ဆာရီ သွားရာနောက် ထပ်မံလိုက်ရဖို့နီးစပ်နေပြီဖြစ်တဲ့ ဂျော်ဂျင်ဟို

ချဲလ်ဆီး အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူ ဂျော်ဂျင်ဟို ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ စီးရီးအေကို ထပ်မံရောက်ရှိဖို့ အခြေအနေတွေရှိနေခဲ့ပြန်ပြီဖြစ်ပါတယ်။
ချဲလ်ဆီး နည်းပြဟောင်း ဆာရီ ဟာ သူ့ရဲ့ကစားကွက်မှာ ဂျော်ဂျင်ဟို ကို စိတ်ကြိုက်ကစားသမားဖြစ်နေပြီး အမြဲတမ်းအသုံးပြုခဲ့သူလည်းဖြစ်ပါတယ်။
နာပိုလီ မှာ ရှိစဉ်က ဆာရီ နဲ့ ဂျော်ဂျင်ဟို တို့ လက်တွဲခဲ့ကြဖူးပြီး ဆာရီ ချဲလ်ဆီး ကိုပြောင်းရွှေ့လာချိန်မှာလည်း ဂျော်ဂျင်ဟို ကို ပရီးမီးယားလိဂ်ဆီ ခေါ်ယူခဲ့ပါတယ်။
အခုတစ်ခါ ဆာရီ အနေနဲ့ စီးရီးအေကို ပြန်လည်ရောက်ရှိသွားပြီး ဂျူဗင်တပ်စ် ကို တာဝန်ယူကိုင်တွယ်နေချိန်မှာလည်း ဂျော်ဂျင်ဟို ကို သူ့ရဲ့အသင်းဆီခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

 

ဂျော်ဂျင်ဟို အနေနဲ့လည်း နည်းပြလမ်းပတ် လက်ထက်မှာ နေရာရရှိဖို့ရုန်းကန်ရတာတွေရှိတာကြောင့် ဆရာဟောင်းဖြစ်သူ တူရင် ကို လိုက်သွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။
ဂျူဗင်တပ်စ် အသင်းဟာ အဆိုပါကွင်းလယ်လူအတွက် ကမ်းလှမ်းမှုတွေကို အစောပိုင်းထဲက ပြုလုပ်နေတာဖြစ်ပြီး ချဲလ်ဆီး ဘက်ကပယ်ချပေမယ့် အခုတော့ တံခါးဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
ဂျော်ဂျင်ဟို ရဲ့ အေဂျင့်ဖြစ်သူ ဂျာအိုဆန်းတို့စ် က ချဲလ်ဆီး အနေနဲ့ ဂျော်ဂျင်ဟို ရဲ့ အပြောင်းအရွှေ့အတွက် ဈေးကွက်ထဲမှာ တံခါးဖွင့်ပေးခဲ့လိုက်ပြီဖြစ်တယ်လို့ Radio Kiss Kiss နဲ့တွေ့ဆုံရာမှာ ပြောကြားသွားခဲ့ပါတယ်။

‘ ဂျူဗင်တပ်စ် ဟာ ထိပ်တန်းအသင်းတွေထဲကတစ်သင်းဖြစ်ပြီးတော့ ဘယ်ကစားသမားမဆို သူတို့အသင်းအတွက် ကစားပေးချင်ကြပါတယ်
ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ဂျူဗင်တပ်စ် အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ပါရာတီစီ ရဲ့ဆီကနေ သူ့ကို ကမ်းလှမ်းမှုပြုလုပ်တာမကြားရသေးပါဘူး
ဂျော်ဂျင်ဟို ဟာ ချဲလ်ဆီး အသင်းနဲ့ (၃) နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားရတာပါ
သူလန်ဒန် မှာ အကောင်းဆုံး လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်၊ ဂျော်ဂျင်ဟို နဲ့ ဂျူဗင်တပ်စ် ရဲ့ ချိတ်ဆက်မှုတွေကို ကျွန်တော် အတော်များများ ဖတ်ခဲ့ဖူးပါတယ်
’ လို့ ပြောပြသွားခဲ့ပါတယ်။

#Jorginho #Chelsea #Myanball

 

Zawgyi

 

