ဝါနာအတွက် ပေါင် ၅၁ သန်း ပေးရဖွယ်ရှိနေတဲ့ လီဗာပူး

တီမိုဝါနာအနေနဲ့ ယခုနွေရာသီမှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလားအတွက် ယှဉ်ပြိုင်နေတဲ့ လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာပါက သူ့ကို ခေါ်ယူမယ့် အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်း ကုန်ကျဖွယ်ရှိနေပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေကတည်းက လိုက်ပ်ဇစ်ထံကနေ ခေါ်ယူဖို့ အသင်းတော်တော်များများက ဆက်သွယ်ခဲ့ကြပြီး ယခုရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေပါတယ်။

Image result for timo werner liverpool

ဝါနာရဲ့ လက်မှတ်ကို ရရှိဖို့ လီဗာပူးအသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး ဒေးလီးမေးလ်က အဆိုအရ သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိ ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေး ဟာ ပေါင် ၅၁ သန်း ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဆာဒီယိုမာနေး နဲ့ မိုဟာမက် ဆာလက် တို့ဟာ အာဖရိက ဖလားပြိုင်ပွဲကို သွားရောက်ကစားမှာဖြစ်ပြီး နောက်ထပ် တိုက်စစ်မှူး ဖာမီနိုကလည်း ယခုလာမယ့် နွေရာသီ ကိုပါအမေရိက ဖလားပြိုင်ပွဲကို သွားရောက်ကစားမှာဖြစ်တဲ့အတွက် ဂျာဂင်ကလော့ပ်ဟာ ၂၀၂၀-၂၁ မတိုင်မီ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

Image result for timo werner liverpool

ဘိုင်ယန်မြူးနစ် နဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း ဝါနာကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။ သူတို့ (၂) သင်းစလုံးဟာ တိုက်စစ်အင်အားဖြည့်တင်းမှုကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ (၂) ခုစလုံးမှာ အောင်မြင်မှု မရှိခဲ့ကြသူတွေဖြစ်ပါတယ်။ ဝါနာဟာ ယခုနှစ် ဘွန်ဒက်စ်လီဂါ ၂၁ ပွဲမှာ လိုက်ပ်ဇစ်အသင်းအတွက် ဂိုး ၂၀ သွင်းပြီး (၆) ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ သူဟာ ပြိုင်ပွဲစုံ ပွဲ (၃၀) မှာ (၂၅) ဂိုးသွင်းပြီး (၁၀) ဂိုးဖန်တီးထားသူဖြစ်ပါတယ်။