ကျွန်တော်က ရီးရဲလ်မက်ဒရစ် ကစားသမားပါ ဘယ်ကစားသမားမဆို ရီးရဲလ်အတွက်ကစားချင်ကြပါတယ် – စီဘယ်လော့စ်

အာဆင်နယ် အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူ စီဘယ်လော့စ် ကတော့ မကြာခင်မှာ စပိန်ကို ပြန်ဖို့ သေချာသလောက်နီးစပ်နေခဲ့ပြီလို့ ဆိုရမှာပါ။
စီဘယ်လော့စ် ဟာ ပြီးခဲ့တဲ့ နွေရာသီက နည်းပြဟောင်း အူနိုင်းအမ်မရီ ရဲ့ခေါ်ယူမှုနဲ့ အာဆင်နယ် ကို တစ်ရာသီအငှားရောက်ရှိလာခဲ့တဲ့သူဖြစ်ပါတယ်။
ရာသီအစောပိုင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး အာဆင်နယ် ပရိတ်သတ်တွေရဲ့ထောက်ခံအားပေးမှုရရှိခဲ့တဲ့သူဖြစ်ပါတယ်။နည်းပြ အမ်မရီ ရဲ့ အားကိုးရတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် အခြေအနေတွေတောင်ပြင်ဆင်ခဲ့တာပါ။

ဒါပေမဲ့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီးနောက် နည်းပြသစ် အာတီတာ လက်ထက်မှာတော့ စီဘယ်လော့စ် ကိုအပြီးသတ်ခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်ခြင်းမရှိတော့သလို ဒီရာသီကုန်မှာ လက်လွှတ်လိုက်ဖို့ အတွက် အခြေအနေတွေဖြစ်ပေါ်လာခဲ့ပါတယ်။စီဘယ်လော့စ် ကိုယ်တိုင်ကလည်း စပိန်ကိုပြန်ပြီး နည်းပြဇီဒန်း ရဲ့လက်အောက်မှာ ပွဲထွက်ခွင့်အတွက်ရုန်းကန်သွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ဒါ့အပြင် အာဆင်နယ် အသင်းဟာလည်း အဆိုပါကွင်းလယ်ကစားသမားကို ရီးရဲလ်ကနေခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးစရိတ်အသုံးမပြုနိုင်ဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ အသက် (၂၃) နှစ်အရွယ်ရှိ စီဘယ်လော့စ် ဟာ ပရီးမီးယားလိဂ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို ခံယူနေခဲ့ပြီး မနေ့က TVE နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ‘ ကျွန်တော်တို့ (၄၈) နာရီကြာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ရပါတယ်၊တစ်ဖွဲ့လုံးမှာ ဘာရောဂါ ပိုးမှ မတွေ့ရှိခဲ့ပါဘူး၊စပိန်မှာတော့ လိဂ်ပြန်စဖို့အတွက် ဘယ်လိုပြောဆိုမှုတွေရှိသလဲမသိသေးပါဘူး၊ကျွန်တော်တို့ ပရီးမီးယားလိဂ်အသင်း (၂၀) ကတော့ ဇွန် (၁၂) မှာ စတင်မယ်လို့ သိရပါတယ်၊
ဒါပေမဲ့ ကျွန်တော်က ရီးရဲလ်မက်ဒရစ် ကစားသမားပါ၊ ဘယ်ကစားသမားတွေမဆို ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးချင်ကြပါတယ်ကျွန်တော်နဲ့ သူတို့နဲ့မှာ စာချုပ်သက်တမ်း (၃) နှစ်တောင်ရှိနေသေးတာဖြစ်ပြီး အဲ့ဒါက ကျွန်တော့်ကို ပြီးပြည့်စုံတဲ့ အောင်မြင်မှုတစ်ခုဖြစ်လာစေမှာပါ ’ လို့ ဖြေကြားသွားခဲ့ပါတယ်။

#Ceballos #Arsenal #Myanball

Zawgyi

ကြ်န္ေတာ္က ရီးရဲလ္မက္ဒရစ္ ကစားသမားပါ ဘယ္ကစားသမားမဆို ရီးရဲလ္အတြက္ကစားခ်င္ၾကပါတယ္ – စီဘယ္ေလာ႔စ္

