ယူနိုက်တက်မှာ ပွဲထွက်ကစားခွင့်ရရေးကတော့ သူ့ရဲ့အိမ်မက်တစ်ခုပါပဲ လို့ ဝန်ခံသွားခဲ့တဲ့ ဟန်ဒါဆင်

မန်ချက်စတာယူနိုက်တက်ကနေရှက်ဖီးယူနိုက်တက်ဆီကို အငှား ထွက်ကစားနေတဲ့ဂိုးသမား ဟန်ဒါဆင် ဟာ မိခင်ကလပ်အသင်းနဲ့ပက်သက်ပြီး ဝန်ခံမူတစ်ခုပြုလုပ်သွားခဲ့ပါတယ်။
အဆိုပါ ဂိုးသမားလေးဟာ အသက် (၂၂) နှစ်အရွယ်သာရှိသေးပြီး ရှက်ဖီးယူနိုက်တက်ဆီမှာ (၂၀၁၆) ခုနှစ်ထဲက ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
ရှက်ဖီး အသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတုန်းက ချန်ပီယံရှစ်ကနေတန်းတက်ခွင့်ရအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့သလို ဒီရာသီမှာလည်း အကောင်းဆုံး လက်စွမ်းတွေနဲ့ ဥရောပဝင်ခွင့်တစ်နေရာမျှော်မှန်းနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
လက်ရှိမှာ စစ်တမ်းတွေအရလည်း ဟန်ဒါဆင် ဟာ ယူနိုက်တက်ရဲ့ အဓိက ဂိုးသမားဖြစ်သူ ဒီဂီယာ ထက် ပိုပြီးကောင်းမွန်တဲ့ မှတ်တမ်းတွေပိုင်ဆိုင်ထားကာ ဒီရာသီ ပေးဂိုးမရှိ (Clean Sheet) ရယူထားခဲ့တဲ့ပွဲ (၉) ပွဲအထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ပရိတ်သတ်တွေက ဟန်ဒါဆင် ကို အိုးထရက်ဖို့ဒ် ဆီပြန်လည်ခေါ်ယူဖို့ တိုက်တွန်းမူတွေပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အစောပိုင်းမှာကစားသမားကိုယ်တိုင်က ယူနိုက်တက်ဆီကို ပြန်လာဖို့ စိုးရိမ်မူတွေရှိနေခဲ့တယ်လို့ ဆိုထားပါတယ်။
ဟန်ဒါဆင် အဓိက စိုးရိမ်နေရတဲ့အကြောင်းအရင်းဟာ အသင်းမှာ ပွဲထွက်ကစားခွင့်မရပဲ အရံခုံမှာသာ အချိန်ဖြုန်းနေရမှာကို စိတ်ပူတာလို့ပြောပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ ဒီဂီယာ၊ ရိုမဲလ်ရိုး နဲ့ လီဂရန့် တို့ရှိနေပြီး ဟန်ဒါဆင် ပြန်လာခဲ့မယ်ဆိုရင် ပွဲထွက်ခွင့်အတွက် ရုန်းကန်ရမှာပါ။
ဒါကြောင့် ဟန်ဒါဆင် က အိုးထရက်ဖို့ဒ်ဆီကိုလာရောက်ဖို့ မရှိသေးတာဖြစ်ပြီး သူ့ရဲ့အိမ်မက်ကတော့ ယူနိုက်တက်အသင်းကြီးမှာ ပွဲထွက်ခွင့်ရရှိဖို့ပဲလို့ ပြောလာခဲ့ပါတယ်။

ဟန်ဒါဆင် က ‘ ကျွန်တော်ယူနိုက်တက်မှာ ကစားပေးဖို့ လက်စွမ်းတွေပိုင်ဆိုင်နေပြီဆိုရင် သက်သေပြဖို့အတွက် လာရောက်မှာပါ၊
ယူနိုက်တက်မှာ ပွဲထွက်ဦးစားပေးဂိုးသမားအဖြစ် ကစားခွင့်ရဖို့က အိမ်မက်ပါပဲ
ဒါပေမဲ့ အသင်းမှာ အဲ့လိုအခြေအနေမရခဲ့ဘူးဆိုရင် ကျွန်တော်အနေနဲ့ အငှားပဲဆက်ကစားဖြစ်နေဦးမှာပါ၊
ဒါဟာ ခက်ခဲတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်လက်ခံထားပါတယ်
ကျွန်တော်ကတော့ နေ့စဉ်ဆက်ကြိုးစားနေမှာဖြစ်ပြီး အနာဂတ်မှာ ဖြစ်လာလိမ့်မယ်ဆိုတာလည်း ယုံကြည်ထားပါတယ် ’ လို့ ဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် ဟန်ဒါဆင် ဟာ ဒီရာသီမှာ လက်စွမ်းပြထားနိုင်မူကြောင့် လာမယ့် ယူရို (၂၀၂၀) ပြိုင်ပွဲ အင်္ဂလန်လက်ရွေးစင်မှာ ပါဝင်ခွင့်ရဖို့လည်း မျှော်လင့်နေတယ်လို့ သိရပါတယ်။

