ချဲလ်ဆီး ပိုင်ရှင် အေဗရာမိုဗစ်ချ် ဟာ အင်္ဂလန် အစိုးရရဲ့မတရားဆက်ဆံမှုကို ခံခဲ့ရဖူးတယ်လို့ ဖွင့်ဟလိုက်တဲ့ အေဗရမ်ဂရန့်
ချဲလ်ဆီး အသင်းရဲ့နည်းပြဟောင်းဖြစ်သူ အေဗရမ်ဂရန့် က သူဟာစတန်းဖို့ဘရစ်ချ် ကို ရောက်ရှိခဲ့စဉ်တုန်းက အေဗရာမိုဗစ်ချ် ကို ယူကေ အစိုးအရအဖွဲ့အစည်းတွေဟာ ခွဲခြားဆက်ဆံမှုတွေရှိခဲ့ကြောင်း The Sun သတင်းစာနဲ့တွေ့ဆုံရာမှာ ပြောပြသွားခဲ့ပါတယ်။အေဗရမ်ဂရန့် ဟာ (၂၀၀၇) ခုနှစ်ကနေ (၂၀၀၈) ခုနှစ်အထိ တစ်ရာသီကြာချဲလ်ဆီး အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ အဆိုပါနှစ်အတွင်းမှာ ချဲလ်ဆီး အသင်းဟာ အငြင်းပွားမှုတွေဖြစ်ပွားခဲ့ရပြီး ဒီအချက်ဟာ လန်ဒန်ကလပ်ကို လူတွေစိတ်ဝင်စားမှုလျော့နည်းစေခဲ့တာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ဂရန့် က ‘ မိုဗစ်ချ် ဟာ ဘောလုံးကိုချစ်မြတ်နိုးပြီး ဒီကလပ်အသင်းကိုလည်း ချစ်တယ်ဆိုတာ တော့ သေချာပါတယ်၊သူဟာ အင်္ဂလန်ဘောလုံးအသင်းအတွက်ကို အများကြီး ရင်းနှီးမှုတွေပေးခဲ့ပါတယ်၊ကျွန်တော် အင်္ဂလန်မှာဆိုရင် သူ့ကို အရမ်းပဲလေးစားပါတယ်၊ ဒါပေမဲ့ သူဟာ အင်္ဂလန်ကို ဝင်ရောက်ဖို့အတွက် အစိုးရအဖွဲ့အစည်းက ဗီဇာ ခွင့်ပြုမပေးခဲ့ဘူးထင်ပါတယ်ကျွန်တော် စတန်းဖို့ဘရစ်ချ် ကိုရောက်တော့ လူတွေက ဒီကိစ္စနဲ့ပက်သက်ပြီး အတော်လေး ရုပ်ဆိုးအကျည်းတန်တဲ့အကြောင်းပြောဆိုနေတာကို ကြားရပါတယ်၊မိုဗစ်ချ် အပေါ်မှာ ဒီလို မမျှမတခွဲခြား ဆက်ဆံတာဟာ မကောင်းပါဘူး၊နောက်ကိုပြန်ကြည့်ကြည့်မယ်ဆိုရင် သူလုပ်ပေးခဲ့တာတွေအများကြီးပဲ၊ ဒါပေမဲ့ သူ ဒါကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားနိုင်ခဲ့ပါတယ် ’ လို့ အေဗရမ်ဂရန့် က ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ ရုရှား သူဌေး အေဗရာမိုဗစ်ချ် လက်ထက်မှာ အသင်းကြီးတစ်သင်းအဖြစ် ငွေကြေးအမြောက်အများသုံးတည်ဆောက်ခဲ့ပြီး အောင်မြင်မှုတွေကို ရယူလာနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းအဖြစ် ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။
#Chelsea #Grant #Myanball
ချဲလ်ဆီး ပိုင်ရှင် အေဗရာမိုဗစ်ခ်ျ ဟာ အင်္ဂလန် အစိုးရရဲ့မတရားဆက်ဆံမှုကို ခံခဲ့ရဖူးတယ်လို့ ဖွင့်ဟလိုက်တဲ့ အေဗရမ်ဂရန့်
ဂရန့် က ‘ မိုဗစ်ခ်ျ ဟာ ဘောလုံးကိုချစ်မြတ်နိုးပြီး ဒီကလပ်အသင်းကိုလည်း ချစ်တယ်ဆိုတာ တော့ သေချာပါတယ်၊သူဟာ အင်္ဂလန်ဘောလုံးအသင်းအတွက်ကို အများကြီး ရင်းနှီးမှုတွေပေးခဲ့ပါတယ်၊ကျွန်တော် အင်္ဂလန်မှာဆိုရင် သူ့ကို အရမ်းပဲလေးစားပါတယ်၊ ဒါပေမဲ့ သူဟာ အင်္ဂလန်ကို ၀င်ရောက်ဖို့အတွက် အစိုးရအဖွဲ့အစည်းက ဗီဇာ ခွင့်ပြုမပေးခဲ့ဘူးထင်ပါတယ်ကျွန်တော် စတန်းဖို့ဘရစ်ခ်ျ ကိုရောက်တော့ လူတွေက ဒီကိစ္စနဲ့ပက်သက်ပြီး အတော်လေး ရုပ်ဆိုးအကျည်းတန်တဲ့အကြောင်းပြောဆိုနေတာကို ကြားရပါတယ်၊မိုဗစ်ခ်ျ အပေါ်မှာ ဒီလို မမျှမတခွဲခြား ဆက်ဆံတာဟာ မကောင်းပါဘူး၊နောက်ကိုပြန်ကြည့်ကြည့်မယ်ဆိုရင် သူလုပ်ပေးခဲ့တာတွေအများကြီးပဲ၊ ဒါပေမဲ့ သူ ဒါကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားနိုင်ခဲ့ပါတယ် ’ လို့ အေဗရမ်ဂရန့် က ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ ရုရှား သူဌေး အေဗရာမိုဗစ်ခ်ျ လက်ထက်မှာ အသင်းကြီးတစ်သင်းအဖြစ် ငွေကြေးအမြောက်အများသုံးတည်ဆောက်ခဲ့ပြီး အောင်မြင်မှုတွေကို ရယူလာနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းအဖြစ် ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။