အာဆင္နယ္ အသင္းရဲ႕ကြင္းလယ္ကစားသမားျဖစ္သူ စီဘယ္ေလာ႔စ္ ကေတာ႔ မၾကာခင္မွာ စပိန္ကို ျပန္ဖို႔ ေသခ်ာသေလာက္နီးစပ္ေနခဲ႔ျပီလို႔ ဆိုရမွာပါ။
စီဘယ္ေလာ႔စ္ ဟာ ျပီးခဲ႔တဲ႔ ေႏြရာသီက နည္းျပေဟာင္း အူႏုိင္းအမ္မရီ ရဲ႕ေခၚယူမွုနဲ႔ အာဆင္နယ္ ကို တစ္ရာသီအငွားေရာက္ရွိလာခဲ႔တဲ႔သူျဖစ္ပါတယ္။
ရာသီအေစာပိုင္းမွာ ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ႔ျပီး အာဆင္နယ္ ပရိတ္သတ္ေတြရဲ႕ေထာက္ခံအားေပးမွုရရွိခဲ႔တဲ႔သူျဖစ္ပါတယ္။နည္းျပ အမ္မရီ ရဲ႕ အားကိုးရတဲ႔ကစားသမားတစ္ဦးျဖစ္ခဲ႔ျပီး အျပီးသတ္ေျပာင္းေရႊ႕ဖို႔အတြက္ အေျခအေနေတြေတာင္ျပင္ဆင္ခဲ႔တာပါ။

ဒါေပမဲ႔ ဒဏ္ရာအနည္းငယ္ရရွိခဲ႔ျပီးေနာက္ နည္းျပသစ္ အာတီတာ လက္ထက္မွာေတာ႔ စီဘယ္ေလာ႔စ္ ကိုအျပီးသတ္ေခၚယူဖို႔ေဆြးေႏြးမွုေတြျပဳလုပ္ျခင္းမရွိေတာ႔သလို ဒီရာသီကုန္မွာ လက္လႊတ္လိုက္ဖို႔ အတြက္ အေျခအေနေတြျဖစ္ေပၚလာခဲ႔ပါတယ္။စီဘယ္ေလာ႔စ္ ကိုယ္တိုင္ကလည္း စပိန္ကိုျပန္ျပီး နည္းျပဇီဒန္း ရဲ႕လက္ေအာက္မွာ ပြဲထြက္ခြင္႔အတြက္ရုန္းကန္သြားမယ္လို႔ ေျပာၾကားလာခဲ႔ပါတယ္။ဒါ႔အျပင္ အာဆင္နယ္ အသင္းဟာလည္း အဆိုပါကြင္းလယ္ကစားသမားကို ရီးရဲလ္ကေနေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးစရိတ္အသံုးမျပဳႏုိင္ဘူးလို႔ သိရပါတယ္။

လက္ရွိမွာေတာ႔ အသက္ (၂၃) ႏွစ္အရြယ္ရွိ စီဘယ္ေလာ႔စ္ ဟာ ပရီးမီးယားလိဂ္ရဲ႕ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးမွုကို ခံယူေနခဲ႔ျပီး မေန႔က TVE နဲ႔ ျပဳလုပ္ခဲ႔တဲ႔ အင္တာဗ်ဴးမွာေတာ႔ ‘ ကြ်န္ေတာ္တို႔ (၄၈) နာရီၾကာ စမ္းသပ္စစ္ေဆးမွု ျပဳလုပ္ခဲ႔ရပါတယ္၊တစ္ဖြဲ႔လံုးမွာ ဘာေရာဂါ ပိုးမွ မေတြ႔ရွိခဲ႔ပါဘူး၊စပိန္မွာေတာ႔ လိဂ္ျပန္စဖို႔အတြက္ ဘယ္လိုေျပာဆိုမွုေတြရွိသလဲမသိေသးပါဘူး၊ကြ်န္ေတာ္တို႔ ပရီးမီးယားလိဂ္အသင္း (၂၀) ကေတာ႔ ဇြန္ (၁၂) မွာ စတင္မယ္လို႔ သိရပါတယ္၊
ဒါေပမဲ႔ ကြ်န္ေတာ္က ရီးရဲလ္မက္ဒရစ္ ကစားသမားပါ၊ ဘယ္ကစားသမားေတြမဆို ရီးရဲလ္မက္ဒရစ္ အတြက္ ကစားေပးခ်င္ၾကပါတယ္ကြ်န္ေတာ္နဲ႔ သူတို႔နဲ႔မွာ စာခ်ဳပ္သက္တမ္း (၃) ႏွစ္ေတာင္ရွိေနေသးတာျဖစ္ျပီး အဲ႔ဒါက ကြ်န္ေတာ္႔ကို ျပီးျပည္႔စံုတဲ႔ ေအာင္ျမင္မွုတစ္ခုျဖစ္လာေစမွာပါ ’ လို႔ ေျဖၾကားသြားခဲ႔ပါတယ္။

#Ceballos #Arsenal #Myanball