ဇီယက်ကို လက်ကျန်ရာသီမှာ စောင့်ကြည့်နေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ အေဂျက်စ်ကွင်းလယ်ဖန်တီးရှင် ဟာကင်မ်ဇီယက်ကို  လာမယ့် နွေရာသီမှာ တိုက်စစ်ပိုင်းအတွက် ခေါ်ယူဖို့ လက်ကျန်ရာသီမှာ အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ခြင်္သေ့ပြာတို့ရဲ့နည်းပြ ဖရန့်လမ်းပတ်ဟာ ရာသီကုန်မှာ အပြောင်းအရွှေ့အတွက် လက်ထဲ ပေါင်သန်း ၁၅၀ ရှိနေပြီး အသင်းရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုကို အခုအချိန်ထိ မလုပ်ရသေးဘူးဖြစ်ပါတယ်။

Image result for ziyech chelsea

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းထံ မျက်နှာသစ်ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံထားရပြီးနောက် ဇန်နဝါရီတုန်းကလည်း နည်းပြ လမ်းပတ် အလိုရှိတဲ့ ကစားသမားများကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ တယ်လီဂရပ်က သတင်းများအရ ဇီယက်ဟာ ပြီးခဲ့တဲ့လက ချယ်လ်ဆီးအသင်း စိတ်ဝင်စားခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူတို့ဟာ အသက် ၂၆ နှစ်အရွယ်ကစားသမား ရဲ့ တိုးတက်မှု ကို ဆက်လက်စောင့်ကြည်ပြီး နွေရာသီမှာ အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။

Image result for ziyech chelsea

ဇီယက်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အေဂျက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ဒက်ချ်ကလပ်အသင်းဟာ သူ့ကို ရာသီဝက်မှာ လက်မလွှတ်ချင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ရာသီအကုန်မှာ နောက်ထပ် ကမ်းလှမ်းမှုများကို မျှော်လင့်နေတာ ဖြစ်ပါတယ်။ မော်ရိုကို လက်ရွေးစင်ကစားသမားဟာ အသင်းအတွက် ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၂၉ ဂိုးအထိ ပါဝင်ပတ်သတ် ထားသူဖြစ်ပါတယ်။