ရက်ဖို့ဒ် ရဲ့နေရာမှာ ကာဗာနီ သို့မဟုတ် ဒန်နီအင့်စ် ကို အစားထိုးခေါ်ယူသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ ကုန်အထိ အနားယူရဖို့ရှိနေတဲ့ ရက်ဖို့ဒ် ရဲ့နေရာမှာအစားထိုးဖို့အတွက် ပီအက်ဂျီ တိုက်စစ်မှူး ကာဗာနီ နဲ့ ဆောက်သမ်တန် တိုက်စစ်မှူး အင်စ် တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူ နဲ့ ဆန်းချက်စ် တို့ အင်တာမီလန် ကို ထွက်ခွာသွားခဲ့ပြီးနောက် ရက်ဖို့ဒ် မာရှယ် ဂရင်းဝုဒ် တို့ တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မှာ ရက်ဖို့ဒ်လည်း ဒဏ်ရာရရှိနေတာကြောင့် လက်ကျန်ရာသီဝက်အတွက် ဆိုးလ်ရှား အနေနဲ့ တိုက်စစ်မှူး တစ်ဦးကို သေချာပေါက် ရှာဖွေရတော့မှာဖြစ်ပါတယ်။

ပီအက်ဂျီ တိုက်စစ်မှူး ဖြစ်တဲ့ ကာဗာနီ ကို ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး အခု ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်စ် ကိုပါ မျက်စီကျနေခဲ့တာပါ။ အင်စ့် ဟာ ဒီရာသီမှ ဆောက်သမ်တန် အသင်းဆီကို အပြီးပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် သူ့အနေနဲ့ ယူနိုက်တက်ကခေါ်ယူမယ်ဆို သွားဖို့ ရှိနေတယ်လို့ လည်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ Paddy Power သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဒန်နီအင်စ့် က ‘ ယူနိုက်တက်က ကျွန်တော့်ကို ခေါ်ယူဖို့အလိုရှိတယ်ဆိုရင် ကျွန်တော် သေချာစဉ်းစားသွားမှာပါ၊ ဒီ ဇန်နဝါရီ မှာ နည်းပြက ဂိုးသွင်းယူပေးနိုင်တဲ့ ကစားသမားမျိုး ရှာနေတာပါ၊ ကာဗာနီကတော့ ဦးစားပေးရွေးချယ်ဖို့ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ သူ အင်္ဂလန် ကို လာချင်မလား၊ ယူနိုက်တက်ကို အလိုရှိသလား ဆိုတာတော့ သူတို့တွေ ပြောဆိုရမှာပါ၊ ကာဗာနီ က ယူနိုက်တက်ကို လာမှာထက် သူ့အနေနဲ့ ပိုက်ဆံ များများရတဲ့ဆီကို ရွေးချယ်ဖို့များပါတယ်၊ သူ့ရဲ့ အသက် (၃၀) ကျော်ပြီဖြစ်လို့ မှားယွင်းတဲ့ ရွေးချယ်မူကို ပြုလုပ်မှာ မဟုတ်ပါဘူး ၊ ‘ လို့ ပြောသွားခဲ့ပါတယ်။

ကာဗာနီ ဟာ ပြင်သစ် လီဂူးမှာ သွင်းဂိုးတစ်ဂိုးသာ သွင်းယူထားနိုင်ပြီး အင့်စ် ကတော့ ဆောက်သမ်တန် အသင်းအတွက် ဒီရာသီ (၁၄) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒန်နီအင့်စ် ဟာ အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်ပြီး (၂၀၁၅) ခုနှစ်က လီဗာပူး အသင်းမှာလည်း (၄) နှစ်ကြာကစားခဲ့ဖူးပါတယ်။ အင့်စ် ဟာ ကစားသမားဘ၀ စထဲက ပရီးမီးယားလိဂ် မှာ ကျင်လည်ခဲ့တာဖြစ်ပြီး အင်္ဂလန်မြေမှာ အတွေ့အကြုံများတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

 

#DannyIngs #ManUtd #Cavani

 

Zawgyi

 