 

#Handerson #ManUtd #Shefield #Myanball




ပိုချက်တီနို ကိုခေါ်ယူဖို့ စောင့်ကြည့်နေဆဲဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းကတော့ စပါး အသင်းရဲ့နည်းပြဟောင်းဖြစ်သူ ပိုချက်တီနို ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပိုချက်တီနို ဟာ စပါး အသင်းမှာ (၅) နှစ်ကြာတာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်မှာသာမကပဲ ဥရောပမှာ အသင်းကြီးတစ်သင်းအဖြစ်ရပ်တည်နိုင်အောင် ကူညီခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်မှာဗိုလ်လုပွဲအထိ စပါး အသင်းကိုပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာသမိုင်းတစ်လျှောက် အမြင့်ဆုံး ချန်ပီယံလိဂ် အောင်မြင်မူလည်းဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီရာသီမှာတော့ ပိုချက်တီနို ရဲ့ စပါး အသင်းဟာ ဘောလုံးရာသီအစောပိုင်းမှာထဲက ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၁၀) အပြင်ကိုရောက်ရှိနေခဲ့တာပါ။
ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်ဆိုပေမယ့် စပါးအသင်းရဲ့ တာဝန်ရှိသူတွေကတော့
ပိုချက်တီနို ကို ထုတ်ပယ်ခဲ့လိုက်ပြီး နည်းပြ မော်ရင်ဟို နဲ့ အစားထိုးခဲ့ပါတယ်။
အဓိက ကတော့ စပါးအသင်းကို ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်မပေးနိုင်မှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။

ပိုချက်တီနို ဟာ စပါးအသင်းကနေထွက်ခွာလာခဲ့ပြီးနောက် အခုချိန်ထိ အသင်းလက်မဲ့အဖြစ်ရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် ယူနိုက်တက်ဟာ ပိုချက်တီနို ကို ခေါ်ယူဖို့ ပြင်ဆင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ပိုချက်တီနို ကို စပါးအသင်းမှာရှိစဉ်ကထဲက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် တရားဝင်ကမ်းလှမ်းမူမပြုလုပ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် မော်ရင်ဟို ယူနိုက်တက်ကနေထွက်ခွာခဲ့ပြီးနောက်ပိုင်း ယာယီနည်းပြအဖြစ် ရပ်တည်ခဲ့တဲ့ ဆိုးလ်ရှား ကိုသာ နည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဆိုးလ်ရှား က ယူနိုက်တက်ကို အကောင်းမွန်ဆုံးထိန်းကျောင်းနိုင်ခဲ့ခြင်းမရှိပဲ အရင်နည်းပြတွေလိုပဲ ရုန်းကန်နေရဆဲပါ။
ပရီးမီးယားလိဂ်မှာလည်း အဆင့် (၇) နေရာကိုရောက်ရှိနေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဓိက ပစ်မှတ်တစ်ခုဖြစ်ပေမယ့် အဆင့် (၄) နေရာက ချဲလ်ဆီး နဲ့ (၆) မှတ်အထိကွာဟနေဆဲဖြစ်ပါတယ်။
ယူနိုက်တက်ပရိတ်သတ်တွေရဲ့ဖိအားပေးမူတွေလည်း ခံနေရတဲ့အတွက် ဆိုးလ်ရှား ဟာ ဒီရာသီကုန်မှာ ထုတ်ပယ်ခံရနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေရှိနေသလို ဆိုးလ်ရှား မရှိခဲ့ရင် အစားထိုးဖို့အတွက် ပိုချက်တီနို ကို ယူနိုက်တက်တို့ စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

#ManUtd #Pochettino #Spur #Myanballကြည်ထားပါတယ် ’ လို့ ဆိုသွားခဲ့ပါတယ်။
