ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့နီးစပ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်မှာ သူ့ရဲ့ခြေစွမ်းကောင်းတွေပြန်လည်ပြသနိုင်လိမ့်မယ်လို့ ထင်မိခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာတဲ့ ရော်ဘတ်တိုကားလို့စ်

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ရော်ဘတ်တိုကားလို့စ် ဟာ (၂၀၀၇) ခုနှစ်မှာ ချဲလ်ဆီး ကလပ်အသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးကြောင်း ပြောပြသွားခဲ့ပါတယ်။ကားလို့စ် ဟာ ရီးရဲလ်မက်ဒရစ် နဲ့ (၂၀၀၇) ခုနှစ်မှာ လမ်းခွဲခဲ့ပြီးနောက် အသင်းသစ်ကို ရှာဖွေနေခဲ့တာဖြစ်ပြီး ချဲလ်ဆီး နဲ့ ဖီနာဘာချီ အသင်းတွေရဲ့ ဆက်သွယ်ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့တာပါ။ဘာနေဗျူး မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ကားလို့စ် ဟာ ခြေစွမ်းကျဆင်းစပြုလာတဲ့အချိန်မှာ ရီးရဲလ်မက်ဒရစ် ဘက်က စာချုပ်ထပ်မံချုပ်ဆိုခြင်းမရှိတော့ပါဘူး။ဒါကြောင့် အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူဖို့ ရရှိတဲ့အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပြီး ချဲလ်ဆီး ဘက်ကလည်း စိတ်ဝင်စားခဲ့ပါတယ်။အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ အနီးစပ်ဆုံးအနေအထားမှာရှိခဲ့ပြီး အသင်းပိုင်ရှင် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးပေမယ့် ရှေ့နေတစ်ဦးနဲ့ စာချုပ်ကိစ္စညှိနိူင်းမှု အဆင်မပြေခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရတယ်လို့ Goal နဲ့တွေ့ဆုံရာမှာ ပြောပြသွားခဲ့ပါတယ်။

‘ ကျွန်တော့်ဆီမှာအဲ့ဒီတုန်းက ကမ်းလှမ်းမှု နှစ်ခုရခဲ့ပါတယ်၊ ဖီနာဘာချီ နဲ့ ချဲလ်ဆီး အသင်းတွေဆီကပါဒီမှာ ချဲလ်ဆီး အသင်းနဲ့အတူ ကျွန်တော့်အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီး အားလုံးသဘောတူညီမှုလည်း ရခဲ့ပါတယ်၊စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက်သာကျန်တော့တာပါ၊
အဲ့ဒီအဖြစ်အပျက်ဟာ ဖီနာဘာချီ ကို မပြောင်းရွှေ့ခင်တစ်ပတ်အလိုမှာ ဖြစ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီး ပိုင်ရှင် အေဗရာမိုဗစ်ချ် နဲ့ရော ပီတာကင်ယွန် တို့နဲ့ရော ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးပါပြီကံမကောင်းစွာနဲ့ပဲ ကလပ်အသင်းရဲ့ ရှေ့နေနဲ့ ညှိနိူင်းမှုမှာ အဆင်မပြေခဲ့တာကြောင့်ပျက်ပြယ်ခဲ့ရပါတယ်၊ဘောလုံးလောကမှာ ဒီလိုမျိုးတွေကဖြစ်တက်ပါတယ်၊ကျွန်တော် အဲ့တုန်းက ပရီးမီးယားလိဂ်မှာ (၁၀၀) ရာခိုင်နူန်းအကောင်းဆုံးပြန်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတာပါ၊
ဒီလိဂ်ဟာ ရဲ့အားပြိုင်မှုတွေက ကျွန်တော်နဲ့ လိုက်ဖက်ညီတယ်လေ ’ လို့ပြန်ပြောင်း ပြောကြားသွားခဲ့ပါတယ်။

ရော်ဘတ်တိုကားလို့စ်ဟာချဲလ်ဆီး အသင်းနဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပြီးနောက်တစ်ပတ်အကြာမှာပဲ ဖီနာဘာချီ ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

#Carlos #Chelsea #Myanball

ခ်ဲလ္ဆီးကိုေျပာင္းေရႊ႕ဖို႔နီးစပ္ခဲ႔ဖူးျပီး ပရီးမီးယားလိဂ္မွာ သူ႕ရဲ႕ေျခစြမ္းေကာင္းေတြျပန္လည္ျပသႏုိင္လိမ္႔မယ္လို႔ ထင္မိခဲ႔ေၾကာင္း ဖြင္႔ဟ ေျပာၾကားလာတဲ႔ ေရာ္ဘတ္တိုကားလို႔စ္

ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ကစားသမားေဟာင္းၾကီးျဖစ္သူ ေရာ္ဘတ္တိုကားလို႔စ္ ဟာ (၂၀၀၇) ခုႏွစ္မွာ ခ်ဲလ္ဆီး ကလပ္အသင္းဆီကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ခဲ႔ဖူးေၾကာင္း ေျပာျပသြားခဲ႔ပါတယ္။ကားလို႔စ္ ဟာ ရီးရဲလ္မက္ဒရစ္ နဲ႔ (၂၀၀၇) ခုႏွစ္မွာ လမ္းခြဲခဲ႔ျပီးေနာက္ အသင္းသစ္ကို ရွာေဖြေနခဲ႔တာျဖစ္ျပီး ခ်ဲလ္ဆီး နဲ႔ ဖီနာဘာခ်ီ အသင္းေတြရဲ႕ ဆက္သြယ္ကမ္းလွမ္းမွုေတြကို လက္ခံရရွိခဲ႔တာပါ။ဘာေနဗ်ဴး မွာ ေအာင္ျမင္မွုေတြ ဆြတ္ခူးႏုိင္ခဲ႔တဲ႔ ကားလို႔စ္ ဟာ ေျခစြမ္းက်ဆင္းစျပဳလာတဲ႔အခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ ဘက္က စာခ်ဳပ္ထပ္မံခ်ဳပ္ဆိုျခင္းမရွိေတာ႔ပါဘူး။ဒါေၾကာင္႔ အလြတ္ေျပာင္းေရႊ႕ေၾကး နဲ႔ ေခၚယူဖို႔ ရရွိတဲ႔အေျခအေနမွာ ရွိေနခဲ႔တာျဖစ္ျပီး ခ်ဲလ္ဆီး ဘက္ကလည္း စိတ္၀င္စားခဲ႔ပါတယ္။အေျပာင္းအေရႊ႕ျဖစ္ေပၚဖို႔ အနီးစပ္ဆံုးအေနအထားမွာရွိခဲ႔ျပီး အသင္းပိုင္ရွင္ နဲ႔လည္း ေတြ႕ဆံုေဆြးေႏြးခဲ႔ျပီးေပမယ္႔ ေရွ႕ေနတစ္ဦးနဲ႔ စာခ်ဳပ္ကိစၥညွိႏိူင္းမွု အဆင္မေျပခဲ႔တာေၾကာင္႔ ပ်က္ျပယ္ခဲ႔ရတယ္လို႔ Goal နဲ႔ေတြ႕ဆံုရာမွာ ေျပာျပသြားခဲ႔ပါတယ္။

‘ ကြ်န္ေတာ္႔ဆီမွာအဲ႔ဒီတုန္းက ကမ္းလွမ္းမွု ႏွစ္ခုရခဲ႔ပါတယ္၊ ဖီနာဘာခ်ီ နဲ႔ ခ်ဲလ္ဆီး အသင္းေတြဆီကပါဒီမွာ ခ်ဲလ္ဆီး အသင္းနဲ႔အတူ ကြ်န္ေတာ္႔အေျပာင္းအေရႊ႕ျဖစ္ေပၚဖို႔ အနီးစပ္ဆံုးျဖစ္ခဲ႔ျပီး အားလံုးသေဘာတူညီမွုလည္း ရခဲ႔ပါတယ္၊စာခ်ဳပ္မွာ လက္မွတ္ထိုးဖို႔အတြက္သာက်န္ေတာ႔တာပါ၊အဲ႔ဒီအျဖစ္အပ်က္ဟာ ဖီနာဘာခ်ီ ကို မေျပာင္းေရႊ႕ခင္တစ္ပတ္အလိုမွာ ျဖစ္ခဲ႔တာျဖစ္ျပီး ခ်ဲလ္ဆီး ပိုင္ရွင္ ေအဗရာမိုဗစ္ခ်္ နဲ႔ေရာ ပီတာကင္ယြန္ တို႔နဲ႔ေရာ ေဆြးေႏြးမွုေတြျပဳလုပ္ခဲ႔ျပီးပါျပီ
ကံမေကာင္းစြာနဲ႔ပဲ ကလပ္အသင္းရဲ႕ ေရွ႕ေနနဲ႔ ညွိႏိူင္းမွုမွာ အဆင္မေျပခဲ႔တာေၾကာင္႔ပ်က္ျပယ္ခဲ႔ရပါတယ္၊ေဘာလံုးေလာကမွာ ဒီလိုမ်ိဳးေတြကျဖစ္တက္ပါတယ္၊
ကြ်န္ေတာ္ အဲ႔တုန္းက ပရီးမီးယားလိဂ္မွာ (၁၀၀) ရာခိုင္ႏူန္းအေကာင္းဆံုးျပန္ကစားႏုိင္လိမ္႔မယ္လို႔ ယံုၾကည္ထားတာပါ၊ဒီလိဂ္ဟာ ရဲ႕အားျပိဳင္မွုေတြက ကြ်န္ေတာ္နဲ႔ လိုက္ဖက္ညီတယ္ေလ ’ လို႔ျပန္ေျပာင္း ေျပာၾကားသြားခဲ႔ပါတယ္။

ေရာ္ဘတ္တိုကားလို႔စ္ ဟာ ခ်ဲလ္ဆီး အသင္းနဲ႔ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ႔ရျပီးေနာက္တစ္ပတ္အၾကာမွာပဲ ဖီနာဘာခ်ီ ကို ေျပာင္းေရႊ႕သြားခဲ႔ပါတယ္။

#Carlos #Chelsea #Myanball