ဂရင်းဝုဒ် ဟာ ရော်ဘင်ဗန်ပါစီ အသစ်ကို ထပ်ပြီး ရလိုက်သလိုပါပဲ လို့ ချီးကျူးပြောဆိုလိုက်တဲ့ လုခ်ရှော
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှော က အသင်းရဲ့ လူငယ်ကစားသမားလေး ဂရင်းဝုဒ် ကို ဗန်ပါစီ နဲ့ နိူင်းယှဉ်ချီးကျူးလိုက်ပါတယ်။ဗန်ပါစီ ဟာ (၂၀၁၂) ခုနှစ်မှာ ပြိုက်ဘက်အာဆင်နယ် အသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့သူဖြစ်ပါတယ်။ဖာဂူဆန် ရဲ့ခေါ်ယူမှုနဲ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်သားကြီးဟာ စရောက်ရောက်ချင်းနှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့သလို အိုးထရက်ဖို့ဒ် မှာ (၃) နှစ်ကြာကစားပေးသွားခဲ့ပါတယ်။
လက်ရှိ အသက် (၁၈) နှစ်အရွယ်သာရှိသေးတဲ့ ဂရင်းဝုဒ် ဟာ လူငယ်အကယ်ဒမီကနေ ယူနိုက်တက်အသင်းကြီးဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ဗန်ပါစီ နည်းတူ ဘယ်ခြေအားပြု ကစားသမားတစ်ဦးဖြစ်ပါတယ်။ဒီရာသီ မရပ်နားခင်အထိ ယူနိုက်တက်အသင်းကြီးအတွက် (၃၆) ပွဲပါဝင်ကစားပေးထားပြီး (၁၂) ဂိုးသွင်းယူထားခဲ့ပါတယ်။သူ့ကို အစောပိုင်းမှာထဲက ယူနိုက်တက်ပရိတ်သတ်တွေအပါအဝင် ကစားသမားအချို့က ဗန်ပါစီ လက်သစ်လို့ ချီးကျူးနေကြတာဖြစ်ပါတယ်။လုခ်ရှော က ဂရင်းဝုဒ် ဟာ ဗန်ပါစီ လိုမျိုး ယူနိုက်တက်အတွက် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက် ကလပ် Website နဲ့တွေ့ဆုံရာမှာ ‘ သူဟာ ပထမအသင်းရဲ့ပထမဆုံးရာသီမှာပဲ စိတ်လှုပ်ရှားမှုပေးနိုင်တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်၊ သူ့အတွက် ဂိုးသွင်းယူရတာက ပုံမှန်ရိုးရိုးရှင်းရှင်းပါပဲလက်ရှိမှာ ဘောလုံးရာသီက ရပ်နားနေခဲ့ပြီး သူ့ရဲ့ရည်ရွယ်ချက်က သွင်းဂိုးတွေနဲ့ပြန်လာပြီး စတင်ဖို့ နဲ့ ဂိုးဖန်တီးမှုတွေပြုလုပ်ဖို့ပါဒီအရွယ်လေးနဲ့ သူ့ရဲ့ပထမရာသီမှာ စွမ်းဆောင်ပေးနိုင်ခဲ့တာက သူ့ရဲ့ထူးချွန်မှုပါပဲဂရင်းဝုဒ် ဟာ သင်ယူစရာတွေအများကြီးရှိသေးတယ်ဆိုပေမယ့် သူ့ရဲ့ကြိုးစားအာထုတ်မှုနဲ့ နေ့တိုင်း သူ့ကိုယ်သူ တွန်းအားပေးနေမယ်ဆိုရင် ကျွန်တော်တို့ ဗန်ပါစီ နောက်တစ်ယောက်ကို ဘာလို့ မမြင်နိုင်ရမှာလဲနောက်ထပ် ဗန်ပါစီ တစ်ယောက်ကို ရလိုက်သလိုမျိုးဖြစ်လာပြီး ကျွန်တော်တို့အတွက် လိုအပ်တဲ့သွင်းဂိုးတွေကို သူ သွင်းယူပေးနိုင်ပါလိမ့်မယ် ’ လို့ ပြောပြသွားခဲ့ပါတယ်။
#Vanpersie #Shaw #Myanball