ဗန်ဒိုက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိကနောက်ခံလူ ဗန်ဒိုက်ကို ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားမှု လျော့နည်းသွားအောင် စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဇန်နဝါရီ ၂၀၁၈ ကတည်းက လီဗာပူးကို ပေါင် ၇၅ သန်း နဲ့ ရောက်ရှိလာပြီးကတည်းက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက်အဖြစ ်သတ်မှတ်ထားခြင်း ခံနေရာပြီး ကြိုးကြာနီကို ချန်ပီယံလိဂ်ဖလာ၊ ဥရောပ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းအတွက် နှစ် (၃၀) အတွင်း ပထမဆုံး လိဂ်ဖလားကိုလည်း ရယူနိုင်ရန် အဓိက နေရာက စွမ်းဆောင်ပေးထားသူတစ်ယောက် ဖြစ်ပါတယ်။

Image result for van dijk liverpool juventus

ဗန်ဒိုက်ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း ဘောလွန်ဒီအောဆု ပေးပွဲမှာ မက်ဆီ ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဟော်လန်လက်ရွေးစင်ကစားသမား ရဲ့ ယခုလက်ရှိ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း အီတလီဘီလူ ဂျူဗင်တပ်စ်အသင်းဟာ ဗဟိုနောက်ခံလူအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းဖို့ ဆက်သွယ်ခဲ့ပါတယ်။ သတင်းများအရ ဗန်ဒိုက်ရဲ့ လက်ရှိတစ်ပတ်လစာ ပေါင် ၁သိန်း ၂ သောင်းခွဲကနေ တစ်ပတ် ပေါင် ၁ သိန်း ခွဲထက် ပိုရမယ့် လစာကို လီဗာပူးအသင်းက ပေးဖွယ်ရှိနေပါတယ်။

Image result for van dijk liverpool juventus

ဒါ့အပြင် ဂိုးမပေးရမှု၊ ပွဲပါဝင်ကစားနိုင်မှု နဲ့ ဂိုးသွင်းနိုင်တာတွေအပေါ်ကိုလည်း အပိုဆုကြေးများကို အသင်းက ထပ်မံ ပေးသွားမှာဖြစ်ပြီး အားလုံး စုစုပေါင်း (၅) နှစ်မှာ ပေါင်သန်း ၅၀ ထက်ပိုရနိုင်ဖွယ်ရှိပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မိနစ်တိုင်းမှာ ပါဝင်ကစားထားပြီး ကြိုးကြာနီအသင်းဟာ ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၂၄ ပွဲ အထိ အနိုင်ရရှိထားပြီး ရှုံးပွဲမရှိနဲ့ အမှတ်ပေးဇယားကို ၂၂ မှတ်ဖြတ် ဦးဆောင်နေတာဖြစ်ပါတယ်။