ဆာရီ သြားရာေနာက္ ထပ္မံလိုက္ရဖို႔နီးစပ္ေနျပီျဖစ္တဲ႔ ေဂ်ာ္ဂ်င္ဟို

ခ်ဲလ္ဆီး အသင္းရဲ႕ကြင္းလယ္ကစားသမားျဖစ္သူ ေဂ်ာ္ဂ်င္ဟို ဟာ လာမယ္႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ စီးရီးေအကို ထပ္မံေရာက္ရွိဖို႔ အေျခအေနေတြရွိေနခဲ႔ျပန္ျပီျဖစ္ပါတယ္။
ခ်ဲလ္ဆီး နည္းျပေဟာင္း ဆာရီ ဟာ သူ႕ရဲ႕ကစားကြက္မွာ ေဂ်ာ္ဂ်င္ဟို ကို စိတ္ၾကိဳက္ကစားသမားျဖစ္ေနျပီး အျမဲတမ္းအသံုးျပဳခဲ႔သူလည္းျဖစ္ပါတယ္။
နာပိုလီ မွာ ရွိစဥ္က ဆာရီ နဲ႔ ေဂ်ာ္ဂ်င္ဟို တို႔ လက္တြဲခဲ႔ၾကဖူးျပီး ဆာရီ ခ်ဲလ္ဆီး ကိုေျပာင္းေရႊ႕လာခ်ိန္မွာလည္း ေဂ်ာ္ဂ်င္ဟို ကို ပရီးမီးယားလိဂ္ဆီ ေခၚယူခဲ႔ပါတယ္။
အခုတစ္ခါ ဆာရီ အေနနဲ႔ စီးရီးေအကို ျပန္လည္ေရာက္ရွိသြားျပီး ဂ်ဴဗင္တပ္စ္ ကို တာ၀န္ယူကိုင္တြယ္ေနခ်ိန္မွာလည္း ေဂ်ာ္ဂ်င္ဟို ကို သူ႕ရဲ႕အသင္းဆီေခၚယူဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို အေနနဲ႔လည္း နည္းျပလမ္းပတ္ လက္ထက္မွာ ေနရာရရွိဖို႔ရုန္းကန္ရတာေတြရွိတာေၾကာင္႔ ဆရာေဟာင္းျဖစ္သူ တူရင္ ကို လိုက္သြားမလားဆိုတာ ေစာင္႔ၾကည္႔ရပါမယ္။
ဂ်ဴဗင္တပ္စ္ အသင္းဟာ အဆိုပါကြင္းလယ္လူအတြက္ ကမ္းလွမ္းမွုေတြကို အေစာပိုင္းထဲက ျပဳလုပ္ေနတာျဖစ္ျပီး ခ်ဲလ္ဆီး ဘက္ကပယ္ခ်ေပမယ္႔ အခုေတာ႔ တံခါးဖြင္႔ေပးလိုက္ျပီလို႔ သိရပါတယ္။
ေဂ်ာ္ဂ်င္ဟို ရဲ႕ ေအဂ်င္႔ျဖစ္သူ ဂ်ာအိုဆန္းတို႔စ္ က ခ်ဲလ္ဆီး အေနနဲ႔ ေဂ်ာ္ဂ်င္ဟို ရဲ႕ အေျပာင္းအေရႊ႕အတြက္ ေစ်းကြက္ထဲမွာ တံခါးဖြင္႔ေပးခဲ႔လိုက္ျပီျဖစ္တယ္လို႔ Radio Kiss Kiss နဲ႔ေတြ႕ဆံုရာမွာ ေျပာၾကားသြားခဲ႔ပါတယ္။

‘ ဂ်ဴဗင္တပ္စ္ ဟာ ထိပ္တန္းအသင္းေတြထဲကတစ္သင္းျဖစ္ျပီးေတာ႔ ဘယ္ကစားသမားမဆို သူတို႔အသင္းအတြက္ ကစားေပးခ်င္ၾကပါတယ္
ဒါေပမဲ႔ လက္ရွိအခ်ိန္ထိေတာ႔ ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ အားကစားဒါရိုက္တာျဖစ္သူ ပါရာတီစီ ရဲ႕ဆီကေန သူ႕ကို ကမ္းလွမ္းမွုျပဳလုပ္တာမၾကားရေသးပါဘူး
ေဂ်ာ္ဂ်င္ဟို ဟာ ခ်ဲလ္ဆီး အသင္းနဲ႔ (၃) ႏွစ္သက္တမ္းရွိတဲ႔ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုထားရတာပါ
သူလန္ဒန္ မွာ အေကာင္းဆံုး လုပ္ေဆာင္ထားႏုိင္ခဲ႔ပါတယ္၊ ေဂ်ာ္ဂ်င္ဟို နဲ႔ ဂ်ဴဗင္တပ္စ္ ရဲ႕ ခ်ိတ္ဆက္မွုေတြကို ကြ်န္ေတာ္ အေတာ္မ်ားမ်ား ဖတ္ခဲ႔ဖူးပါတယ္
’ လို႔ ေျပာျပသြားခဲ႔ပါတယ္။

#Jorginho #Chelsea #Myanball