မန်ယူနိုက်တက် နဲ့ မန်စီးတီးတို့နဲ့ အပြိုင် ကမ်ဘူလာ ကို စိတ်ဝင်စားလာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဗီရိုနာအသင်းရဲ့ ဗဟိုနောက်ခံလူ ကမ်ဘူလာ ကို အပြိုင်စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဗီရိုနာ အသင်းကြီးထံ ယခုနှစ်ဘောလုံးရာသီမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး စီးရီးအေ ၁၇ ပွဲအထိ ပါင်ကစားခွင့်ရရှိထားပါတယ်။ စီးရီးအေ ပွဲစဉ် ၂၃ ပြီးတဲ့နောက်မှာ ဗီရိုနာအသင်းကိုလည်း အမှတ်ပေးဇယား အဆင့် (၆) နေရာမှာ ရပ်တည်နိုင်အောင် ကူညီထားသူလည်းဖြစ်ပါတယ်။

Image result for Kumbulla liverpool man u

ကမ်ဘူလာ ရဲ့ စွမ်းဆောင်ရည်ကြောင်း ဥရောပက ကလပ်အသင်းကြီးတွေဖြစ်တဲ့ မန်ယူနိုက်တက် နဲ့ အဲဗာတန်အသင်းတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဆက်သွယ်မှု လုပ်ခဲ့ကြပါတယ်။ မန်စီးတီးအသင်းကလည်း အဆိုပါ လူငယ်ကစားသမားရဲ့ တိုးတက်မှု နှုန်းကို စောင့်ကြည့်နေပြီး ယခုအခါ ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်နေတဲ့ လီဗာပူးအသင်းကပါ စိတ်ဝင်စားလာပြီ ဖြစ်ပါတယ်။

Image result for Kumbulla liverpool man u

ဗီရိုနာအသင်းဟာ အယ်ဘေးနီးယား ကစားသမားအတွက် အနည်းဆုံး ပေါင် ၂၅ သန်း ခန့် အလိုရှိနေပေမယ့် အင်တာမီလန် နဲ့ ဒေါ့မွန်အသင်းတို့ကပါ စိတ်ဝင်စားနေတဲ့အတွက် ပြောင်းရွှေ့ကြေး ဒီထက် မြင့်တက်သွားဖွယ်ရှိနေပါတယ်။ ယခုနှစ်စီးရီးအေမှာ ဗီရိုနာအသင်းထက် ဂိုးအနည်းဆုံးပေးထားရတဲ့ အသင်း (၃) သင်းသာ ရှိပြီး အသင်းဟာ ၁၉၈၆-၈၇ နောက်ပိုင်း ယခုလို အမြင့်ဆုံး ရပ်တည်နိုင်တာ ဖြစ်ပါတယ်။