မွိုက်ဆီကင်း ရဲ့ ဂိုးဟာ သူ့ကိုယ်သူ ယုံကြည်မူပိုရှိလာစေတယ် လို့ ချီးကျူးခဲ့တဲ့ အန်ဆယ်လော့တီ

မနေ့ညက ကစားသွားခဲ့တဲ့ အဲဗာတန် အသင်းနဲ့ နယူးကာဆယ် အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန် လူငယ်ကစားသမား လေး မွိုက်ဆီကင်း ရဲ့သွင်းယူခဲ့တဲ့ ဂိုးအပေါ်မှာ နည်းပြ အန်ဆယ်လော့တီ က ချီးကျူးသွားခဲ့ပါတယ်။ အဲဗာတန် အသင်းကို ဂျူဗီတပ် အသင်းကနေ ဒီနှစ်နွေရာသီကမှ ပြောင်းရွှေ့လာခဲ့တဲ့ အဆိုပါ အီတလီ ကစားသမားလေး ဟာ မနေ့ညက အသင်းအတွက် ပထမဆုံး ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဗာတန် အသင်းဟာ မွိုက်ဆီကင်း နဲ့ လီဝန်း တို့ရဲ့ သွင်းဂိုးတွေနဲ့ နယူးကာဆယ် ကို ဦးဆောင်နေနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီ နာကျင်အချိန်ပိုကျမှ နယူးကာဆယ် အသင်းဘက်ကို ချေပဂိုးတွေ ဆက်တိုက်ခွင့်ပြုပေးခဲ့ရတာကြောင့် ပွဲအပြီးမှာ နှစ်ဂိုးစီ သရေရလာဒ်နဲ့ သာ ပြီးဆုံးသွားခဲ့ပါတယ်။

အဲဗာတန် အသင်းအတွက် အနိုင် (၃) မှတ် ရရှိနိုင်မယ့်အခွင့်အရေးကနေ လွဲချော်ခဲ့ပေမယ့် နည်းပြ အန်ဆယ်လော့တီ ကတော့ လူငယ်ကစားသမားလေး မွိုက်ဆီကင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ကျေနပ်နေခဲ့ပါတယ်။ အန်ဆယ်လော့တီ က ဒီလို လူငယ်ကစားသမားမျိုးကို အသင်းအတွက်လိုအပ်တယ်လို့ ဆိုခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ဂိုးဖြစ်ခဲ့တဲ့အပေါ်မှာလည်း ယုံကြည်မူရှိလာစေတယ်လို့ ချီးကျူးခဲ့ပါတယ်။

‘ သူတစ်ကယ်ကို ကောင်းမွန်အောင် ကစားနိုင်ပါတယ်၊ အဲ့ဒီ့ဂိုးဟာသူ့အတွက် အရေးကြီးသလို ကိုယ့်ကိုကိုယ်လည်း ယုံကြည်မူကို ရရှိလာစေပါတယ်၊ သူ့ရဲ့ အလုပ်လုပ်တဲ့ပုံက ကွဲပြားခြားနားပါတယ်၊ အဲ့ဒါက သူ့ကိုပိုပြီး ကောင်းလာစေမှာပါ၊ သူနောက်ထပ် ယုံကြည်မူတွေ ပိုပြီး ရှိလာတဲ့အခါ အသင်းအတွက် ဂိုးတွေအများကြီး သွင်းယူပေးနိုင်ဦးမှာပါ ‘ လို့ ချီးကျူးစကားပြောသွားခဲ့ပါတယ်။

 

#Kean #Ancelotti #Myanball

 

Zawgyi

 

မြိဳက္ဆီကင္း ရဲ႕ ဂိုးဟာ သူ႔ကိုယ္သူ ယံုၾကည္မူပိုရွိလာေစတယ္ လို႔ ခ်ီးက်ဴးခဲ႔တဲ႔ အန္ဆယ္ေလာ႔တီ

