အာတီတာ ကို စိတ်ရှည်ပြီးယုံကြည်မှုရှိရှိနဲ့ စောင့်ကြည့်ပေးရမယ်လို့ သတိပေးလိုက်တဲ့ အီယန်ရိုက်

Unicode

အာဆင်နယ် အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ အီယန်ရိုက် က နည်းပြသစ် အာတီတာ ကို အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။အာတီတာ ဟာ လည်း ကစားသမားဘဝမှာတုန်းက အာဆင်နယ် အသင်းမှာ ကစားခဲ့ဖူးတဲ့သူဖြစ်ပြီး ဒီနှစ်မှာ နည်းပြ အမ်မရီ ရဲ့နေရာအစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အသင်းတစ်သင်းကို နည်းပြအဖြစ် အတွေ့အကြုံမရှိသေးပေမယ့် အာတီတာ ဟာ မန်စီးတီး အသင်းမှာ ဂွာဒီယိုလာ ရဲ့လက်ထောက်နည်းပြအဖြစ် (၃) နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူပါ။


ဒါကြောင့် အီယန်ရိုက်က အာတီတာ အနေနဲ့ သူကစားသမားဘဝဖြတ်သန်းခဲ့တဲ့ အသင်းဟောင်း မှာ အောင်မြင်မှုရရှိလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
SPORF နဲ့ တွေ့ဆုံခဲ့ရာမှာ ‘ ကျွန်တော်တို့အနေနဲ့ နည်းပြတွေထဲက တစ်ယောက်ကိုကြည့်ရမယ်ဆိုရင် သူ့ရဲ့ဦးဆောင်နိုင်မှု နဲ့ သူ့ရဲ့ရည်မှန်းချက်တွေကို ကြည့်ရမှာပါ၊သံဃယထားပြီးကြည့်လို့မရပါဘူး၊ ကျွန်တော်တို့အခု မှန်ကန်တဲ့ နည်းပြတစ်ဦးကို ရရှိထားပါတယ်သူဟာ ကစားသမားတွေရဲ့စွမ်းဆောင်ရည်တိုးတက်ဖို့အတွက်စိတ်အားထက်သန်မှု နဲ့ ကြိုးစားလိုစိတ်ပြင်းပြပါတယ်တနေ့ကဒေးဗစ်လုဇ် နဲ့ အာတီတာ တို့ရဲ့ အင်တာဗျူး တစ်ခုကို နားထောင်လိုက်ရတယ်၊ သူလိုချင်တာက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ အသင်းက အံဝင်ဖို့လို့ပြောသွားခဲ့တယ်သူဟာ အာဆင်နယ် အသင်းရဲ့အပြောင်းအလဲကို မြင်တွေ့ချင်တယ်အာတီတာ ဟာ အောင်မြင်မှုရဖို့အတွက် တွန်းအားပေးနိုင်တဲ့သူတစ်ယောက်ပါ၊ ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ သူ့ကို အချိန်ပေးပြီးစောင့်ကြည့်ရမယ် ’ လို့ ပြောပြသွားခဲ့ပါတယ်။

#Arsenal #Arteta #Wright #Myanball

Zawgyi
အာတီတာ ကို စိတ္ရွည္ျပီးယံုၾကည္မွုရွိရွိနဲ႔ ေစာင္႔ၾကည္႔ေပးရမယ္လို႔ သတိေပးလိုက္တဲ႔ အီယန္ရိုက္

အာဆင္နယ္ အသင္းရဲ႕ ဂႏၱ၀င္တိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္သူ အီယန္ရိုက္ က နည္းျပသစ္ အာတီတာ ကို အခ်ိန္ကာလတစ္ခုအထိ ေစာင္႔ၾကည္႔ေပးဖို႔တိုက္တြန္းလိုက္ပါတယ္။အာတီတာ ဟာ လည္း ကစားသမားဘ၀မွာတုန္းက အာဆင္နယ္ အသင္းမွာ ကစားခဲ႔ဖူးတဲ႔သူျဖစ္ျပီး ဒီႏွစ္မွာ နည္းျပ အမ္မရီ ရဲ႕ေနရာအစားထိုး၀င္ေရာက္လာခဲ႔တာျဖစ္ပါတယ္။အသင္းတစ္သင္းကို နည္းျပအျဖစ္ အေတြ႔အၾကံဳမရွိေသးေပမယ္႔ အာတီတာ ဟာ မန္စီးတီး အသင္းမွာ ဂြာဒီယိုလာ ရဲ႕လက္ေထာက္နည္းျပအျဖစ္ (၃) ႏွစ္ၾကာတာ၀န္ထမ္းေဆာင္ခဲ႔သူပါ။

ဒါေၾကာင္႔ အီယန္ရိုက္က အာတီတာ အေနနဲ႔ သူကစားသမားဘ၀ျဖတ္သန္းခဲ႔တဲ႔ အသင္းေဟာင္း မွာ ေအာင္ျမင္မွုရရွိလိမ္႔မယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။
SPORF နဲ႔ ေတြ႕ဆံုခဲ႔ရာမွာ ‘ ကြ်န္ေတာ္တို႔အေနနဲ႔ နည္းျပေတြထဲက တစ္ေယာက္ကိုၾကည္႔ရမယ္ဆိုရင္ သူ႕ရဲ႕ဦးေဆာင္ႏိုင္မွု နဲ႔ သူ႕ရဲ႕ရည္မွန္းခ်က္ေတြကို ၾကည္႔ရမွာပါ၊သံဃယထားျပီးၾကည္႔လို႔မရပါဘူး၊ ကြ်န္ေတာ္တို႔အခု မွန္ကန္တဲ႔ နည္းျပတစ္ဦးကို ရရွိထားပါတယ္သူဟာ ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္တိုးတက္ဖို႔အတြက္စိတ္အားထက္သန္မွု နဲ႔ ၾကိဳးစားလိုစိတ္ျပင္းျပပါတယ္တေန႔ကေဒးဗစ္လုဇ္ နဲ႔ အာတီတာ တို႔ရဲ႕ အင္တာဗ်ဴး တစ္ခုကို နားေထာင္လိုက္ရတယ္၊ သူလိုခ်င္တာက ကစားသမားေတြရဲ႕ ၾကံ႔ခိုင္မွုနဲ႔ အသင္းက အံ၀င္ဖို႔လို႔ေျပာသြားခဲ႔တယ္သူဟာ အာဆင္နယ္ အသင္းရဲ႕အေျပာင္းအလဲကို ျမင္ေတြ႔ခ်င္တယ္အာတီတာ ဟာ ေအာင္ျမင္မွုရဖို႔အတြက္ တြန္းအားေပးႏုိင္တဲ႔သူတစ္ေယာက္ပါ၊ ဘုတ္အဖြဲ႔၀င္ေတြအေနန႔ဲ သူ႕ကို အခ်ိန္ေပးျပီးေစာင္႔ၾကည္႔ရမယ္ ’ လို႔ ေျပာျပသြားခဲ႔ပါတယ္။

#Arsenal #Arteta #Wright #Myanball