ဆန်ချိုကို ချယ်လ်ဆီးနဲ့အပြိုင် ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတဲ့ ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ ဂျော်ဒန်ဆန်ချိုကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့ အပြိုင် ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားကို ထိပ်သီး ကလပ်အသင်းတော်တော်များများ ဆက်သွယ်မှု လုပ်ခဲ့ပေမယ့် မကြာသေးခင်က သတင်းထွက်ပေါ်လာချက်အရ မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့သာ သူ့ရဲ့ လက်မှတ်ကို ရရှိရှိဖို့ အပြိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

Image result for Manchester United chelsea sancho

ယူနိက်တက်အသင်းဟာ အသင်းက လူကာကူ နဲ့ အလက်ဆစ် ဆန်းချက်ဇ် တို့ထွက်ခွာပြီးကတည်းက အီဟာလို တစ်ယောက်တာ အားဖြည့်မှု လုပ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကလည်း ဝီလီယံ နဲ့ ပက်ဒရို တို့ရဲ့ အနာဂတ် မသေချာတော့တဲ့အတွက် ဈေးကွက်ထဲမှာ တိုက်စစ်ကစားသမားတစ်ယောက် အပြင်းအထန် ရှာဖွေနေတာဖြစ်ပါတယ်။ ဆန်ချိုအနေနဲ့ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ ရှိနေတဲ့အတွက် ယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူမှုမှာ အနိုင်ရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Image result for Manchester United chelsea sancho

ဆန်ချိုဟာ ဒေါ့မွန်အသင်းထံကို ၂၀၁၇ ခုနှစ်က ပေါင် ၈ သန်း နဲ့ မပြောင်းရွှေ့မီ မန်စီးတီးအသင်းမှာ ကစားခဲ့ပါတယ်။ သူဟာ ဒေါ့မွန်အသင်းအတွက် ပထမအသင်းနဲ့အတူ ပွဲပေါင်း ၈၄ ပွဲကစားပြီးချိန်မှာ ၂၉ ဂိုးသွင်းပြီး ဂိုး ၄၀ ဖန်တီးမှု ပြုလုပ်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်ကစားသမားဟာ ယခုနှစ်ဘောလုံးရာသီမှာလည်း ပုံစံကောင်း ဆက်လက်ရရှိနေပြီး ပြိုင်ပွဲစုံ ၃၂ ဂိုးသွင်းပြီး ၂၉ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။