို့ သူတို့ရဲ့ ပစ်မှတ်ကိုအကောင်အထည်ဖော်လာနိုင်ပါတယ်။ ဘေးလ်လည်း သူရဲ့ စူပါစတား တစ်ဦးဆိုတဲ့ ဂုဏ်ပိုဒ်ကို ပြန်လည်စတင်နိုင်မှာဖြစ်သလို ကြီးမားတဲ့ဝင်ငွေကိုလည်း ပိုက်နိုင်မှာပါ”

“ဒီဖြစ်ရပ်သာ ဖြစ်ခဲ့မယ်ဆိုရင် သူဟာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ဆဲဆိုတာ ဆက်လက်ပြသနိုင်ပါလိ့မ်မယ်။ အကယ်၍ ဒီကမ်းလှမ်းမူသာ ဖြစ်လာခဲ့မယ်ဆိုရင် သူအနေနဲ့ လက်ခံသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နယူးကာဆယ်အသင်းမှာဆိုရင် ကလပ်အသင်း ရဲ့ အကြီးမားဆုံးကြယ်ပွင့်ဖြစ်လာမှာဖြစ်သလို ကောင်းမွန်မူရှိမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခု သို့ ကလပ်အသင်းကိုလည်း ဦးဆောင်သွားနိုင်ပါတယ်”

#ရီဗယ်ဒို #ဂါးရတ်ဘေးလ်