PSG နဲ့ စပါး တို့ရဲ့ပစ်မှတ် ဒါလော့ ကို ရောင်းချသွားမှာမဟုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းကသူတို့ရဲ့ လူငယ်နောက်ခံကစားသမားလေးဖြစ်သူ ဒီယေဂိုဒါလော့ ကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါပြီ။
အသက် (၂၁) နှစ်အရွယ်ရှိ ဒီယေဂိုဒါလော့ ဟာ ပေါ်တိုအသင်းကနေ (၂၀၁၈) ခုနှစ်မှာ ယူနိုက်တက်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မော်ရင်ဟို လက်ထက်မှာခေါ်ယူထားခဲ့တဲ့ ပေါ်တူဂီ သားလေး ဟာ ညာနောက်ခံလူဖြစ်ပေမယ့် သူ့ရဲ့နေရာမှာ နည်းပြဆိုးလ်ရှား က ဘစ်ဆာကာ ကို ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တာကြောင့် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။လက်ရှိမှာလည်း ဒဏ်ရာအခြေအနေကြောင့် အနားယူနေရတာဖြစ်ပေမယ့် လက်ကျန်ရာသီပြန်လည်စတင်ချိန်မှာတော့ ဆိုးလ်ရှား ပြန်ပြီး အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေရှိနေပါတယ်။

ဒါလော့ ဟာ အခြားနောက်ခံ ကစားသမားနေရာတွေမှာလည်း ကစားနိုင်ခဲ့တဲ့ သူဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါး အသင်းအပါအဝင် PSG ကပါ ခေါ်ယူဖို့စောင့်ကြည့်နေတာပါ။ဒါကြောင့် မော်ရင်ဟို ဟာ သူခေါ်ယူခဲ့တဲ့ ကစားသမားလေးကို စပါးအသင်းဆီရောက်ရှိအောင် ဆွဲဆောင်ချင်နေပြီး သူ့ရဲ့ခံစစ်ပြဿနာကို ဖြေရှင်းဖို့ ပြင်ဆင်နေတာပါ။စပါးအသင်းဟာ လာမယ့် နွေရာသီမှာ ဝါရင့်နောက်ခံလူ ဗာတွန်ဂမ် ထွက်ခွာဖို့ရှိနေပြီး လူငယ်နောက်ခံကစားသမားဖြစ်သူ ဖို့သ် ကိုလည်း ခေါ်ယူဖို့ ဘာစီလိုနာ အသင်းက ပစ်မှတ်ထားနေတာကြောင့် မော်ရင်ဟို အနေနဲ့ ခံစစ်ကို အားဖြည့်ဖို့ ကစားသမားသစ်ရှာဖွေနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဘက်ကတော့ PSG ရော စပါး အသင်းကိုရော ဒါလော့ ကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ငြင်းပယ်ထားခဲ့ပါတယ်။
ဒါလော့ ဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲပါဝင်ကစားပေးထားပါတယ်။

#Dalot #ManUtd

Zawgyi

PSG နဲ႔ စပါး တို႔ရဲ႕ပစ္မွတ္ ဒါေလာ႔ ကို ေရာင္းခ်သြားမွာမဟုတ္တဲ႔ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းကသူတို႔ရဲ႕ လူငယ္ေနာက္ခံကစားသမားေလးျဖစ္သူ ဒီေယဂိုဒါေလာ႔ ကို ေရာင္းခ်သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါျပီ။
အသက္ (၂၁) ႏွစ္အရြယ္ရွိ ဒီေယဂိုဒါေလာ႔ ဟာ ေပၚတုိအသင္းကေန (၂၀၁၈) ခုႏွစ္မွာ ယူႏိုက္တက္ကိုေရာက္ရွိလာခဲ႔တာျဖစ္ပါတယ္။ေမာ္ရင္ဟို လက္ထက္မွာေခၚယူထားခဲ႔တဲ႔ ေပၚတူဂီ သားေလး ဟာ ညာေနာက္ခံလူျဖစ္ေပမယ္႔ သူ႕ရဲ႕ေနရာမွာ နည္းျပဆိုးလ္ရွား က ဘစ္ဆာကာ ကို ျပီးခဲ႔တဲ႔ေႏြရာသီက ေခၚယူခဲ႔တာေၾကာင္႔ ပြဲထြက္ခြင္႔အတြက္ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။လက္ရွိမွာလည္း ဒဏ္ရာအေျခအေနေၾကာင္႔ အနားယူေနရတာျဖစ္ေပမယ္႔ လက္က်န္ရာသီျပန္လည္စတင္ခ်ိန္မွာေတာ႔ ဆိုးလ္ရွား ျပန္ျပီး အသံုးျပဳႏိုင္လိမ္႔မယ္လို႔ ယံုၾကည္မွုေတြရွိေနပါတယ္။

ဒါေလာ႔ ဟာ အျခားေနာက္ခံ ကစားသမားေနရာေတြမွာလည္း ကစားႏုိင္ခဲ႔တဲ႔ သူျဖစ္တာေၾကာင္႔ ပရီးမီးယားလိဂ္ျပိဳင္ဘက္ စပါး အသင္းအပါအ၀င္ PSG ကပါ ေခၚယူဖို႔ေစာင္႔ၾကည္႔ေနတာပါ။ဒါေၾကာင္႔ ေမာ္ရင္ဟို ဟာ သူေခၚယူခဲ႔တဲ႔ ကစားသမားေလးကို စပါးအသင္းဆီေရာက္ရွိေအာင္ ဆြဲေဆာင္ခ်င္ေနျပီး သူ႕ရဲ႕ခံစစ္ျပႆနာကို ေျဖရွင္းဖို႔ ျပင္ဆင္ေနတာပါ။စပါးအသင္းဟာ လာမယ္႔ ေႏြရာသီမွာ ၀ါရင္႔ေနာက္ခံလူ ဗာတြန္ဂမ္ ထြက္ခြာဖို႔ရွိေနျပီး လူငယ္ေနာက္ခံကစားသမားျဖစ္သူ ဖို႔သ္ ကိုလည္း ေခၚယူဖို႔ ဘာစီလိုနာ အသင္းက ပစ္မွတ္ထားေနတာေၾကာင္႔ ေမာ္ရင္ဟို အေနနဲ႔ ခံစစ္ကို အားျဖည္႔ဖို႔ ကစားသမားသစ္ရွာေဖြေနတာျဖစ္ပါတယ္။

ဒါေပမ႔ဲ ယူႏိုက္တက္ဘက္ကေတာ႔ PSG ေရာ စပါး အသင္းကိုေရာ ဒါေလာ႔ ကို ေရာင္းခ်သြားမွာမဟုတ္ဘူးလို႔ ျငင္းပယ္ထားခဲ႔ပါတယ္။ဒါေလာ႔ ဟာ ဒီရာသီမွာေတာ႔ ပရီးမီးယားလိဂ္ပြဲစဥ္ (၄) ပြဲပါ၀င္ကစားေပးထားပါတယ္။

#Dalot #ManUtd