ရက္ဖို႔ဒ္ ရဲ႕ေနရာမွာ ကာဗာနီ သို႔မဟုတ္ ဒန္နီအင့္စ္ ကို အစားထိုးေခၚယူသြားမယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီ ကုန္အထိ အနားယူရဖို႔ရွိေနတဲ့ ရက္ဖို႔ဒ္ ရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ ပီအက္ဂ်ီ တိုက္စစ္မႉး ကာဗာနီ နဲ႔ ေဆာက္သမ္တန္ တိုက္စစ္မႉး အင္စ္ တို႔ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ တိုက္စစ္မႉးေတြျဖစ္တဲ့ လူကာကူ နဲ႔ ဆန္းခ်က္စ္ တို႔ အင္တာမီလန္ ကို ထြက္ခြာသြားခဲ့ၿပီးေနာက္ ရက္ဖို႔ဒ္ မာရွယ္ ဂရင္းဝုဒ္ တို႔ တာဝန္ယူခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ လက္ရွိ မွာ ရက္ဖို႔ဒ္လည္း ဒဏ္ရာရရွိေနတာေၾကာင့္ လက္က်န္ရာသီဝက္အတြက္ ဆိုးလ္ရွား အေနနဲ႔ တိုက္စစ္မႉး တစ္ဦးကို ေသခ်ာေပါက္ ရွာေဖြရေတာ့မွာျဖစ္ပါတယ္။

ပီအက္ဂ်ီ တိုက္စစ္မႉး ျဖစ္တဲ့ ကာဗာနီ ကို ေခၚယူဖို႔ပစ္မွတ္ထားေနၿပီး အခု ေဆာက္သမ္တန္ တိုက္စစ္မႉး ဒန္နီအင့္စ္ ကိုပါ မ်က္စီက်ေနခဲ့တာပါ။ အင္စ့္ ဟာ ဒီရာသီမွ ေဆာက္သမ္တန္ အသင္းဆီကို အၿပီးေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ေပမယ့္ သူ႔အေနနဲ႔ ယူႏိုက္တက္ကေခၚယူမယ္ဆို သြားဖို႔ ရွိေနတယ္လို႔ လည္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။ Paddy Power သတင္းဌာနနဲ႔ ေတြ႕ဆုံရာမွာ ဒန္နီအင္စ့္ က ‘ ယူႏိုက္တက္က ကြၽန္ေတာ့္ကို ေခၚယူဖို႔အလိုရွိတယ္ဆိုရင္ ကြၽန္ေတာ္ ေသခ်ာစဥ္းစားသြားမွာပါ၊ ဒီ ဇန္နဝါရီ မွာ နည္းျပက ဂိုးသြင္းယူေပးႏိုင္တဲ့ ကစားသမားမ်ိဳး ရွာေနတာပါ၊ ကာဗာနီကေတာ့ ဦးစားေပးေ႐ြးခ်ယ္ဖို႔ျဖစ္ပါလိမ့္မယ္၊ ဒါေပမဲ့ သူ အဂၤလန္ ကို လာခ်င္မလား၊ ယူႏိုက္တက္ကို အလိုရွိသလား ဆိုတာေတာ့ သူတို႔ေတြ ေျပာဆိုရမွာပါ၊ ကာဗာနီ က ယူႏိုက္တက္ကို လာမွာထက္ သူ႔အေနနဲ႔ ပိုက္ဆံ မ်ားမ်ားရတဲ့ဆီကို ေ႐ြးခ်ယ္ဖို႔မ်ားပါတယ္၊ သူ႔ရဲ႕ အသက္ (၃၀) ေက်ာ္ၿပီျဖစ္လို႔ မွားယြင္းတဲ့ ေ႐ြးခ်ယ္မူကို ျပဳလုပ္မွာ မဟုတ္ပါဘူး ၊ ‘ လို႔ ေျပာသြားခဲ့ပါတယ္။

ကာဗာနီ ဟာ ျပင္သစ္ လီဂူးမွာ သြင္းဂိုးတစ္ဂိုးသာ သြင္းယူထားႏိုင္ၿပီး အင္႔စ္ ကေတာ႔ ေဆာက္သမ္တန္ အသင္းအတြက္ ဒီရာသီ (၁၄) ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ႔ပါတယ္။ ဒန္နီအင္႔စ္ ဟာ အသက္ (၂၇) ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး (၂၀၁၅) ခုႏွစ္က လီဗာပူး အသင္းမွာလည္း (၄) ႏွစ္ၾကာကစားခဲ႔ဖူးပါတယ္။ အင္႔စ္ ဟာ ကစားသမားဘ၀ စထဲက ပရီးမီးယားလိဂ္ မွာ က်င္လည္ခဲ႔တာျဖစ္ၿပီး အဂၤလန္ေျမမွာ အေတြ႕အၾကံဳမ်ားတဲ႔ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

#DannyIngs #ManUtd #Cavani