မေန႔ညက ကစားသြားခဲ႔တဲ႔ အဲဗာတန္ အသင္းနဲ႔ နယူးကာဆယ္ အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အဲဗာတန္ လူငယ္ကစားသမား ေလး မြိဳက္ဆီကင္း ရဲ႕သြင္းယူခဲ႔တဲ႔ ဂိုးအေပၚမွာ နည္းျပ အန္ဆယ္ေလာ႔တီ က ခ်ီးက်ဴးသြားခဲ႔ပါတယ္။ အဲဗာတန္ အသင္းကို ဂ်ဴဗီတပ္ အသင္းကေန ဒီႏွစ္ေႏြရာသီကမွ ေျပာင္းေရႊ႕လာခဲ႔တဲ႔ အဆိုပါ အီတလီ ကစားသမားေလး ဟာ မေန႕ညက အသင္းအတြက္ ပထမဆံုး ဂိုးကို သြင္းယူေပးႏိုင္ခဲ႔ပါတယ္။ အဲဗာတန္ အသင္းဟာ မြိဳက္ဆီကင္း နဲ႔ လီ၀န္း တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ နယူးကာဆယ္ ကို ဦးေဆာင္ေနႏိ္ုင္ခဲ႔ေပမယ္႔ ပြဲၿပီးခါနီ နာက်င္အခ်ိန္ပိုက်မွ နယူးကာဆယ္ အသင္းဘက္ကို ေခ်ပဂိုးေတြ ဆက္တိုက္ခြင္႔ျပဳေပးခဲ႔ရတာေၾကာင္႔ ပြဲအၿပီးမွာ ႏွစ္ဂိုးစီ သေရရလာဒ္နဲ႔ သာ ၿပီးဆံုးသြားခဲ႔ပါတယ္။

အဲဗာတန္ အသင္းအတြက္ အႏိုင္ (၃) မွတ္ ရရွိႏိုင္မယ္႔အခြင္႔အေရးကေန လြဲေခ်ာ္ခဲ႔ေပမယ္႔ နည္းျပ အန္ဆယ္ေလာ႔တီ ကေတာ႔ လူငယ္ကစားသမားေလး မြိဳက္ဆီကင္း ဂိုးသြင္းယူႏိုင္ခဲ႔တ႔ဲအတြက္ ေက်နပ္ေနခဲ႔ပါတယ္။ အန္ဆယ္ေလာ႔တီ က ဒီလို လူငယ္ကစားသမားမ်ိဳးကို အသင္းအတြက္လိုအပ္တယ္လို႔ ဆိုခဲ႔ၿပီး သူ႕ရဲ႕ ပရီးမီးယားလိဂ္ ပထမဆံုး ဂိုးျဖစ္ခဲ႔တဲ႔အေပၚမွာလည္း ယံုၾကည္မူရွိလာေစတယ္လို႔ ခ်ီးက်ဴးခဲ႔ပါတယ္။

‘ သူတစ္ကယ္ကို ေကာငး္မြန္ေအာင္ ကစားႏိုင္ပါတယ္၊ အဲ႔ဒီ႔ဂိုးဟာသူ႔အတြက္ အေရးႀကီးသလို ကိုယ္႔ကိုကိုယ္လည္း ယံုၾကည္မူကို ရရွိလာေစပါတယ္၊ သူ႕ရဲ႕ အလုပ္လုပ္တဲ႔ပံုက ကြဲျပားျခားနားပါတယ္၊ အဲ႔ဒါက သူ႔ကိုပိုၿပီး ေကာင္းလာေစမွာပါ၊ သူေနာက္ထပ္ ယံုၾကည္မူေတြ ပိုၿပီး ရွိလာတဲ႔အခါ အသင္းအတြက္ ဂိုးေတြအမ်ားႀကီး သြင္းယူေပးႏိုင္ဦးမွာပါ ‘ လို႔ ခ်ီးက်ဴးစကားေျပာသြားခ႔ဲပါတယ္။

#Kean #Ancelotti #Myanball